အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမျိုးအစားစုံလင်လှတဲ့ ဝိုင်များအကြောင်း (၁)

အမျိုးအစားစုံလင်လှတဲ့ ဝိုင်များအကြောင်း (၁)

မြတ်စုဝေ
မြတ်စုဝေ • 18/03/2022

 

ဝိုင်တွေဟာဆိုရင် မြန်မာနိုင်ငံကို အင်္ဂလိပ်တွေနယ်ချဲ့အပြီးမှာ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အမျိုးအစားတွေလည်း (၇) မျိူးလောက်ရှိပါတယ်။ အဲ့ဒါတွေကတော့ 

1. Red Wines ဝိုင်နီ - အရသာပြင်းပြင်းနဲ့ tannins သစ်ခေါက်ဆိုးဆေး တွေပါတာဟာ အစားအစာတွေနဲ့ တကယ်ကို လိုက်ဖက်မှုရှိတာပဲဖြစ်ပါတယ်။ Oak (ဝက်သစ်ချ) စည်ထဲမှာထားတာဟာလည်း ဝိုင်နီတွေအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တာလည်းဖြစ်ပါတယ်။ 

 

2. White Wines ဝိုင်ဖြူ - သူကတော့ အရသာ ချဉ်တဲ့ဘက်သွားပြီး ဝိုင်နီတွေထက် ပိုလတ်ဆတ်ပြီး  အနံ့တွေက ပန်းပွင့်၊ သံပုရာ၊ သစ်သီးနံ့ပါဝင်ပါတယ်။ ဝိုင်ဖြူက အခြားဝိုင်တွေထက် အရသာပေါ့ပြီး alcohol (အရက်) ပါဝင်မှုလည်း နည်းပါတယ်။ 

 

3. Rose, 4. orange, 5. sparkling 6. fortified wines 7. Dessert wine (ဒီလိုဝိုင်အမျိုးအစားတွေကိုတော့ ရာသီနဲ့လိုက်ပြီး သုံးဆောင်ကြတာများပါတယ်။ 

Rose နှင်းဆီဝိုင်ကို နွေရာသီ၊ Sparkling wineတွေကို အရေးကြီးပွဲတွေနဲ့၊ fortified wine တွေကို အစာစားပြီးတဲ့အခါ သောက်သုံးကြတယ်။ 

 

ဝိုင်နီ 

 

Red Wines တွေကို စပျစ်သီးမှာဆိုရင် အခွံမည်းနေတဲ့ အသီးမျိုးနဲ့ ပြုလုပ်ပြီး အရောင်မဲ့ ဖျော်ရည်တစ်ခု ရလာပါတယ်။ စပျစ်သီးအခွံကို အတွင်းသားအရည်နဲ့ပေါင်းပြီး ကြိတ်လိုက်တဲ့အခါမှာဆိုရင်တော့ ခရမ်းနီရောင် အဖျော်ယမကာကို ရရှိစေတာပဲဖြစ်ပါတယ်။ 

 

Tannins (သစ်‌ခေါက်ဆိုးဆေး)

 

စပျစ်ရဲ့ အခွံမှာ tannins အရောင်ပါပါတယ်။ အဲ့ဒီ အရာက ဝိုင်နီရဲ့ ခါးသက်သက် အရသာကြောင့် စွဲလမ်းစေတဲ့ အရည်အသွေးကို ပိုင်ဆိုင်စေပါတယ်။ Tannins ဟာ red wine တွေမှာ ကြာရှည်ခံမှုကို ဖြစ်စေပါတယ် ။ ဒါကြောင့် ဝိုင်နီတွေက ဝိုင်ဖြူတွေထက် ပိုကြာကြာထားရပါတယ်။ 

အချိန်အရ tannins နဲ့ ရောင်ခြယ်ပစ္စည်း anthocyanins တွေက ပုလင်းရဲ့ အောက်ခြေကို အမြှုပ်တွေထစေပြီး စစ်ထုတ်ပေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ 

 

Aging (သက်တမ်း) 

 

ဝိုင်နီအများစုကို ဝက်သစ်ချစည်ပိုင်းထဲမှာ ထည့်ပြီး အရသာ၊ အရောင်၊ အနံ့တွေပေါင်းထည့် ကြလေ့ရှိပါတယ်။ ဝက်သစ်ချစည်ပိုင်းထဲမှာ ထည့်ထားခြင်းအားဖြင့် ဝိုင်နီရဲ့ tannins ဒြပ်ပေါင်းကို နူးညံ့စေပြီး အရသာကို ပို smooth ဖြစ်စေပါတယ် ။

 

Taste (အရသာ) 

ဝိုင်နီတွေရဲ့ အနံ့နဲ့အရသာဟာ သူရဲ့ Aging methods (သက်တမ်း) နဲ့ စပျစ်မျိုးတွေပေါ် မူတည်ပါတယ်။ ဝိုင်နီတွေထဲမှာ ပါဝင်တဲ့ အသီးအရသာတွေကတော့ အနီရောင်ရှိတဲ့ အသီးတွေဖြစ်တဲ့ (စတော်ဘယ်ရီ ၊ မက်မန်းသီး) တွေအပြင် အနက်ရောင်ရှိတဲ့ (black berry  ) နဲ့အပြာရောင်ရှိတဲ့ (Blue berry ) တွေပါဝင်ပါတယ်။ 

 

Varietals (အမျိုးအစား)

Red Wines ကို များသောအားဖြင့် red စပျစ်သီးတစ်မျိုးတည်းနဲ့ လုပ်တာများပါတယ်။ အဲ့ဒါကြောင့် သူတို့ကို နာမည်ပေးတဲ့အခါ စပျစ်မျိုး (သို့ ) ထွက်ရှိတဲ့ ဒေသတွေကို အစွဲပြုပြီး နာမည်ပေးလေ့ရှိပါတယ်။ 

 

ဝိုင်နီ ၆မျိုး 

1. Bordeaux (ပြင်သစ်နိုင်ငံ ဘော်ဒို ခရိုင်မှထွက်သော ဝိုင်) 

စပျစ်အမျိုးအစားများစွာနဲ့ ပေါင်းပြီးလုပ်ထားတာပါ ။ ပြင်သစ်ဝိုင်တစ်မျိုးဖြစ်ပြီး

Cabernet Sauvignon, Cabernet franc, Merlot စတဲ့ စပျစ်မျိုးတွေနဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ 

 

2.  Chianti (အီတလီ အလယ်ပိုင်းဒေသမှ ထွက်သော ဝိုင်)

စပျစ်မျိုး တစ်မျိုးဖြစ်တဲ့ sangiovese နဲ့သာပြုလုပ်ထားတာဖြစ်ပါတယ်။ 

 

3.  Rioja (စပိန် မှ ထွက်သော ဝိုင်)

tempranillo စပျစ်နဲ့ လုပ်ထားပြီး ကမ္ဘာပေါ်မှာ တတိယ အများဆုံးစိုက်တဲ့ စပျစ်မျိုးတစ်မျိုးလည်း ဖြစ်ပါတယ်။ 

 

4.  Syrah (ပြင်သစ် ဝိုင်တစ်မျိုး)

Syrah ဆိုတဲ့ စပျစ်မျိုးနဲ့ လုပ်ထားတာဖြစ်ပါတယ်။ 

 

5.  Primitivo (အီတလီ တောင်ပိုင်းဒေသရှိ Primitivo မှ ထွက်သော စပျစ် ဝိုင်တစ်မျိုး) 

zinfandel လို့လဲ ခေါ်ကြပြီး သူ့မှာ alcohol ပါဝင်မှု မြင့်မားစွာ ပါဝင်ပါတယ်။

 

6. Beaujolais ( ဝိုင်နီဆိုပေမဲ့ အခြားဝိုင်နီတွေနဲ့ မတူပဲ တမူထူးခြားပါတယ် )

tannins ပါဝင်မှုနည်းပြီး glou -glou ဆိုတဲ့ အသံပါဝင်ပါတယ်။ (ပြင်သစ်နိုင်ငံ Beaujolais က ထွက်တဲ့ ဝိုင်လည်းဖြစ်ပါတယ်) 

နောက်ထပ် ဝိုင်အမျိုးအစားတွေ အကြောင်းကိုလည်း အပိုင်း(၂) မှာ ဆက်လက်ဖော်ပြ ပေးသွားပါမယ်။

 

 

Reference 

www.wekipedia.org

https://www.masterclass.com

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

2
Ah Nann

Ah Nann

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါရှင်

Ko Min

Ko Min

လွန်ခဲ့သော ၄ နှစ် က

ဘယ်ဝိုင်က ဘယ်လိုအခါမျိုးမှာ သောက်သင့်တာလဲ

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။