မြေဆွေးမြန်စေတဲ့ အကျိုးပြုအဏုဇီဝပိုးတွေ ပိုမိုပေါက်ပွားစေဖို့
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တွင် သဘာဝမြေသြဇာသည် မပါမဖြစ်သော အရာဟု ဆိုနိုင်သည်။ သို့သော် စိုက်ပျိုးရေးလုပ်ကိုင်သူ တော်တော်များများသည် ကောင်းစွာဆွေးမြေ့သော မြေဆွေးပုံ ရရန်မှာ လနှင့်ချီပြီး စောင့်ဆိုင်းရသည့်အတွက် အသင့်သုံး သဘာဝမြေဆွေးများကို ဝယ်ယူသုံးစွဲကြလေ့ရှိသည်။
အချို့ကလည်း သဘာဝမြေသြဇာများထက် ဓာတုမြေသြဇာများသည် အာနိသင်ပြရာ၌ မြန်သဖြင့် ဓာတုကိုသာ လွန်စွာသုံးစွဲနေကြသည်ကို တွေ့ရပါသည်။ သဘာဝမြေသြဇာသည် ရေရှည်၌ ကောင်းသည်ကို သိသော်လည်း အထက်တွင် ပြောခဲ့သလို ဆွေးမြည့်ချိန် ကြာမြင့်သဖြင့် ပြုလုပ်သုံးစွဲသူ နည်းပါးနေသေးသည်။
ထို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် မြေဆွေးပြုလုပ်ရာတွင် ဆွေးမြည့်မှု မြန်စေရန် လိုက်နာသင့်သော အချက်များကို ဖော်ပြပေးသွားပါမည်။
မြေဆွေးပုံအမြန်ဆွေးရန်အတွက် အဓိကကျသည့် အကျိုးပြုပိုးများ ပွားများနိုင်ရန် စီစဥ်ပေးရမည်ဖြစ်ပါသည်။ ၄င်းပိုးများ လျင်မြန်စွာ ပေါက်ပွားနိုင်မှ ယင်းတို့၏ အကူအညီဖြင့် မြေဆွေးပုံကို လျင်မြန်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

အကျိုးပြုအဏုဇီဝပိုးများ လျင်မြန်စွာ ပေါက်ပွားစေရန် အောက်ပါအချက်များကို လိုက်နာသင့်ပေသည်။
(၁) အစိုဓာတ်ပုံမှန်ပေးခြင်း
မြေဆွေးပုံပြုလုပ်ရာတွင် အစိုဓာတ်နည်းပါက ဆွေးမြည့်မှုကို နှောင့်နှေးစေပါသည်။ အစိုဓာတ်ပေးရာတွင် အများကြီး မပေးပဲ သင့်တင့်ရုံသာ ပေးရမည်။ မြေဆွေးပုံကို ရေဖြန်းရာ၌ ရေပေးများပြီး မြေဆွေးပုံရည်များ မစီးဆင်းစေရပါ။ အဏုဇီဝပိုးများကို ရေဖြင့် ဆေးပစ်သလိုဖြစ်ပြီး ဆွေးမြေ့ရန် ကြာမြင့်နိုင်ပါသည်။ အရည်အသွေးကိုလည်း ညံ့စေပါသည်။
(၂) ဖြည့်စွက်ပစ္စည်းများထည့်ခြင်း
ဆွေးမြေ့မှု မြန်စေရန် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ ဖွဲနု စသည်များ ထည့်ပေးရမှာ ဖြစ်ပါသည်။ အကယ်၍ မိမိက နွားချေး၊ ဖွဲနုတို့နှင့် ပြုလုပ်ရသည့် ဘိုကာချီ၊ ဒိုချက်ကင်ကဲ့သို့သော မြေဆွေးများ ပြုလုပ်ရာတွင် ပါပြီးသားဖြစ်သော်လည်း ဝါးရွက်ခြောက်၊ သစ်ရွက်ခြောက်၊ စပါးခွံ၊ ကောက်ရိုး၊ နှမ်းရိုး စသည်တို့ကို အခြေခံသည့် မြေဆွေးများ ပြုလုပ်မည်ဆိုပါက အနည်းငယ်ဖြစ်စေ ထည့်ပေးရမည်။
ကုန်ကျစရိတ်အရ မထည့်ပေးလိုလျှင် အနည်းဆုံး အီးအမ်၊ ငါးအမိုင်နို၊ သစ်သီးအချဉ်ဖောက်ရည်တို့ကို ဖျန်းပေးရန် လိုအပ်သည်။ အထက်ဖော်ပြပါ တစ်ခုမျှ မရှိဘူးဆိုပါက တင်လဲရည်ကို ဖြန်းပေးရမည်။ အကျိုးပြုပိုးများ ပိုမိုပေါက်ဖွားရန်အတွက် ဖြစ်ပါသည်။
(၃) အေးမြခြောက်သွေ့မှုကို ဖန်တီးပေးခြင်း
မြေဆွေးပုံလုပ်မည့်နေရာသည် သစ်ရိပ်ဝါးရိပ်အောက်တွင် ပြုလုပ်ပေးရပါမည်။ မြေဆွေးပုံကို တာလပတ်၊ ငှက်ပျောရွက် တစ်ခုခုကို အုပ်ပေးထားပြီး နေရောင် တိုက်ရိုက်ကျခြင်း ကင်းဝေးရပါမည်။ နေရောင်တိုက်ရိုက်ကျရောက်ပါက မြေဆွေးဖြစ်ရန် ကူညီပေးသော အကျိုးပြုပိုးများအနည်းနှင့်အများ သေဆုံးနိုင်ပါသည်။
(၄) အလေးနှင့် ဖိပေးထားခြင်း
မြေဆွေးပုံကို အုပ်ထားသော တာလပတ်၊ ငှက်ပျောရွက်ပေါ်သို့ သစ်တုံး (သို့ ) အလေးအပင် တစ်ခုခုနှင့် ဖိပေးထားရမည်။ ၄င်းကဲ့သို့ ပြုလုပ်ပေးပြီး မြေဆွေးပုံလုပ်ခြင်းသည် သာမန်လုပ်ခြင်းထက် ၅၀% ခန့် ပိုမိုပြီး အဆွေးမြန်စေကြောင်းကို ကျွန်တော်ကိုယ်တိုင် လက်တွေ့စမ်းသပ်ဖူးသည်။ (ဝါးရွက်ချည်းသက်သက် အဆွေးခံရာ၌ မြေဆွေးပုံ နှစ်ပုံခွဲပြီး တစ်ခုကို အလေးဖိပြီး တစ်ခုကို ရိုးရိုးသာ ပြုလုပ်ခဲဖူးရာ အလေးဖိထားသောဝါးရွက်ပုံသည် ၁ လနှင့် ကောင်းစွာဆွေးမြေ့ပြီး မဖိပဲ ရိုးရိုးလုပ်ထားသော အပုံသည် ၁ လခွဲကျော်မှ ကောင်းစွာဆွေးမြေ့ခဲ့ဖူးသည်။)
(၅) အပူထုတ်အခေါင်း ပြုလုပ်ပေးခြင်း
မြေဆွေးပုံ ပူလွန်းလျှင် အကျိုးပြုပိုးများ သေစေနိုင်သဖြင့် ၇ ရက်တစ်ခါခန့် အထက်အောက် လှန်ပေးရမည်။ ထိုကဲ့သို့ မလုပ်ပေးချင်ဘူးဆိုလျှင် အပူထုတ်ပိုက်လုံးကြီးများ တပ်ဆင်ပေးထားရမည်။ အကျိုးပြုအဏုဇီဝပိုးများသည် မြေဆွေးပုံ၌ အလွန်ပူလျှင် အနည်းဆုံး ၂၀% မှစပြီး သေဆုံးနိုင်ကာ ဆွေးမြည့်မှုကို အနှောင့်အယှက်ပေးသော ဖြစ်စဥ်တစ်ခုဖြစ်သည်။ ထို့ကြောင့် မြေဆွေးပုံထဲသို့ ပိုက်လုံးများ ထိုးထည့်ပေးရမည်။ အလျား ၆ ပေ၊ အနံ ၃ ပေ ရှိသော မြေဆွေးပုံအတွက် ပိုက်လုံးနှစ်ခုခန့်ဆို လုံလောက်ပါသည်။ ပိုက်လုံးအစား ဝါးလုံးများကို အဆစ်ဖြုတ်ပြီး အသုံးပြုနိုင်သည်။
(၆) သစ်ရွက်စိမ်း ထည့်ပေးခြင်း
မည့်သည့်သစ်ရွက်စိမ်းမဆို မနက်စောစောခူးပြီး မြေဆွေးပုံကို ထည့်ပေးနိုင်သည်။ သစ်ရွက်စိမ်းတွင် နိုက်ထရိုဂျင်ဓာတ် များစွာပါဝင်ပြီး မနက်စောစောခူးရခြင်းမှာ အကျိုးပြုအဏုဇီဝ သက်ရှိပိုးများသည် မနက်စောစော၌ ကပ်တွယ်တက်သောကြောင့် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Saw Eh khuhtoo
လွန်ခဲ့သော ၁ နှစ် ကစာကိုကူယူချင်လို့ပါဘယ်လိုယူရပါလဲ
tun tun
လွန်ခဲ့သော ၄ နှစ် ကအကျိုးရှိလို့ ကျေးဇူးပါ
Agriculturalist K.S
လွန်ခဲ့သော ၄ နှစ် ကဟုတ်ကဲ့ ဖတ်ပေးတဲ့အတွက်နဲ့ ပါဝင်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးပါ။
Myint. Maung Maung
လွန်ခဲ့သော ၄ နှစ် ကကျွန်တော်တိုကတောတစ်ပုံကိုအိတ်200. 300ထွက်လောက်အပုံတွေဆိုတောစနစ်တောသိပ်မကျဘူးဗျ မြေဆွေးတောဖြစ်တယ်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Agriculturalist K.S
အားလုံး