နာနတ်ပွင့်ဆိုတာ..
မြန်မာအမည် - နာနတ်ပွင့်
အင်္ဂလိပ်အမည် -Chinese star anise
Botanical name - Illicium verum Hook
နာနတ်ပွင့်ပင်ဟာ အမြဲစိမ်းပင်ဖြစ်ပြီး အပင်အမြင့် ၄၅ ပေထိ မြင့်နိုင်ပါတယ်။ မူရင်းဒေသတွေက တရုတ်နိုင်ငံ အနောက်တောင်ဘက်ဒေသများနဲ့ ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ဒေသတွေမှာ တွင်ကျယ်စွာ စိုက်ပျိုးဖြစ်ထွန်းကြပါတယ်။
နာနတ်ပွင့်ပင်ဟာ နွေး၍ စိုစွတ်သော၊ တစ်နှစ်ပတ်လုံးပျမ်းမျှအပူချိန် ၁၉ ကနေ ၂၃ ဒီဂရီအတွင်း ရှိသော ဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၀-၁၀၀၀ မီတာ မြင့်သောဒေသများတွင် စိုက်ပျိုးနိုင်ကြပါတယ်။
နာနတ်ပွင့်ဆိုပေမဲ့ အသီးအစေ့အခြောက်ကို အဓိက အသုံးပြုတာပဲဖြစ်ပေမဲ့ ပင်စည် ၊အရွက်များလဲ ထိုအနံ့ကဲ့သို့ ရှိတာကို ထူးခြားစွာတွေ့ရှိရပါတယ်။ တရုတ်ဟင်းလျာအများစုမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများသလို ဝက်သားတုတ်ထိုးလိုမျိုးတွေလည်း အနံ့ မွှေးဖို့ ထည့်သုံးကြပါတယ်။

အသီးက ကြယ်ပုံစံဖြစ်ပြီးအထဲမှာ အကန့်အလိုက် အစေ့လေးတွေပါတာပဲဖြစ်ပါတယ်။
အပင်စိုက်ပျိုးမယ်ဆိုပါက..
အပင်ဖြတ်ကိုင်းကူးနိုင်သလို အစေ့ကနေလည်း စိုက်ပျိုးနိုင်ပါတယ်။ အစေ့လေးတွေ အထွက်ကောင်းတဲ့အပင်ကနေ ခူးယူပြီး ၃ ရက်အတွင်း စိုက်ပျိုးပေးရပါတယ်။ သို့မဟုတ် အခြောက်မလှန်းပဲ အစိုအတိုင်းကို အပူချိန် ၅ ဒီဂရီစင်တီဂရိတ်မှာ တစ်နှစ်ထက်ပိုပြီး သိုလှောင်ထားနိုင်ပါတယ်။
အပင်ပေါက်လေးတွေကို မြေဆီသြဇာထက်သန်တဲ့နေရာမှာ ၃ နှစ်လောက် ပျိုးထောင်ပြီးမှ တကယ့် စိုက်ကွင်းထဲသို့ ရွေ့စိုက်ပေးရပါမယ်။
အပင်သက်တမ်း ၆ နှစ်မှသာ ပန်းနီရောင် အပွင့်လေးများစပွင့်ပြီး အသီးစသီးပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းထိ အသီးသီးနိုင်တယ်လို့ သိရပါတယ်။
စိုက်ပျိုးမှုအရ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်တော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာစိုက်ပျိုးနိုင်ပါတယ်။
ဂျပန်နိုင်ငံ NGO အဖွဲ့များနှင့် Barefoot doctors Myanmar အဖွဲ့တို့မှလဲ Starnise Peace Project ကို ၂၀၁၃ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ကြပြီး နေရာအများအပြားမှာ စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။
ပြင်ဦးလွင် (Fame Organic farm ) ၊မိုးကုတ် ၊တာချီလိတ် ၊ချင်းပြည်နယ်တို့မှာ နာနတ်ပွင့်ပင်များကို တွေ့မြင်နိုင်ပါတယ်။
အသုံးပြုမှု
- အဓိကအနေနဲ့တော့ ဟင်းခတ်အမွှေးအကြိုင် ၊ ရေမွှေး၊ ကုန်ကြမ်းနဲ့ ဆေးဝါးအဖြစ် အဓိက အသုံးပြုကြပါတယ်။
- ဆေးအနေနဲ့ကတော့ သူက မှို၊ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါတွေအတွက်ကောင်းမွန်တဲ့ bioactive compound လည်း ဖြစ်ပါတယ်။
- နာနတ်ပွင့်အစေ့မှ ထုတ်လုပ်သော Shikimic acid ကို တုပ်ကွေးကာကွယ်ဆေးအဖြစ် Tamiflu မှာ ထည့်သွင်းအသုံးပြုကြပါတယ်။
- နာနတ်ပွင့်အစေ့မှ ရသော ဆီ ကို မုန့်ဖုတ်တဲ့နေရာတွေနဲ့ အလှကုန်ပစ္စည်းတွေမှာလည်း အသုံးပြုကြပါသေးတယ်။
- နောက်ပြီး နာနတ်ပွင့်ဆီကို သကြားလုံးနဲ့ အမွှေးနံ့ပါတဲ့ အရက်တွေမှာလည်း ထည့်သုံးကြပါတယ် ။
ကျမ်းကိုး
https://www.foodnetwork.com/fn-dish/how-to/2011/09/how-to-use-star-anise
https://www.healthline.com/nutrition/star-anise#benefits
https://www.sciencedirect.com/topics/agricultural-and-biological-sciences/illicium-verum
https://www.epicgardening.com/star-anise-plant/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မြတ်စုဝေ
အားလုံး
လေကာပင်စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးများ
29/04/2022
အမျိုးအစားစုံလင်လှတဲ့ ဝိုင်များအကြောင်း (၂)
19/03/2022
အမျိုးအစားစုံလင်လှတဲ့ ဝိုင်များအကြောင်း (၁)
18/03/2022
သီးနှံစိုက်ပျိုးမှု မှတ်တမ်းထားရှိခြင်း၏ ကောင်းကျိုးများ
17/03/2022
မြေလှပ်ခြင်းဖြင့် မြေရဲ့အခြေအနေကို ပြောင်းလဲကောင်းမွန်စေတဲ့အချက်များ
20/01/2022