အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အခြေခံဝါးရုံပြုပြင်ခြင်းနည်းစနစ်များ အပိုင်း ၁ - Clump Management Part I

အခြေခံဝါးရုံပြုပြင်ခြင်းနည်းစနစ်များ အပိုင်း ၁ - Clump Management Part I

BIF
BIF • BIF • 13/12/2018

ဝါးပိုးအုပ်စုဝင်များအတွက်သာ အဓိကထားဖော်ပြပါသည်။

ဝါးရုံများကို စနစ်တကျပြုပြင်ခြင်းဖြင့် ရရှိလာနိုင်သောအကျိုးကျေးဇူးများ (Benefits of Clump Management)

၁။ လူမှုရေး၊ စီးပွားရေး နှင့် သဘာဝဂေဟစနစ်တို့ကို အချိုးညီစွာ ထိန်းသိမ်းနိုင်ရန်။

၂။ ဝါးစိုက်ပျိုးထုတ်လုပ်မှုစွမ်းအားမြင့်မားလာစေရန်။

၃။ ဝါးနု (မျှစ်)ထွက်ရှိမှုများပြားလာစေရန်။

၃-၁ ဝါးပင်အဖြစ်ပြောင်းလဲသွားနိုင်မည့် ဝါးနု (မျှစ်) ထွက်ရှိမှုများပြားလာစေရန်

၃-၂ ဝါးရုံ၏ ပင်စည်များ ရေရှည်ကျန်းမာသန်စွမ်းရေးကို ထိန်းသိမ်းနိုင်ရန်။

ဆောက်လုပ်ရေးလုပ်ငန်းအတွက် အသုံးပြုနိုင်သော အရည်အသွေးရှိဝါး ပင်များတိုးပွားလာစေရန်။

ဝါးရုံများကို ကနဦး ပြုပြင်ခြင်း ( Initial adjustment of clump structure)

၁။ ဝါးရုံကျန်းမာသန်စွမ်းမှုအတွက် အနှောက်အယှက်ပေးနေသော ဝါးလုံးများကို ဖယ်ရှားပစ်ရမည်။ ဥပမာ ရောဂါဝင်နေသောဝါးလုံးများ၊ သက်တမ်းရင့်သောဝါးလုံးများ ( ၅ နှစ် နှင့်အထက်)၊ ကောက်ကွေးနေသော ဝါးလုံးများ၊ အရွယ်အစားမမှန်သော သေးလွန်းသော ဝါးလုံးများ၊ ကျိုးပဲ့ပျက်စီးနေသော ဝါးလုံးများ) အစရှိသည်တို့ဖြစ်သည်။

၂။ လေဝင်လေထွက်ကောင်းမွန်စေရန် ဝါးရုံအတွင် သိပ်သည်းမှုကိုလည်း ပြုပြင်ပေးရမည်။

ဝါးပင်၏ သက်တမ်းစက်ဝိုင်း (Bamboo Life Cycle)

၁။ ကျိုးပဲ့ပျက်စီးနေသော ဝါးလုံးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါနည်း (Broken culmps)

၁။ ဝါးရုံအတွင်း နေရာယူမှုဖြစ်စေတယ်။

၂။ မျှစ်များကြီးထွားမှုအတွက် နေရောင်ခြည်ရရှိမှုကို ဟန့်တားထား ။

၃။ တစ်ခြားကျန်းမာသော ဝါးလုံးများကို ရောဂါ၊ ပိုးမွှားကူးစက်စေတယ် ။

၄။ မှိုရောဂါနှင့်သက်ဆိုင်သော အရာများ ပွားများစေသည် ။

၂။ ကောက်ကွေးနေသော ဝါးလုံးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါနည်း ။ (Too bent)

၁။ ဝါလုံးအသစ်များ နှင့် မျှစ်များ၏ ပုံမှန်ကြီးထွားမှု၊ ဖြောင့်တန်းမှုကို အနှောက်အယှက်ဖြစ်စေသည်။

၂။ ကောက်ကွေးနေသော ဝါးများကို ဝါးနု (မျှစ်စို့များ) များလုံလောက်သော ကြီးထွားမှုရရှိပြီး ခြောက်သွေ့သော ဝါးလုံးခုတ်သော ရာသီတွင်သာ ခုတ်ထွင်ရှင်းလင်းသင့်သည် ။

၃။ သက်တမ်းရင်သော ဝါးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါသနည်း (Too old)

၁။ ဝါးအမျိုးအစားပေါ်မူတည်ပြီး ၅နှစ် (သို့) ၇နှစ်နှင့်အထက် ဝါးလုံးများကို ဝါးရုံတွင်မထားသင့်ပါ။

၂။ သက်ကြီးဝါးများသည် ကြံ့ခိုင်မှုအားနည်းသည့်အတွက်ကြောင့် အသုံးဝင်မှုနည်းသွားသည် အဓိကအားဖြင့် ဝါးဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝါးလက်မှုလုပ်ငန်းများတွင် သုံးရန်မသင့်။ထို့အပြင် မျှစ်စို့များ ထွက်ရန်မတတ်နိုင်သည့်အပြင် ဝါးရုံအတွင်းနေရာယူမှုများကြောင့် ဖယ်ရှားရမည်။

၄။ အရွယ်အစားမမှန်သော၊ သေးလွန်းသော ဝါးလုံးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါသနည်း ( Too Samll)

၁။ ဝါးရုံအတွင် အပင်သိပ်သည်းမှုကိုဖြစ်စေတဲ့အတွက် အခြားဝါးလုံးများ၏ကြီးထွားမှုအတွက် အဟန့်အတားဖြစ်စေသည်။

၂။ ဝါးရုံကို ပြုပြင်ထိန်းသိမ်းရာတွင်လည်း အလွယ်တကူပျက်စီးကျိုးပဲ့လွယ်တယ် ။

၃။ မျှစ်စို့ထွက်လာရင်လည်း အရည်အသွေးညံ့သော မျှစ်စို့များသာထုတ်နိုင်သည် ။( ဝါးလုံးဖြစ်လာရန်မသေချာသော)

၅။ ရောဂါပိုးကျနေသောဝါးလုံးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါသနည်း (Disease culmp/ too sick)

၁။ မှိုရောဂါများပွားများရန် အခြေအနေပေးခြင်း ။

၂။ ပိုးမွှားများဝင်ရောက်ရန်လွယ်ကူခြင်း ။

၃။ ဝါးလုံးများကို အရည်အသွေးကျစေသော ကပ်ပါးကောင်များကို ကျရောက်စေခြင်း ။

BIF

ဦထွန်းလင်း

ဦထွန်းလင်း

လွန်ခဲ့သော ၁ နှစ် က

မှိုကပ်နေတာဘာလုပ်ရလဲ

ဦထွန်းလင်း

ဦထွန်းလင်း

လွန်ခဲ့သော ၁ နှစ် က

ဘာမ လာုပ်တပ်လိုမေတာပါသီခံပါ

ဦထွန်းလင်း

ဦထွန်းလင်း

လွန်ခဲ့သော ၁ နှစ် က

ဝါးအသေလေတွေခှပ်ရပါသလား

You
BIF

နည်းပညာမိတ်ဖက်အဖွဲ့

BIF

BIF ကို ဗြိတိန် အစိုးရရဲ့နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) မှ ငွေကြေး အထောက်အပံ့ပေးထားပါသည်။ မြန်မာနိုင်ငံဧ။် ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ဝါးလုပ်ငန်း အခန်းကဏ္ဍများတွင် စီးပွားရေးအရ အောင်မြင်သော၊ ထူးခြားဆန်းသစ်မှုရှိသောနှင့် ဝင်ငွေနိမ့်ပါးသော ဒေသခံများပါ အကျိုးခံစားခွင့် ရရှိစေသော စီးပွားရေးလုပ်ငန်းများ ပေါ် ထွက်လာစေရန် BIF မှ ပံ့ပိုးပေးလျှက်ရှိပါသည်။ အထက်ဖော်ပြပါ အခန်းကဏ္ဍများတွင် ဝင်ငွေနည်းပါးသူနှင့် အခွင့်အရေးနည်းပါးသူများအတွက် ပါဝင်အကျိုးခံစားခွင့် ရနိုင်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျှက်ရှိပါသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။