အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝါသီးနှံတွင် ဖြစ်ပေါ်လေ့ရှိသော အာဟာရချို့တဲ့မှုလက္ခဏာများ

ဝါသီးနှံတွင် ဖြစ်ပေါ်လေ့ရှိသော အာဟာရချို့တဲ့မှုလက္ခဏာများ

 မင်္ဂလာပါ တောင်သူဦးကြီးများခင်မျာ။

 ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများအများစုသည် အာဟာရချို့တဲ့မှုလက္ခဏာ များနှင့် ရောဂါလက္ခဏာများ မှားယွင်းကြပါသည်။ ထို့ကြောင့် ဝါသီးနှံတွင် ဖြစ်ပေါ်တက် သော အာရချို့တဲ့မှုလက္ခဏာများကို တင်ပြအပ်ပါသည်။

၁။ နိုက်ထရိုဂျင် (N) ချို့တဲ့မှုလက္ခာများ

ဝါသီးနှံတွင် နိုက်ထရိုဂျင် ချို့တဲ့ခဲ့ပါက အပင်များပုနေပြီး အရွက်များ အဝါရောင် ပြောင်းသွားခြင်း၊ အရွက်ပြားပေါ်တွင် နီညိုရောင်သန်းနေခြင်း၊ ပင်စည်များနှင့် အရွက်ရိုး တံများ အနီရောင်ပြောင်းသွားခြင်း၊ ပန်းစောစောပွင့်ခြင်း၊ ပန်းပွင့်ကာလတိုတောင်းခြင်း စသည့်လက္ခဏာများတွေ့ပါသည်။

 ၂။ ဖော့စ်ဖောရပ်စ် (P) ချို့တဲ့မှုလက္ခဏာများ

 ဝါသီးနှံတွင် ဖော့စ်ဖောရပ်စ် ချို့တဲ့သောအခါ အပင်များကြီးထွားမှု သိသိသာသာ ရပ်တန့်သွားခြင်း၊ အသက်ကြီးသော အရွက်များ အဝါရောင်ပြောင်းသွားပြီး အရွက်၏အနားသတ်များ အစိမ်းညစ်ညစ်ရောင် ပြောင်းသွားခြင်းနှင့် ဆဲလ်သေကွက်များတွေ့ရပြီး အရွယ် မတိုင်ခင် အိုသွားခြင်း၊ အသက်ကြီးသေ ာအရွက်များ၏ အရွက်ကြောကြားထဲတွင် ခရမ်း ရောင်များပြောင်းသွားပြီး အသီးများပါ ခရမ်းရောင်ပြောင်းသွားခြင်း စသည့်လက္ခဏာများ တွေ့ရပါသည်။

 ၃။ ပိုတက်စီယမ် (K) ချို့တဲ့မှုလက္ခဏာများ

 ဝါသီးနှံတွင် ပိုတက်စီယမ်ချို့တဲ့မှု လက္ခဏာများမှာ အသက်ကြီးသော အရွက်များတွင် စိမ်းဝါရောင်အကွက်များ အရွက်အနားသတ်များတွင် ဖြစ်ပေါ်နေပြီး အရွက်၏အလယ်ထိ ပျံ့နှံ့သွားခြင်း၊ အရွက်များနှင့် အသီးများပေါ်တွင် ခရမ်းရောင်အစက်ပျောက်များ ဖြစ်ပေါ် နေခြင်း၊ အရွက်များပေါ်တွင် ဆဲလ်သေကွက်များ တွေ့ရခြင်း စသည်တို့ဖြစ်ပါသည်။

 ၄။ မက်ဂနီစီယမ် (Mg) ချို့တဲ့မှုလက္ခဏာများ

 ဝါသီးနှံတွင် မက်ဂနီစီယမ်ချို့တဲ့မှု လက္ခဏာများမှာ အရွက်ကြီးများတွင် အရွက်ကြောများစိမ်းနေပြီး အရွက်ကြောများကြားတွင် စိမ်းဝါရောင်များဖြစ်ပေါ်နေခြင်း၊ အရွက်များပေါ်တွင် အဖြူရောင် (သို့မဟုတ်) အညိုရောင် အစက်ပျောက်များ ဖြစ်ပေါ်နေခြင်း၊ ထိုအစက်ပျောက်များပေါင်းစပ်သွားပြီး အရွက်အနားသတ်တွင် ဆဲလ်သေကွက်ကြီးဖြစ်ပေါ် နေခြင်း၊ အရွက်ကြောများကြားတွင် နီညိုရောင်အစက်များတွေ့ရခြင်း၊ အရွက်ကြီးများ အောက်ကိုကွေးကျသွားခြင်း၊ အဖူးများခြောက်သွားခြင်း စသည့်တို့ဖြစ်ပါသည်။

 ၅။ ဆာလ်ဖာ (S) ချို့တဲ့မှုလက္ခဏာများ

 ဝါသီးနှံတွင် ဆာလ်ဖာချို့တဲ့ခဲ့ပါက အရွက်ငယ်များ အစိမ်းရောင်ဖျော့ (သို့မဟုတ်) အဝါရောင်ပြောင်းသွားသော်လည်း အရွက်ကြောများစိမ်းနေခြင်းများ ဖြစ်ပေါ်တက်ပါသည်။

 ၆။ ဘိုရွန် (B) ချို့တဲ့မှုလက္ခဏာများ

အရွက်ငယ်များတွင် စိမ်းဝါရောင်အကွက်များ ဖြစ်ပေါ်တက်ပြီး ထိုအကွက်များသည် အထဲသို့ ချိုင့်ဝင်သွားတက်ပါသည်။

 ၇။ အိုင်းရွန်း (Fe) ချို့တဲ့မှု လက္ခဏာများ

အိုင်းရွန်းချို့တဲ့မှုလက္ခဏာများမှာ အရွက်ငယ်များနှင့် သက်တမ်းအသင့်အတင့်ရှိ သော အရွက်များတွင် အရွက်ကြောများကြားထဲတွင် စိမ်းဝါရောင်ဖျော့ဖျော့ဖြစ်နေပြီး တဖြည်းဖြည်းအဝါရောင်ပြောင်းသွားခြင်း၊ အရွက်အနားသတ်များတွင် ဆဲလ်သေကွက်များ တွေ့ရပြီး ထိုဆဲလ်သေကွက်များသည် ရွက်ကြောများကြားထဲသို့ပျံ့နှံ့သွားပါသည်။

ချမ်းသာဦး

Reference

 - Yara Checked IT application

 

Ko Zaw

Ko Zaw

လွန်ခဲ့သော ၆ နှစ် က

ဘာဆေးဖျန်းရမလဲ

You

ဆက်စပ်မေးခွန်းများ

ပန်းပွင့်တေဒီလိုဖစ်သွားပါဗျာ

ကိုချမ်း • ဖြေကြားချက် 2 ခု

မိုးရွာနေတာ ၄ရက်မြောက်​ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိချင်တာက ဘယ်ဆေးအတွဲတေကို ဘယ်နှစ်ရက်ခြားလိုက်ရမလဲ ပီးတော့ တွဲလိုက်လို့ရမည့်ဆေးတေကိုတွဲပေးပါ မိုးကရပ်ဖို့မမြင်သေးလို့ပါဆေးတွေက ကော့ပါးကာဆူမင်အတွဲ ဖိုစ့်တိုင်းအလူမီနီယမ် မက်တယ်လဇီး ပါရာကိုစတိုဗင် အဲ့တာတေရှိပါတယ်ဘယ်ကနေစဖျန်းရမယ်ကိုမသိတော့လို့ပါ

sithuaung • ဖြေကြားချက် 1 ခု

မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမလဲ ခင်ဗျာ။တစ်ချို့အပင်တွေကလဲ အညွှန့်တွေလိပ်ပြီးမတက်ဘူးဖြစ်နေတယ်ဗျာ။ဆေးနည်းကောင်းလေးညွန်ပေးပါ။

ကိုနိုင်လင်းထက် • ဖြေကြားချက် 1 ခု

စပါးပင်များကိုနွားသေးနင့်စပါးခွံပေါင်းခံရေရောသုံးရင်ရမလားပေါင်းခံရေမရင်စက်ဖွဲပြာကိုရေစိမ်ပြီးရလာတဲ့စစ်ရေနဲ့ရောသုံးရင်အဆင်ပြေမဘးလားဆရာ။

U Win Zaw • ဖြေကြားချက် 1 ခု

မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။