မြေဆွေးပုံပြုလုပ်နည်း
မြေဆွေးရဲ့အခန်းကဏ္ဍတွေကိုသိပြီးတဲ့နောက်မှာတော့ မြေဆွေးပြုလုပ်ဖို့နည်းလမ်းတွေလိုအပ်လာပါပြီ။ မြေဆွေးဖြစ်စေတဲ့အရာတွေအများကြီးရှိတဲ့အလျောက် ပြုလုပ်ပုံနည်းလမ်းတွေကလည်းကွဲမှာပဲဖြစ်ပါတယ်။ မြေဆွေးနှင့် အပင်အာဟာရပိုင်းဆိုင်ရာမြေသြဇာကို သဘာဝနည်းအတိုင်းပြုလုပ်ပုံနည်းများကို သောကြာနေ့တိုင်းမှာ တစ်ပုဒ်စီတင်ပေးသွားမှာဖြစ်ပါတယ်။
မြေဆွေးပုံပြုလုပ်တဲ့အခါလိုအပ်သောပစ္စည်းများ
တိရစ္ဆာန်အညစ်အကြေး၊ ကြက်ချေး၊ သစ်ရွက်၊ မြက်ခြောက်၊ ကောက်ရိုးခြောက်၊ ပြာ၊ စပါးခွံ၊ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများ၊ မြေကြီး၊ မြေဆွေးပုံရန်နေရာ၊ ငှက်ပျောတုံး(သို့) သစ်တုံး များပြင်ဆင်ပါ။
အချိုးအစားအနေနဲ့ ပါဝင်သောပစ္စည်းတစ်မျိုးစီ တစ်လွှာမှာ မြေကြီးတစ်လွှာ နှုန်းထားနဲ့ပါ။
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတစ်မျိုးစီ တစ်လွှာ မြေကြီးတစ်လွှာကို အဆင့်ဆင့်ပုံပါ။ လစဉ်လတိုင်း မြေဆွေးပုံကို အထက်အောက်လှန်ပေးပါ။ (၃-၄) လကြာ၍ မြေဆွေးပုံအမည်းရောင်ပြောင်းသွားပါက အသုံးပြု၍ရပါပြီ။ မြေဆွေးပုံပတ်လည်တွင် သစ်သားချောင်း(သို့) ငှက်ပျောတုံး (သို့) အုတ်ခဲများဖြင့်ကာထားပါ။
အသုံးဝင်ပုံ
သဘာဝဥယျာဉ်ခြံစိုက်ပျိုးသူများအတွက် အသုံးဝင်သည်။ မိမိ ဥယျာဉ်ခြံစိုက်ခင်းများ၊ ပျိုးထုပ်၊ ပျိုးဘောင်များတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။
နွားချေးနှင့် မြေကြီးထည့်ပေးခြင်းဖြင့် သစ်ရွက်များမြန်မြန်ဆွေးပြီး အပူချိန်လျော့စေသည်။ ဓာတ်မြေသြဇာနှင့်ထုံးထည့်ပေးခြင်းဖြင့် အဆွေးမြန်စေသည်။
ရှေ့တစ်ပတ်ကတင်ထားတဲ့ "မြေဆွေးဆိုသည်မှာ...” ဆောင်းပါးကိုအောက်ပါလင့်မှာလေ့လာပါ။
နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ကိုထွန်းမြတ်
လွန်ခဲ့သော ၄ နှစ် ကတူတူပါပဲ အဓိက ကတော့ ထက်အောက် ၂ရက်တကြိမ် လှန်ပေးရင် ၃ပတ်-တလ လောက်နဲ့ သုံးလိုရပါပြီ
ကျော်သက်ဦး
လွန်ခဲ့သော ၄ နှစ် ကပလတ်စတစ် က အနက်ရောင်နဲ့ အဖြူရောင် ဖုံးအုပ်တာ ဘယ်လိုကွာခြား...ဘာကပိုကောင်း...ဘာကြောင့်လဲ သိချင်ပါတယ်
မောင်ထွန်းလင်းအောင်
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုလုပ်ရမလဲ ခဗျ
ကိုမျိုးသူ
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုလုပ်တာလဲ
Moe Set Aung
လွန်ခဲ့သော ၅ နှစ် ကhi
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026