အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Agroforestry (သစ်တောနှင့် စိုက်ပျိုးရေး တွဲဖက်လုပ်ဆောင်ခြင်း)

Agroforestry (သစ်တောနှင့် စိုက်ပျိုးရေး တွဲဖက်လုပ်ဆောင်ခြင်း)

ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။

      Agroforestryကို အချို့သောတောင်သူဦးကြီးတို့ ကြားဖူးသူများရှိသကဲ့သို့ မကြားဖူး သောသူများလည်း ရှိနေပါလိမ့်သည်။ ထို့ကြောင့် ဦးကြီးတို့ ဗဟုသုတလည်းရ၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းတက်စေရန် မျှဝေပေးလိုက်ရပါသည်။

 Agroforestry ဆိုတာဘာလဲ?။

      Agroforestry ဆိုသည်မှာ အရိုးရှင်းဆုံးပြောရရင် စိုက်ပျိုးရေးနှင့် သစ်တော ပေါင်းစပ်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ သစ်တောနှင့် စိုက်ပျိုးရေး ပေါင်းစပ်လုပ်ကိုင်သည်ဟု ဆိုရာတွင် သစ်တောသည် တောင်သူများအတွက် ဝင်ငွေရသော သစ်ပင်များစိုက်ပျိုးနိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် သစ်တောအတွက် နှစ်ရှည်ပင်သီးနှံများ (သို့မဟုတ်) ဝင်ငွေရသော သီးနှံများ အစားထိုးစိုက်ပျိုးခြင်းဖြစ်ပါသည်။ ထို့ကြောင့် Agroforestry ဆိုသည်မှာ တစ်နည်းအားဖြင့် နှစ်ရှည်သီးနှံပင်များနှင့် သက်တမ်းတိုရာသီသီးနှံများ ပေါင်းစပ်စိုက်ပျိုးခြင်း ဟုဆိုနိုင်ပါသည်။ ဥပမာ- သရက်ပင်များကို ပင်ကြားတန်းကြား ကျယ်ကျယ် စိုက်ပျိုး၍ ကြားထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြစ်ပါသည်။ ထို့အပြင် စားကျက်မြေများတွင်လည်း နှစ်ရှည်သီးနှံများနှင့် ရော၍ စိုက်ပျိုးခြင်းသည်လည်း Agroforestry ဖြစ်ပါသည်။ Agroforestryကို နိုင်ငံတော်တော်များများတွင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်  ကျင့်သုံး၍ အသုံးပြုနေကြပါသည်။

Agroforestry ၏ ရည်ရွယ်ချက်

       Agroforestry၏ အဓိကရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် သစ်တောပြုန်းတီးခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ ရာသီဥတုများဖောက်ပြန်လာခြင်း စသည့်တို့အတွက် Agroforestry ကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။ 

Agroforestryကိုပြုလုပ်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ

         Agroforestryကို ပြုလုပ်ခြင်းဖြင့် ပထမဦးဆုံးအနေနှင့် မိမိ၏ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစွာ မြင်ရပါလိမ့်မည်။ ထို့အပြင် တောာင်သူဦးကြီးတို့အတွက် နှစ်ရှည်သီးနှံများ နှင့် ရာသီသီးနှံများမှ ဝင်ငွေနှစ်မျိုးစလုံး ရရှိနိုင်ပါသည်။ ကျေးငှက်များ၊ တောရိုင်းတိရစ္ဆာန် များအတွက် ခိုအောင်းစရာနေရာရရှိခြင်း၊ နှစ်ရှည်သီးနှံပင်များမှကြွေကျသော အရွက်များမှ မြေသြဇာရရှိခြင်း၊ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ပိုမိုကောင်းမွန်စေခြင်း၊ ရေစိမ့်ဝင်မှုပိုမို ကောင်းမွန်စေခြင်း၊ သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားများကို ဖမ်းယူစားသောက် ပေးသော အကျိုးပြုပိုးများအတွက် ခိုးအောင်းစရာနေရာရရှိခြင်း၊ ရာသီဥတုများ ပြန်လည်ကောင်းမွန်လာစေခြင်း၊ မြေပြိုခြင်းများကို ကာကွယ်ပေးခြင်း၊ ရေးကြီးခြင်းကြောင့် တိုက်စားခြင်းကိုလည်း လျော့ချပေးခြင်း၊ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသော ဓာတ်ငွေ့များကို သစ်ပင်များမှ စုပ်ယူပေးခြင်း၊ မြေဆီလွှာ၏ ရေထိန်းစွမ်းအားကို ပိုမိုကောင်းမွန်စေခြင်း၊ မြေဆီလွှာထဲရှိ အာဟာရဓာတ်များကို ထိန်းသိမ်းခြင်း၊ စားကျက်မြေများနှင့် နှစ်ရှည်သီးနှံများ တွဲ၍ စိုက်ပျိုးသောအခါ တိရစ္ဆာန်များမှ ဝင်ငွေရရုံသာမက နှစ်ရှည်သီးနှံများမှပါ ဝင်ငွေရရှိ ခြင်း၊ သစ်တောပြုန်းတီးခြင်းကို လျော့ချပေးခြင်း၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ လိုအပ်မှုကို လျော့ချပေးခြင်း စသည့်အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါသည်။ 

       ထို့ကြောင့် ဦးကြီးတို့အနေနှင့် သဘာဝပတ်ဝန်းကျင်ကို တစ်ဦးတစ်ယောက်ချင်းမှ ထိန်းသိမ်းရန် Agroforestry ကိုစတင်လုပ်ဆောင်ရန် နှိုးဆော်လိုက်ပါသည်။ ဦးကြီးတို့၏ ယာခင်းဘေးရှိ နေရာအလွတ်ကလေး သေးသေးလေးတွင် သရက်ပင်လေးတစ်ပင်ဖြစ်စေ၊ ငှက်ပျောပင်လေးတစ်ပင်ဖြစ်စေ စိုက်ပျိုးပေးခြင်းသည်လည်း Agroforestry ကိုလုပ်ဆောင် ပေးခြင်းဖြစ်ပါသည်။ ထိုစိုက်ပျိုးလိုက်သော သရက်ပင်(သို့မဟုတ်) ငှက်ပျောပင်လေးမှ အနည်းဆုံး မိသားစုစားသုံးရန်အတွက် အသီးများထုတ်လုပ်ပေးပါမည်။ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် Agroforestryကို စတင်လုပ်ဆောင်ကြပါစို့။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

5
အောင်ကိုလင်း

အောင်ကိုလင်း

လွန်ခဲ့သော ၂ နှစ် က

ok

Tun.Tun

Tun.Tun

လွန်ခဲ့သော ၅ နှစ် က

သဘောကြပါတယ်

Than Aye

Than Aye

လွန်ခဲ့သော ၅ နှစ် က

ဒါကတော့ အကောင်း ဆုံး ဘဲ

ရဲဝင်း

ရဲဝင်း

လွန်ခဲ့သော ၅ နှစ် က

နှစ်ရည်ပင်အား

ရဲဝင်း

ရဲဝင်း

လွန်ခဲ့သော ၅ နှစ် က

ရေပေးချင်ပါသည်

You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။