အပင်တွေရှင်သန်ဖို့ အခြေခံအကျဆုံး ဖောင်ဒေးရှင်းကြီး ၃ ပါး
အပင်တွေအတွက် အရေးအကြီးဆုံးလိုအပ်တဲ့အာဟာရတွေကဘာလဲလို့မေးလိုက်ရင် ရုတ်တရက်အားဖြင့် N,P,K ဆိုပြီး ဖြေကြသူများပါလိမ့်မယ်။ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်တွေပေါ့။
အဲ့ဒီအရေးအကြီးဆုံး အာဟာရဓာတ်သုံးမျိုးဆိုတာက အပင်တွေရှင်သန်ကြီးထွားသီးပွင့်ဖို့အတွက်ဆိုရင် တော့ တကယ့် ကိုမဖြစ်မနေလိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ အပင်တစ်ပင်ဖြစ်လာဖို့ဆိုရင်တော့ သူ့ထက်အရင် မဖြစ်မနေ လိုအပ်တဲ့ အခြေခံဖောင်ဒေးရှင်းကြီးသုံးမျိုးလည်းရှိနေပါသေးတယ်။ ဒါတွေကိုတော့ ဒီတိုင်း လေဝင်လေထွက်ကောင်း၊ နေရောင် ရ၊ ရေလောင်းပေးရင် ရနေတာမျိုးဖြစ်လို့ သိပ်သတိမထားမိကြတာပါ။
ပြီးတော့ အပင်တစ်ပင်လုံးနီးပါးကိုလည်း ဒါတွေနဲ့ပဲဖွဲ့စည်းထားတာမျိုးဖြစ်လို့ ဗဟုသုတအလို့ငှာ ဒီအခြေခံဒြပ်စင် ၃ မျိုး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ပြောရရင်တော့ အပင်တွေ ရှင်သန်ဖို့၊ ကြီးထွားသီးပွင့်ဖို့ဆို မဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်က ၁၆ မျိုးထိ ရှိပါတယ်။ ဒီဓာတ် ၁၆ မျိုးကို ပြန်ခွဲလိုက်မယ်ဆိုရင်တော့ အဓိကအားဖြင့် ၂ မျိုးသာရှိပါတယ်။
သတ္တုဓာတ် မဟုတ်သောအုပ်စုနဲ့ သတ္တုဓာတ်ဆိုတဲ့ အာဟာရအုပ်စုပဲဖြစ်ပါတယ်။ အခုပြောဖို့အစပျိုးနေတဲ့ အခြေခံ ဒြပ်စင် ၃ မျိုးဆိုတာကတော့ သတ္တုဓာတ်မဟုတ်သော အာဟာရဒြပ်စင်တွေလို့ ဆိုရမှာပါ။
သူတို့တွေကတော့ ကာဗွန်၊ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင် ဆိုတာတွေပါပဲ။ C,H,O လို့ မှတ်ထားလို့ရပါတယ်။

ဒီသုံးမျိုးထဲမှာ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်ဟာဆိုရင် ဓာတ်ငွေ့ပုံစံတွေဖြစ်ပြီးတော့ ကာဗွန်ကတော့ သတ္တုမဟုတ်တဲ့ ဒြပ်စင်တစ်မျိုးပါ။ အခန်းအပူအချိန်မှာဆိုရင် ပုံဆောင်ခဲအနေနဲ့ ရှိပါတယ်။ ဒီဓာတ် ၃ မျိုးလုံးကိုတော့ လေနဲ့ ရေတို့ကနေ ရရှိနိုင်တာဖြစ်ပါတယ်။
ရှင်သန်နေတဲ့ အပင်ရဲ့ အလေးချိန် ၈၀ - ၉၀ % က ရေတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်ဟာ ဆိုရင် အပင်တွေရှင်သန်ကြီးထွားဖို့ ပမာဏများများလိုအပ်တဲ့ ဓာတ်တွေဖြစ်နေတာပဲဖြစ်ပါတယ်။ ရေသာမရှိဘူးဆိုရင် ကျွန်မတို့ရဲ့ဘဝတွေဆိုတာလည်း ရှိလာမှာမဟုတ်သလို အပင်တွေဆိုရင်လည်း ကျန်းမာရှင်သန်နေစေဖို့ဆိုရင် လုံလောက်တဲ့အစိုဓာတ်ပေးရမှာပဲဖြစ်ပါတယ်။
ရှင်သန်နေတဲ့ အပင်ရဲ့ ရေအများစုကို ဖယ်ထုတ်ပြီး အခြောက်ခံကြည့်မယ်ဆိုရင်တော့ အပင်ရဲ့ခြောက်သွေ့အလေးချိန် ၉၅ ရာခိုင်နှုန်းလောက်မှာ ကာဗွန်၊ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်တို့ ပါဝင်နေတာပါ။ ခြောက်သွေ့အလေးချိန် တစ်ဝက် လောက်မှာဆိုရင် လေထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ ပြိုကွဲလာတဲ့ ကာဗွန်တွေပါဝင်နေပါတယ်။ အစိမ်းရောင် ရှိတဲ့ အပင်တွေမှာဆိုရင် လေ၊ ကလိုရိုဖီးလ်ပါဝင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အလင်းစွမ်းအင်တို့ ကာဗိုဟိုက်ဒြိတ်ဆိုပြီး ပေါင်းစပ်ဖွဲ့စည်းလိုက်ပါတဲ့အခါ ဖိုတိုဆင်းသဆစ်လို့ခေါ်တဲ့ အလင်းမှီစုအစာဖွဲ့စည်းခြင်းဖြစ်စဉ်ကို ဖြစ်စေတာဖြစ် ပါတယ်။
- အဲ့ဒီဖိုတိုဆင်းသဆစ်ဖြစ်စဉ်အတွင်း လေထုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ပြိုကွဲပြီး ကာဗွန်ကို ရနိုင်ပါတယ်။ အပင်တွေဟာဆိုရင် အချို့ကာဗွန်တွေကို အပင်ကြီးထွားဖို့အတွက်အသုံးချပြီး အချို့ကာဗွန်တွေကိုတော့ အသက်ရှူ ဖြစ်စဉ်ဖြစ်တဲ့နေရာမှာ သကြားဓာတ်ကနေ စွမ်းအင်အဖြစ်ပြောင်းဖို့အတွက် အသုံးချကြပါတယ်။
- ဟိုက်ဒြိုဂျင် ဓာတ်ငွေ့ဟာဆိုရင်တော့ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်ပေါင်းစပ်ထားတဲ့ ရေ(H2O) တွေ ပြိုကွဲပြီးရာကနေ ရရှိပါတယ်။ သူကတော့ မျိုးညှောက်ပေါက်ခြင်း၊ အစေ့ကြီးထွားခြင်း၊ အမြစ်တွယ်ကပ်အားကောင်းပြီး ရှည်လျားခြင်း၊ ရိတ်သိမ်းချိန် လတ်ဆတ်နေစေခြင်း၊ အပင်ရေငတ်နေတဲ့ အခြေအနေမျိုးမှာ စတိုမာတာ အပေါက်လေးတွေ လိုက်လျော ညီထွေဖြစ်စေခြင်း ဒါမှမဟုတ် ခံနိုင်ရည်ရှိစေခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးပါတယ်။
- အောက်ဆီဂျင်ဟာလည်း ဟိုက်ဒြိုဂျင်လိုပဲ ရေကနေရပါတယ်။ လေထဲကနေတော့ မရပါဘူး။ ဒါပေမဲ့ ဖိုတိုဆင်းသဆစ် ဖြစ်စဉ်အဖြစ် ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ပြိုကွဲခြင်းကနေတော့ အောက်ဆီဂျင်ကိုရရှိပါတယ်။ ဒီဖိုတိုဆင်းသဆစ် ဖြစ်စဉ်ဖြစ်ဖို့အတွက်လည်း သူက အဓိကအရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေတာပါ။ အပင်လေးတွေအတွက်ဆိုရင် အောက်ဆီဂျင်က အပင်ဆဲလ်လေးတွေအသက်ရှူဖို့ လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ ဒီအတွက် အပင်က သူ့ကိုသုံးရ တာက နည်းနည်းလေးပဲ ဖြစ်ပါတယ်။ အများစုကိုတော့ ဘေးထွက်ပစ္စည်းအနေနဲ့ အပင်ကနေ ပြန်ထုတ်ပေးပါတယ်။ ဒီကနေ ကျွန်မတို့လူတွေ ရှင်သန်ဖို့ရာမှာ မဖြစ်မနေ ရှူသွင်းနေရတဲ့ အောက်ဆီဂျင်ဆိုတာကို ရရှိတာဖြစ်ပါတယ်။ ဆိုတော့ အောက်ဆီဂျင်ဟာ အပင်အတွက်ကော လူတွေအတွက်ကော မဖြစ်မနေလိုအပ်တာလေးလို့ ဆိုရမှာပါရှင့်။
ဒါတွေကတော့ လေနဲ့ရေကနေ အပင်တွေစားရတဲ့ အာဟာရဓာတ်တွေအကြောင်းပါ။
အပင်တွေ ကောင်းကောင်း ရှင်သန်ကြီးထွားသီးပွင့်ဖို့ဆိုရင်တော့ အထက်မှာဆိုခဲ့သလို နောက်ထပ်လိုအပ်တဲ့ အာဟာရဓာတ် ၁၃ မျိုးရှိပါတယ်။ ဒါတွေအကြောင်းကိုတော့ နောက်ထပ်အပိုင်းတွေမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်ရှင့်။
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဆုမြတ်နိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....