သင်္ဘောစိုက်ရန် စနစ်တကျမြေပြုပြင်နည်း
မြန်မာပြည်ရှိ သင်္ဘောစိုက်ပျိုးခြံအများစုသည် သမားရိုးကျ စိုက်ပျိုးနည်းဖြင့်သာ သင်္ဘောပင်များကို စိုက်ပျိုးလေ့ရှိကြပါသည်။ သင်္ဘောစိုက်တောင်သူတို့ မေ့နေကြသောအချက်မှာ စိုက်ပျိုးမြေ၏ အရေးပါမှုဖြစ်ပါသည်။ အထွက်နှုန်းကို အဓိကချုပ်ကိုင်ထားသည်မှာ မြေကြီးအရည်အသွေးဖြစ်ပေသည်။ ယခုဖော်ပြေပေးမည့်အကြောင်းအရာသည် သင်္ဘောပင်စိုက်ပျိုးရန် တစ်နိုင်တစ်ပိုင်ဖြစ်စေ စီးပွားဖြစ်ဖြစ်စေ စိုက်ပျိုးပါက အထွက်နှုန်းကို သိသိသာသာပြောင်းလဲနိုင်သော မြေပြုပြင်ခြင်းနည်းစနစ်လေးတစ်ခုဖြစ်ပါသည်။ ဧကလိုက်စိုက်ပျိုးသူများအတွက် ရည်ရွယ်၍ ရေးထားသော်လည်း အိမ်တွင်တစ်နိုင်တစ်ပိုင် စိုက်သူများလဲ အောက်ပါနည်းစနစ်လေးအတိုင်း မြေကြီးကို တိုက်ရိုက်ကျင်းတူး မစိုက်ပဲ ထိုမြေကို မြေဆွေးပြန်လုပ်ပြီးမှ စိုက်ပျိုးကြည့်နိုင်ပါသည်။
ဧကလိုက် စိုက်ပျိုးသူအများစုမှာ စိုက်ဘောင်ဖြင့်စိုက်ပျိုးကြသော်လည်း ကျွန်တော်ယခုအကြံပေးမည့် ကျင်းတူးမြေပြင်စနစ်လေးဖြင့် စမ်းသပ်စိုက်ပျိုးကြည့်ဖို့ တိုက်တွန်းချင်ပါသည်။ ကျင်းတူးမြေပြင်ပြီးမှသာ မိုးများလွန်းသောဒေသများ၌ ဘောင်ပြန်လုပ်စိုက်ပါခင်ဗျာ။

အထွက်တိုး သင်္ဘောပင်စိုက်ပျိုးရန် အဆင့်(၄) ဆင့်ဖြင့် မြေပြင်ခြင်း
ပထမအဆင့်၌ မြေကိုပြုပြင်ရာတွင် နှစ်ပေပတ်လည်၊ နှစ်ပေအနက်ကျင်းကို တူးရပေမည်။ ကျင်းတစ်ကျင်းစီကို ဝါးရွက်အမှိုက်ဆွေးများ ပြည့်အောင် ထည့်ပေးရမည်။ ထို့နောက် မီးသင်းပေးရမည်။ ပြီးပါက ကျင်းထဲ ရေထည့်ပေးရပါမည်။ နောက်တစ်နေ့ အထက်ပါကဲ့သို့ တစ်ဖန်ပြန်လုပ်ရမည်။
ဒုတိယအဆင့်မှာတော့ တူး၍ရရှိလာသော မြေကြီးများကို သင်္ဘောကျင်း လေးကျင်း၏ အလယ်၌ စုပုံထားပြီး မြေဆွေးပြုလုပ် နှပ်ထားရမည်။ စုပုံထားသော မြေကြီးများကို မြေဆွေးဖြစ်အောင် ပြုလုပ်ပုံမှာ တူး၍ရရှိလာသော မြေကြီးနှစ်ဆ ဝါးရွက် သစ်ရွက် တစ်ဆနှင့် စက်ဖွဲပြာ တစ်ဆကို ရောမွှေပေးရပါမည်။ (မိမိမှာ တိရစ္ဆာန်ချေး အလွယ်တကူရှိပါက ထည့်ပေးနိုင်ပါသည်။) ဧကလိုက်စိုက်ပျိုးသူများအဖို့ ကျင်းလေးကျင်း၏ အလယ်တွင်စုပုံထားရမည် ဖြစ်သောကြောင့် အလွယ်တကူပြုလုပ်နိုင်ပေသည်။
တတိယအဆင့်အနေနဲ့ ရေအစိုဓာတ် သင့်အောင် ဖြန်းပေးရမည်။ ထိုသိုဖြန်းရာ၌ သဘာဝအားဆေးဖြင့် ရောကာ အထက်ပါမြေဆွေးပုံကို ဖြန်းပေးရမည်။ သဘာဝအားဆေးများသုံးရာတွင် ငါးအမိုင်နိုအက်ဆစ် အီးအမ် သစ်သီးအချဉ်ဖောက်ရည် မိမိ၌ အလွယ်ရနိုင်သော အားဆေးရည်ကို အသုံးပြုပေးနိုင်ပါသည်။ ဖော်ပြပါအားဆေးများမရှိပါက တင်လဲရည်ကိုသာ ရေဖြင့်ရော၍ ဖြန်းပေးနိုင်ပါသည်။ အကျိုးပြုအဏုဇီဝပိုးများကို ပိုမိုပေါက်ဖွားနိုင်အောင် အစာကျွေးခြင်း သဘောဖြစ်ပါသည်။
စတုတ္ထအဆင့်တွင် ထိုသို့ပြုလုပ်ပြီးသော မြေကို အပေါ်မှာ တစ်ခုခုမိုးပေးဖိပေးရပါမည်။ သတိပြုရမည့်အချက်မှာ နေလုံးဝထိတွေ့ခြင်း မရှိရပါဘူး။ နေထိမယ်ဆိုရင်တော့ လိုအပ်သော စနစ်တကျမြေပြင်ခြင်းမျိုးမရနိုင်တော့ပါဘူး။ ပလက်စတစ်အမဲ မရှိပါက အနည်းဆုံး ကောက်ရိုးထူထူဖြင့် အုပ်ပေးရန်လိုအပ်ပါသည်။
တစ်ပတ်ကိုတစ်ခါ အထက်အောက်လှန်၍ ရေအစိုဓာတ်ကြည့်ကာ ရေဖြန်းပေးခြင်းမျိုး ပြုလုပ်ပေးရန် လိုအပ်ပါသည်။ နှစ်ပတ်ခန့်အကြာမှာ ဝါးရွက်လေးများကို စစ်ဆေးကြည့်ပါ။ အဖြူရောင် မှိုစလေးများ တွေ့ရပါလိမ့်မည်။ တစ်လခွဲခန့်အကြာမှာဆိုရင် ထိုမြေဆွေးပုံကို ကျင်းများအား ပြန်ဖြည့်ပေးနိုင်ပါပြီ။ သင်္ဘောပင်ကိုလည်း စတင်မြေချစိုက်ပျိုးရန် အသင့်ဖြစ်နေသောအရွယ်နှင့် တိုက်နေပါသည်။ သင်္ဘောပင်တစ်လခွဲနှင့် မြေဆွေးတစ်လခွဲ စိုက်ပျိုးရန် အရန်သင့်ဖြစ်စေရန် သင်္ဘောပင် စတင်ပျိုးသည့်နေ့မှစ၍ မြေဆွေးပုံကို ပြုလုပ်သင့်ပါသည်။
အထက်ပါ အဆင့်လေးဆင့်ဖြင့် မြေကို စနစ်တကျပြုပြင်ပြီးစိုက်ပျိုးပါက မိမိတစ်နိုင်တစ်ပိုင် စိုက်ပျိုးသည်ဖြစ်စေ၊ စီးပွားဖြစ်စိုက်ပျိုးသည်ဖြစ်စေ အထွက်နှုန်းမှာ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နုန်းအထိ တိုးနိုင်ကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သင်္ဘောစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Nay Kha
လွန်ခဲ့သော ၁ နှစ် ကမျိုးစေ့ /ကူးပင်ဘယ်မှာရနိင်လဲဗျ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Agriculturalist K.S
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....