ချေးငွေနှင့်သစ်စေ့ အလဲအလှယ်လုပ်လို့ရခဲ့မယ်ဆိုရင်
ဘာပရောဂျက် ဘာအကူအညီ နာမည်အစုံ ကျနော်တို့စိုက်တောင်သူတွေထံ ချေးငွေချပေးနေကြတဲ့ အဖွဲ့အစည်းပေါင်းစုံ/ မိမိတို့အုပ်ချုပ်နေတဲ့အစိုးရအပါ...အမှန်တကယ် စိုက်ပျိုးရေးလုပ်ကိုင်စားသောက်နေကြရတဲ့ စိုက်တောင်သူများကိုယ်စား ပြောပါရစေ။ ဒီအသီ / ဒီအရွက် / ဒီပုံသဏ္ဍာန်အနေအထားမျိုးကို ခေတ်နဲ့လျော်ညီသော ဈေးကွက်တစ်ခုနဲ့ အာမခံရဲရဲပြုလုပ်ပြီးတော့ ချေးတဲ့ငွေပိုက်ဆံ( စက္ကူတွေ ) အစား ကိုယ့်တောင်သူတွေ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့်သီးနှံတွေကို နိုင်ငံတကာဈေးကွက်ကို ဝယ်ယူရောင်းချပေးတာမျိုးလေးတွေ မစဉ်းစားမိတာလား?? စိတ်ကူးမရှိတာလား ??? မေးပါရစေ။
ကျနော်တို့တောင်သူတွေဆီမှာ မြေတွေရှိတယ်။ ငွေနဲ့ အရင်းအနှီးမလုံလောက်တော့ စိုက်ဆေးကုမ္ပဏီတွေနဲ့ မြေဆီတွေ မတန်တဆ ဈေးကြီးကြီးနဲ့ဝယ်သုံးပြီး အသီးကြီး/ အလုံးဘယ်လောက်လှလှ နွားထီးငါးကျပ်/ နွားမငါးကျပ်။ ပွဲးစားခေါင်းခေါက်သမျှခံရ။ အစေ့အဆံ ( သစ်သီးသစ်နှံ ) ပေါ်လာတာနဲ့အမျှ ဘယ်သူ့အဖေခေါ်လို့ ခေါ်ရမှန်းမသိ။ ရန်ကုန်ကပေါ်တဲ့သစ်စေ့ မန္တလေးပြေးရောင်းရမလိုလို/ မန္တလေးကသစ်စေ့ ရန်ကုန်ဘက်ပြေးရောင်းရမလိုလို။ အတည်မပြုထားတဲ့ ပွဲစားပေးသမျှဈေးပေးပြီး ပျော်ပျော်ကြီးရောင်းနေကြရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။
ပိုက်ဆံပေါလို့ ဆိုင်ကယ်ဝယ်စီးတယ်ပြီး မောင်းမယ်ဆိုရင်တောင် ယာဉ်မောင်းလိုင်စင်ကိုစစ်တဲ့ မော်တော်ပီကယ်က လမ်းဆုံကနေ ဖမ်းစစ်နေပေမယ်လို့ တစ်ပြည်လုံးက စိုက်ပျိုးထုတ်လုပ်နေတဲ့ စိုက်တောင်သူတွေ စိုက်ပျိုးထုတ်လုပ်နေတဲ့ ဘီလီယံချီပြီး ထုတ်ကုန်ဖြစ်သီးနှံပွဲစားကို လိုင်စင်စစ်မဲ့သူလည်းမရှိ။ သူတို့ပြောသမျှ ကိုယ်ပိုင်စိုက်သီးနှံကို သူခိုးဈေးနဲ့ရောင်းပြီး ဒုံရင်းကနေဒုံရင်းဖြစ်နေကြရတဲ့ဘဝတွေ စုတ်ပြတ်သတ်နေတာ ----။
2000 ခုနှစ်လောက်ကပြောခဲ့တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့ စကားလုံးက ကျနော်တို့စိုက်တောင်သူတွေနဲ့ မဆိုင်သလိုလိုဖြစ်နေတာကတော့ နည်းနည်းတော့ရင်နာမိတယ်---။
ဘာထပ်ပြောရပါ့မလဲ ပြောစရာတော့အများသားဗျ--ဒီတော့ ကျယ်ကျယ်မအော်လဲသိပါတယ်
#ကယ်တော်မူကြပါဗျို့???လို့ဘဲ
ကြိုးစားနေမည့်......ကျွန်တော်
#Credit_ရဲနိုင်ဝင်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Ye Naing Win
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....