အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမျိုးအစားစုံလင်လှတဲ့ ဝိုင်များအကြောင်း (၂)

အမျိုးအစားစုံလင်လှတဲ့ ဝိုင်များအကြောင်း (၂)

မြတ်စုဝေ
မြတ်စုဝေ • 19/03/2022

ဝိုင်ဖြူကို အစိမ်းရောင်အခွံရှိတဲ့ အသီးနဲ့ လုပ်ပေမယ့် သူကလည်း အရောင်မဲ့ ဖျော်ရည်တစ်မျိုးက‌နေ စတင်တာပဲဖြစ်ပါတယ်။ ဝိုင်ဖြူအတွက်ကတော့ စပျစ်မှာဆိုရင် အခွံတွေကို အချဉ်မဖောက်ခင်မှာ ဖယ်ရှားပြီး လုပ်ကြတာ ဖြစ်ပါတယ် ။ ဝိုင်ဖြူတွေမှာ အချဉ်ဓာတ်နဲ့ အနံ့ဟာ အလွန်အရေးကြီးပါတယ် ။ ဘာကြောင့်လဲ ဆိုရင် သူ့မှာက စပျစ်ခွံမပါတော့  tanninsမပါလို့ပါ။

 

Aging (သက်တမ်း)

ဝိုင်ဖြူ တွေကိုတော့ များသောအားဖြင့် Stainless steel အိုး (အရောင်အစွန်းအထင်းကင်းတဲ့ သံမဏိ) နဲ့ သက်တမ်းရင့်တဲ့ထိသိုလှောင်ကြတာ များပါတယ်။ ဘာကြောင့်လဲဆိုရင် လတ်ဆတ်တဲ့အနံ့ရစေတာမို့ပါ။

 

Taste (အရသာ) 

ဝိုင်ဖြူတွေက dry to sweet style ဘက်သွားတာများပြီး တစ်ချို့ ထုတ်လုပ်သူတွေက Dry wine နဲ့ Sweet wine ဆိုပြီး ခွဲခြားထုတ်လုပ်ကြတာမျိုးလည်း ရှိကြပါတယ်။

 

Aroma (ရနံ့)

လတ်ဆတ်တဲ့ သစ်သီးနဲ့ သို့မဟုတ် ပန်းအနံ့လေးတွေ များပါတယ်။ ဝိုင်ဖြူတွေ အနေနဲ့ကတော့  မာတဲ့အသီးတွေဖြစ်တဲ့ မက်မွန်၊ မက်မန်း၊ ပန်းသီးနဲ့ သစ်တော်သီး ဝိုင်စတာတွေရှိပါတယ်။

 

ဝိုင်ဖြူ အမျိုးအစားများ

 

1. Pinot Grigio (အီတလီ နဲ့ ပြင်သစ်မှာစိုက်တဲ့ စပျစ်မျိုးတွေက ထုတ်တဲ့ ဝိုင်)

လတ်ဆတ်တဲ့ဝိုင်တစ်မျိုးဖြစ်ပြီး US(အမေရိကန်နိုင်ငံ) မှာ ဒုတိယ နာမည်အကြီးဆုံး ဝိုင်ဖြူလည်း ဖြစ်ပါတယ်။

 

2. Sauvignon Blanc (ပြင်သစ် ၊အီတလီ နဲ့ နယူးဇီလန်တို့မှာ စိုက်သော စပျစ်မျိုး မှ ‌ထုတ်သော ဝိုင်)

ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးဖြစ်ပြီး ဝိုင်ဖြူတွေထဲမှာ အချဉ်ဓာတ်ပြင်းပြင်းပါဝင်တဲ့ ဝိုင်လည်း ဖြစ်ပါတယ်။ 

 

3. Riesling (ရနံ့ဆွဲဆောင်အားကောင်းတဲ့ စပျစ်မျိုးမှ ထုတ်တဲ့ဝိုင်)

အချဉ်နံ့လေးပါပြီး မာတဲ့အသီး၊ အဖြူရောင်ပန်း နဲ့ အချဉ်ဓာတ်နည်းနည်းပြင်းတဲ့ ဝိုင်တစ်မျိုးပဲ ဖြစ်ပါတယ်။ 

 

4. Chardonnay (ကမ္ဘာပေါ်မှာ အထင်ရှားဆုံးသော ဝိုင်တစ်မျိုး)

အချဉ်ဓာတ်နည်းပြီး နေရာဒေသအသီးသီးအလိုက် ကွားခြားမှုတွေရှိတဲ့အတွက် ကြိုက်နှစ်သက်ဖွယ် ကောင်းတဲ့ ‌ဝိုင်အမျိုးအစားပဲဖြစ်ပါတယ် ။

 

Rosé Wine

အနီရောင် စပျစ်သီးကနေ ထုတ်လုပ်တာဖြစ်ပြီး သူရဲ့အခွံတွေကိုတော့ ပျော့ပြောင်းအောင် ရေစိမ်ကာ ၂၄ နာရီ မတိုင်ခင် ဖယ်ရှားပစ်လိုက်ပြီးမှ ထုတ်လုပ်တာပဲဖြစ်ပါတယ်။

သူရဲ့ အခွံတွေက ဝိုင်ကို ပန်းရောင်လေးရအောင်ပြုလုပ်ပေးတာလည်းဖြစ်ပါတယ် ။ (tannins တော့မပါဝင်ပါ)

Rosé ဝိုင်တွေက များသောအားဖြင့် ဝိုင်နီတွေနဲ့ ဆင်တူပြီး စတော်ဘယ်ရီ ၊ ချယ်ရီ ၊ raspberry နဲ့ အခြားအပူပိုင်း ဝိုင်အရသာတွေဖြစ်တဲ့ citrus နဲ့ အပူပိုင်း အသီးဝိုင်တို့ပါဝင်ပါတယ် ။

 

Sparkling Wine

Sparkling wine တွေကတော့ ဝိုင်ဖြူ၊ ဝိုင်နီ၊ rose တွေဖြစ်နိုင်ပါတယ်။ Sparkling wineတွေရဲ့ သကြားပါဝင်မှုဟာ Dry or Sweet wine တွေရဲ့ ကြားမှာ ရှိပါတယ်။ နောက်ပြီး သူတို့မှာ အချဉ်ဓာတ်နဲ့ balance ဖြစ်ဖို့ သကြားကို ထည့်ပေးထားကြတာပဲဖြစ်ပါတယ်။ 

 

လူသိများတဲ့ Sparkling wine နှစ်မျိုးကတော့  Champagne  (ရှန်ပိန် )နဲ့ prosecco (ပရိုစက်ကို)  ပဲဖြစ်ပါတယ် ။

ရှန်ပိန်Champagne ကိုတော့ ရိုးရာဓလေ့ traditional methods ဖြင့် ထုတ်လုပ်တာဖြစ်ပြီး မူလ alcoholic fermentation ( အရက်ပမာဏပါဝင်အောင် အချဉ်ဖောက်ခြင်း ) နဲ့   ဒုတိယအဆင့် ထပ်အချဉ်ဖောက်ခြင်း တို့ကြောင့် ဝိုင်ပုလင်းထဲမှာ bubbles (ပူဖောင်း )လေးတွေကို ထုတ်စေတာဖြစ်ပါတယ်။ 

Prosecco ကိုတော့ Glera စပျစ်မျိုးနဲ့ ပြုလုပ်ပြီး ဒုတိယအဆင့် အချဉ်ဖောက်မှုကို အလုံပိတ် စည်ပိုင်းထဲထည့် ပြုလုပ်တာပဲဖြစ်ပါတယ် ။

Fortified wines

ဝိုင်ကို Brandy လိုမျိုး အရက်နဲ့ ပေါင်းစပ်ထားတဲ့ ဝိုင်မျိုးကိုပြောတာပါ ။ Port, Madeira, Marsala တွေဟာ fortified ဝိုင်တွေပဲဖြစ်ပါတယ်။ fortified ဝိုင်က အခြားဝိုင်တွေထက် alcohol % ပိုမြင့်မားစွာ ပါဝင် နေတာလည်း ဖြစ်ပါတယ် ။ 

ကဲ ဒါဆိုရင်တော့ အမျိုးအစားစုံလင်လှတဲ့ ဝိုင်အမျိုးအစားတွေအကြောင်း စုံစုံလင်လင် သိသွား လောက်ပါပြီပေါ့နော်။

Reference 

www.masterclass.com

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
win min Phyo

win min Phyo

လွန်ခဲ့သော ၁ နှစ် က

မြန်မာနိုင်ငံမာ ဝိုင်နဲ့စီးပွားရှာချင်တယ်ဆိုအ‌ဆင်ပြေလောက်လားဗျ အခုနိုင်ငံခြားမှာပါ ဝိုင်အတွက်အရင်းအနှီးစုနေပါတယ်

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။