အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
" IMO ဘိုကာရှီမြေဆွေးပြုလုပ်နည်း "

" IMO ဘိုကာရှီမြေဆွေးပြုလုပ်နည်း "

Green Way
Green Way • Greenovator • 28/06/2019

#IMO ဘိုကာရှီမျိုးစေ့ပြုလုပ်ပုံ
(1) ရေမြောင်းမှ မြေကြီး
(2) ဝါးပင်အောက်မှ မြေကြီး
(3) ယာမြေမှ မြေကြီး
(4) လယ်ကွင်းထဲမှ မြေကြီး
(5) သစ်တောသစ်ပင်ကြီးမှ မြေကြီး
(6) ချောင်းကန် များမှ မြေကြီး
(7) ကောက်ရိုးပုံ အမှိုက်ပုံများမှ မြေကြီး
(8) နွားချေးပုံဟောင်းများမှ မြေကြီး

#ပြုလုပ်နည်း
(1) မြေနမူနာတစ်မျိုးလျှင် (၁ ကီလိုဂရမ်)စီ ရယူပါ။ ၎င်းမြေကြီးများကို ဖွဲနုနှင့်ဆတူ(သို့) (၂း၁) ရော၍ ဆန်ဆေးရေ၊ ထန်းလျက်ရေနှင့် အစိုဓာတ်ရှိရုံ ရောပြီး အစိုဓာတ် ၄၀ ရာခိုင်နူန်း ရရှိအောင် ပြုလုပ်ကာ အေးသောနေရာတွင်ထားပါ။
(2) ဒုတိယနေ့တွင် အပူများထွက်လာမည်။ ပုံးထဲမှသွန်ချပြီး လေသလပ်ခံ (အအေးခံ) ပြီးပြန်ထည့်ပါ။
(3) တတိယနေ့တွင် ပူပါက ဒုတိယနေ့ကဲ့သို့ ပြန်လုပ်ပါ။
(4) နောက်ဆုံးမျိုးမျှင်များ ထွက်လာမှ ၎င်းမြေကြီး+ဖွဲနု+ထမင်းဆုပ်တို့ကို ရောခြင်းဖြင့် လည်းကောင်း၊ လွှစာ+ဖွဲနု+နှမ်းဖတ် (3kg+3kg+2kg) နှင့်ရော၍လည်းကောင်း ရောမွှေပေးပြီး အရိပ်ထဲတွင် လေသလပ်ခံ (အခြောက်ခံပြီး) (14% ရှိလျှင်) ပလပ်စတစ်အိတ်ဖြင့် သိုလှောင်ခြင်း ရောင်းချခြင်း ပြုလုပ်နိုင်ပါသည်။ (အစိုဓာတ်တိုင်း ကိရိယာသုံးစွဲရမည်)
(5) ထန်းလျက်ရည်ကို ကျိုပြီးအသုံးပြုလျှင် ထန်းလျက် တစ်ပိသာ ရေ တစ်လီတာနှင့် ရောကျိုပြီး အအေးခံကာ အသုံးပြုရမည်။ (တင်လဲရေမရလျှင် ထန်းလျှက်ရည် အသုံးပြုနိုင်ပါသည်)

#မှတ်ချက်
ကနဦးတွင် IMO မျိုးစေ့ပြုလုပ်ရာ၌ အပူချိန် မြင့်လွန်းခြင်း (50°-60°c ထိ ရရှိနိုင်ပြီး) ထို့နောက် တဖြေးဖြေး လျော့လျော့ကျလာကာ (40°c)တွင် မှိုများပွားများပြီး အလုပ်လုပ် (သို့) အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

#IMOဘိုကာရှီမျိုးစေ့တွင်
(1) တေဆး (Yeast)
(2) Bacteria
(3) Mold ဟူ၍(3)မျိုး အဓိကပါဝင်သည်။
၎င်းသုံးမျိုးတွင် ရှေးဦးစွာ mold က အလုပ်လုပ်ပြီး အချိုရည် ထုပ်လုပ်ပေးသည်။ ၎င်းအချိုရည်ကို bacteria များက glucose စားသုံးကာ သက်ရှိများ၏ ဘဝစက်ဝန်း လည်ပတ်၏။ အဲ့ဒိအချိန်မှာ အပူထွက်လာပါသည်။ အပူချိန် မြင့်မားလာပြီးနောက် တဖြေးဖြေး လျော့ကျကာ နောက်ဆုံး၌ yeast (တဆေး)က အလုပ်လုပ်ပါသည်။
(4) ထို့ကြောင့် IMOဘိုကာရှီ မျိုးစေ့များသည် ဤပစ္စည်းသုံးမျိုး ပါဝင်ပတ်သက်နေပြီး နောက်ဆုံးတွင် IMO ဘိုကာရှီမြေသြဇာအမြစ်များ ပွားကာ သဘာဝမြေသြဇာများ ထုပ်လုပ်သုံးစွဲနိုင် ပါသည်။
(5) ထို့အပြင် ကောက်ရိုး (straw) ကို တစ်ဧကလျှင် ဘိုကာရှိမျိုးစေ့ပိသာ(200)ထည့်ပေးနိုင်လျှင် စပါးအထွက် (6)တင်း ပိုမိုရရှိကြောင်း လေ့လာသိရှိ ရပါသည်။
(6) ထို့ကြောင့် ကောက်ရိုး(စင်းပြီး) ထည့်သွင်း ပေးနိုင်ပါကလည်း နွားချေး မြေသြဇာ (သို့) IMO ဘိုကာရှီ မြေသြဇာ ပွားများစွာ ရရှိနိုင်ပါသည်။

#OISCA သင်တန်းကျောင်းမှ သင်ကြားသော IMO ဘိုကာရှီ မြေဆွေး ပြုလုပ်နည်းဖြစ်ပါသည်။
#ဦးထင်အောင်ရှိန် (ဖိုးရာဇာ) ရေးသားထားသော စာအုပ်မှ ပြန်လည် ကောက်နူတ်ဖော်ပြပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

U Aungkyawmin

U Aungkyawmin

လွန်ခဲ့သော ၅ နှစ် က

အထက်ဖော်ပြပါ မြေနေရာ ၈မျိုးထဲက တစ်နေရာတည်းမြေဆို‌ မရဘူးလားခင်ဗျ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။