မျိုးဆက်နှစ်ဆက်ကြားမှ စိုက်ပျိုးရေးနည်းစနစ်များပြဿနာ
ကြုံတွေ့နေရ မြင်တွေ့နေရသည့် ကိစ္စများဖြစ်ပြီး ဖြေရှင်းရန် ခက်ခဲသည့်ကိစ္စလို့ ပြောရမှာပါ။
ရှေးရိုးစွဲ မိဘများနှင့် ခေတ်လူငယ်သားသမီးများအကြားတွင် စိုက်ပျိုးရေးနှင့် ပတ်သက်၍ အမြင်ကွဲလွဲမှုများလို့ဆိုရမှာပါ။

ရှေးရိုးစွဲမိဘများဘက်က ပြောနေကြတာက ~
ငါတို့ စပါးစိုက်လာတာ၊ မတ်ပဲစိုက်လာတာ မင်းတို့အသက်မကတော့ဘူး။ မင်းတို့လက်ထက်ကျမှ အထွက်တွေလျော့လာတာ။ ငါတို့စပါးဆိုရင် ပုလဲအိတ်ဝက်လောက် ပက်လိုက်ရင် ပြီးတာကို... မင်းတို့လက်ထက်ကျမှ ထုံးထည့်ရတာနဲ့၊ ကွန်ပေါင်းမြေဩဇာ ထည့်ရတာနဲ့ ကုန်လိုက်တဲ့စရိတ်။
မတ်ပဲဆိုရင်လည်း ဘာဆေးမှ မယ်မယ်ရရ မပက်ခဲ့ရပါဘူး။ ဆေးပက်တာတောင်မှ သစ်ခက်၊ ဝါးရေပြွတ်၊ လက်လှုပ်ပုံးစိမ်းနဲ့ တစ်ဧကမှ တစ်ပုံး၊ နှစ်ပုံး အနံ့ပေးလိုက်ရင် ပြီးခဲ့တာပါ။ တစ်ဧက (၁၀) တင်းလောက်ထွက်လို့ ရှိရင် အဆင်ကို ပြေနေတာတဲ့။
မင်းတို့လက်ထက်ကျမှ...
ဝယ်လိုက်ရတဲ့ဆေး..
ပက်လိုက်ရတဲ့ဆေး..
မင်းတို့ဆေးဖျန်းလေ ပိုးက ပေါလာလေပါကွာတဲ့။
ဒါပေမဲ့ လက်တွေ့ ဖြစ်ပေါ်နေတဲ့...
- စိုက်ပျိုးမြေတွေ ပျက်စီးနေတာ...
- အောက်ပြည်မှာ မြေချဉ်ပြီး အညာမှာ မြေငန်နေတာ...
- စိုက်ပျိုးမြေများတွင် အာဟာရချို့တဲ့မှုများလာတာ..
- စိုက်ပျိုးမြေတွေမှာ မြေဆောင်ရောဂါတွေ ရှိနေခြင်းကြောင့် သီးနှံပင်များ သေဆုံးလာတာ..
- သီးနှံစိုက်ချိန် မျိုးစေ့လူးနယ်ဆေး မသုံးစွဲရင်.. အပင်ငယ်စဉ် ဆေးမဖျန်းနိုင်ရင်..
- ပင်စည်ထိုးယင် ကျရောက်လို့ ပဲသီးချိန်ကျမှ သေဆုံးကုန်တာ..
- ♥ရာသီဥတု ဖောက်ပြန်မှု များခြင်းကြောင့် မိဘများလက်ထက်က မရှိဘူးလို့ ပြောရမဲ့ ပွင့်ထွေးသီးတောင့်ထိုးပိုးနှင့် လှေးကဲ့သို့ပိုးတွေ ကျရောက်မှုဆိုးဝါးလာတာ..
- ယင်ဖြူအပါအဝင် စုပ်စားပိုးများကြောင့် Virus ရောဂါမခံနိုင်သည့်မျိုးများကို စိုက်တယ်ဆို အဝါရောင်မိုစိတ်ရောဂါလို ဗိုင်းရပ်စ်ရောဂါများကျရောက်မှု ဆိုးဝါးလာတာ..
စတာတွေက ယခုခေတ် စိုက်ပျိုးရေးလုပ်ငန်းအတွက် စိန်ခေါ်မှု တစ်ခုဖြစ်လို့နေတယ်ဆိုတာကိုတော့ ရှေးရိုးစွဲမိဘများ မသိကြဘူးလေ။
ခေတ်သားသမီးများဘက်က ပြန်ကြည့်တော့ ~
နည်းပညာတိုးတက်လာပြီး လေ့လာဖို့လွယ်ကူလာတော့... မိဘများနှင့် သဘောထားကွဲလာပါပြီ။
မိဘများရဲ့အတွေးအခေါ်တွေ လုပ်ရပ်တွေကို ခေတ်မမီတော့ဘူးလို့ မြင်လာကြပါတယ်။
- မြေယာပြုပြင်တာကအစ အချိန်ဆွဲလုပ်နေတယ်။
- မြန်မြန်မျိုးစေ့ချရင် ရာသီပိုမီတာကို ထွန်ယက်နေတာနဲ့ အချိန်ကုန်နေတာပဲ။
- ပေါင်းသတ်ဖို့အတွက်များ ထွန်ယက်နေဖို့မလိုပါဘူး.. ပေါင်းသတ်ဆေး ရှိနေတာပဲ။
- မြေညှိတာများ ထွန်စက်မှာ ဂေါ်ပါနေတာ ထိုးညှိလိုက်ရင် တစ်နေ့တည်းနဲ့ ပြီးနေတာကို..တစ်နှစ်လာလည်း မြေညှိ တစ်နှစ်လာလည်း မြေညှိနေတာပဲ။
ဒါမျိုးတွေ သူတို့မြင်ကုန်ကြပါကော။
ဒါပေမဲ့...
- ♥ထွန်ယက်မှုစနစ်ဖြင့် မြေအစိုဓာတ်ထိန်းတာ၊
- ♥အပေါ်ယံမြေ(Top Soil) မဆုံးရှုံးရအောင် စနစ်တကျ မြေညှိရတယ်ဆိုတာ
ခေတ်လူငယ်များဖြစ်ကြတဲ့ သူတို့မသိကြပြန်ပါဘူး။
♥ဒါတွေက အနည်းငယ်မျှသာရှိသေးပြီး ရေးရလျှင်တော့ ကုန်နိုင်မည်မထင်ပါဘူး။
မျိုးဆက် နှစ်ဆက်ကြားမှာ (၂၀-၂၅) နှစ်လောက်သာရှိသေးပြီး ဒီထက်မက ကွာခြားလျှင်တော့ ပို၍သာ အမြင်ကွဲကြဖို့ ရှိပါလိမ့်မည်။
ဆိုတော့...
ခေတ်သစ်စိုက်ပျိုးရေးလုပ်ဆောင်သူများ သိထားရမှာက ရှေးလူကြီးများ၏ စိုက်ပျိုးရေးလုပ်ဆောင်ရာတွင် မြေဩဇာ၊ ပိုးသတ်ဆေးဝါး သုံးစွဲမှု နည်းစနစ်များဟာ ခေတ်နှင့် အံဝင်ခွင်ကျ မရှိတော့သော်လည်း မြေပြုပြင်မှုနည်းစနစ်၊ ပေါင်းမြက်နှိမ်နင်းမှု၊ မျိုးစေ့ချခြင်း၊ စိုက်ပျိုးခြင်း၊ ရာသီဥတု တွက်ချက်မှု၊ စိုက်ပျိုးမှု နည်းစနစ်များကတော့ စနစ်ကျပြီး ကောင်းမွန်မှု ရှိနေတယ်ဆိုတာ ငြင်းပယ်လို့ မရနိုင်ပါဘူး။
ယခုလို နည်းပညာများ လေ့လာဆည်းပူးရန် လွယ်ကူသောခေတ်တွင် စိုက်ပျိုးရေးအခြေခံ၊ ပညာအခြေခံရှိလျှင် လေ့လာဆည်းပူးရာမှာ လွယ်ကူလျင်မြန်ပြီး စိုက်ပျိုးရေးခေတ်ရေစီးကြောင်းနှင့် အံဝင်ခွင်ကျဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းနှင့် တောင်သူလယ်သမားများဘဝ တိုးတက်မြင့်မားလာနိုင်သော်လည်း ~
- စိုက်ပျိုးရေး အခြေခံမရှိသူ။
- ♥စိုက်ပျိုးရေး အခြေခံမရှိဘဲ ပညာသာတတ်သူ။
- ♥ပညာအခြေခံက မရှိဘဲ တတ်ယောင်ကားလုပ်သူ။
- ♥ပညာအခြေခံရှိသော်လည်း တကယ်မတတ်ဘဲ တတ်ယောင်ကားလုပ်သူ။
များ စိုက်ပျိုးရေးလောကထဲမှာ များပြားစွာမြင်တွေ့နေရတာကိုတော့ စိုက်ပျိုးရေးလောကအတွက် ရင်လေးမိပါတယ်။
စိုက်ပျိုးလောကတွင် အမြင်မတူမှု၊ အမြင်ကွဲပြားမှုများမှာ မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်ကြား၊ အသိပညာ၊ အတန်းပညာ၊ ဗဟုသုတ ကွာခြားချက်အပေါ် မူတည်၍ အမြင်ကွဲပြားမှုများ ရှိနေနိုင်ရာ..
မည်သူကိုမှ မှားတယ်၊ မှန်တယ်လို့ မဆိုချင်တော့ပါဘူး၊ ကိုယ့်အတွေးနဲ့ ကိုယ်တော့ မှန်နေကြမှာပါ။
ဒါပေမဲ့... အမှားကိုအမှန်လို့ ဇွတ်မှိတ်ပြီး ယုံကြည်လက်ခံနေလျှင်တော့ဖြင့် ဆိုးကျိုးကို ခံစားရမှာက မိမိသာလို့ပဲ ဆိုချင်ပါတယ်။
ချမ်းမြေ့ပါစေ
ဦးသက်လွင်(ထန်းညီနောင်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Han Linn Aung
လွန်ခဲ့သော ၃ နှစ် ကပြောင်းလဲလာမှုကို လက်ခံတက်ခဲ့ရင် ဘသူမှားတယ် ဘသူမှန်တယ်က ဘာအရေးပါတော့မှာလဲ။ အဓိက ကတော့ ခေတ်ရဲ့ ပြောင်းလဲမှုကို လိုက်မမီရင်တောင် ဆင့်ကဲဖြစ်စဥ်တွေကို လက်ခံတက်ရင်အဆင်ပြေပါတယ်။
တင်အောင်ရဲလွင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ် ဆရာ
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from U Thet Lwin
အားလုံး
နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၂)
22/02/2024
နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၁)
21/02/2024
မတ်ပဲ၊ ကုလားပဲ..နေရာတိုင်းစိုက်မရဘူး။ မြေကျင့်ဖို့လိုတယ်ဆိုတာ တကယ်လား..?
02/11/2023
ပိုးသတ်ဆေးဖျန်းပြီး ငွေဖြုန်းနေကြသူများ
08/06/2023
ပြောင်းလဲမှုပြုရန် လိုအပ်လာသည့် သီးနှံပုံစံနှင့် သီးနှံစိုက်ပျိုးရေးစနစ်များ
24/05/2023