မြန်မာနိုင်ငံမှ လက်ဖက်စိမ်းကို ဘာကြောင့်ဝယ်သင့်တာလဲ?
မြန်မာ့လက်ဖက်စိမ်းကို ရာသီဥတုကောင်းမွန်ပြီး ရေစီးရေလာကောင်းမွန်သည့် တောင်ကုန်းတောင်စောင်းဒေသများတွင် စိုက်ပျိုးလျှက်ရှိသည်။
“လက်ဖက်ကောင်းစားချင်လျှင် ပလောင်( လက်ဖက်စိုက်ပျိုးသော ဒေသခံ တိုင်းရင်းသား)တောင်တက်နှေးရမည်” ဟုသော ရှေးဟောင်းဆိုရိုးပင် ရှိပေသည်။ အရည်အသွေးပြည့်ဝသော လက်ဖက်ကောင်းစားချင်ပါက အချိန်ယူစိုက်ပျိုးရမည်ဟု ဆိုလိုပါသည်။ လက်ဖက်ကိုစိုက်ပျိုးရာတွင် ဓာတုဆေးဝါးများနှင့် ဘေးထွက်ဆိုးကျိုးဖြစ်စေသောပစ္စည်းများကို မသုံးဘဲ စိုက်ပျိုးလေ့ရှိပါသည်။ လက်ဖက်ပြုပြင်ထုတ်လုပ်သူများက လက်ဖက်စိုက်ပျိုးသူများကို သဘာဝမြေဩဇာနှင့်စိုက်ပျိုးကြောင်း ထောက်ခံချက်ရရှိရန် လိုအပ်သည့်အရာများကို ကူညီပေးကြသည်။ လက်ဖက်ထုတ်လုပ်သည့်ရွာများကို လိုအပ်သောပစ္စည်းများပေးခြင်း၊ စာသင်ကျောင်းများအတွက် ပညာရေးအကူအညီများပေးခြင်းများလည်း ရှိပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်စိုက်ပျိုးမှု အစောဆုံးနိုင်ငံထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အနှစ်တစ်ထောင်ကျော်သက်တမ်းရှိသော ပထမဆုံး လက်ဖက်ပင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လွယ်ဆိုင်းတောင်တွင် ယခုအထိရှိနေပါသည်။ အခြားသက်တမ်းရှည်ကြာသော လက်ဖက်ပင်များသည်လည်း မြန်မာနိုင်ငံ၏ လက်ဖက်သမိုင်းကို အထင်အရှားပြသနေပါသည်။
မြန်မာ့လက်ဖက်ပြည်ပသို့တင်ပို့မှုကဏ္ဍ
မြန်မာ့လက်ဖက်စိုက်ပျိုးမှု၏ ၈၀ ရာခိုင်နှုန်းကျော်အား ပင်လယ်ရေမျက်နှာပင်အထက် အနည်းဆုံး မီတာ(၁၅၀၀)ရှိသည့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးကြသည်။ ထွက်ရှိသော လက်ဖက်၏ (၁၅ မှ ၂၀) ရာခိုင်နှုန်းကို အချဉ်ဖောက်ရန် (လက်ဖက်နှပ်) အသုံးပြုသည်။ အချဉ်ဖောက်လက်ဖက်သည် ဓာတ်ပြုမှု ချေဖျက်ပစ္စည်း မြင့်မားစွာပါဝင်မှုကြောင့် ကျန်းမာရေးနှင့်ကိုက်ညီသည့် ရိုးရာအစားအစာတစ်ခုဖြစ်သည်။
ရှေးအစဉ်အဆက်က နှပ်ထားသောမြန်မာ့လက်ဖက်ကို နန်းတွင်သဘင်အခမ်းအနားများတွင် ငြိမ်းချမ်းရေးသင်္ကတေအဖြစ် ဧည့်ခံလေ့ရှိခဲ့ကြသည်။
ယနေ့ခေတ်တွင် လက်ဖက်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စားသုံးနေကြပြီး ကျန်းမာရေးနှင့်ကိုက်ညီမှုများကြောင့် နိုင်ငံ့ဂုဏ်ကျက်သရေအဖြစ် အမွှန်းတင်ခြင်းခံနေရသည်။ လက်ရှိတွင် ကုမ္ပဏီပေါင်း ၈၀ ခန့်က လက်ဖက်စိမ်းကို ပြည်ပသို့တင်ပို့ရေးကို လုပ်ဆောင်နေကြပါသည်။ အထူးသ ဖြင့် ဂျပန်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများအား တင်ပို့လျှက်ရှိသည်။ ဥရောပနိုင်ငံများမှလည်း မြန်မာ့လက်ဖက်စိမ်းကို ဝယ်ယူရန် စိတ်ဝင်စားလျှက်ရှိသည်။
မြန်မာ့လက်ဖက်စိုနှပ်
မြန်မာ့လက်ဖက်စိုနှပ်တွင် ဓာတ်ပြုမှုကိုချေဖျက်သော ပစ္စည်းများစွာပါဝင်သောကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာပါဝင်ပေသည်။ လက်ဖက်စိုနှပ်သည် လက်ဖက်စိမ်းကို ဆား/ရေတို့ဖြင့် ရောနှောအချဉ်ဖောက်သော ရိုးရှင်းသည့် သဘာဝနည်းလမ်းဖြစ်သည်။ လက်ဖက်နှပ်တွင် အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အကူပြုသော ပိုလီဖီနောနှင့် ပရိုဘိုင်အိုးတစ်ပါဝင်မှု မြင့်မားပေသည်။
မြန်မာနိုင်ငံမှ လက်ဖက်စို/လက်ဖက်စိုနှပ် ဘာကြောင့် ဝယ်ယူသင့်သလဲ?
လက်ဖက်သည် ကျန်းမာရေးအထောက်အကူပြု ထိပ်တန်းဓာတ်စာအသစ်အဆန်းအဖြစ် ဥရောပစျေးကွက်တွင် နေရာရရှိနိုင်ပါသည်။
ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သော ပိုလီဖီနောပမာဏ မြင့်မားစွာ ပါဝင်ပါသည်။ လက်ဖက်နှပ်တွင် လက်ဖက်စိမ်းရွက်ထက် ဇီဝအထောက်အကူပြုပစ္စည်းပမာဏ(၂)ဆ ပိုမို ပါဝင်ပါသည်။
လက်ဖက်နှပ်ရာတွင် ပေါက်ဖွားလာသော ဘက်တီးရီးယား(၆)မျိုးသည် အစာခြေစနစ်ကို အထောက်အကူပြုပြီး သည်းခြေရည်နှင့် ချွဲ၊ သလိပ်တို့ထွက်ရှိမှုကို ထိန်းညှိပေးပါသည်။
Source - စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026