အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေညှိတွေက ဘာလို့ဖြစ် ? အပင်တွေကို ဒုက္ခပေးမှာလား ?

ရေညှိတွေက ဘာလို့ဖြစ် ? အပင်တွေကို ဒုက္ခပေးမှာလား ?

အစိုဓာတ်များတာ၊ ရေမကြာမကြာလောင်းတာကြောင့် ဖြစ်ပါတယ်။

မြေမှာ ဖော့စဖရပ်ပေါကြွယ်ဝရင်လည်း ဖြစ်တတ်ပါတယ်။

ကျွန်တော်ကတော့ ရေညှိတွေတွေ့ရရင်... အကြမ်းဖျဉ်းအားဖြင့် ဒီမြေက... 

P - ဖော့စဖရပ် ပေါကြွယ်ဝတယ်လို့ သတ်မှတ်ပါတယ်။

ဒုက္ခကတော့ နည်းနည်းဆိုရင် မပေးပါ။ အများကြီးဆိုရင်တော့ ပေးပါတယ်။

ဘယ်လိုပေးတာလဲ?

အမြစ်တွေလဲ အသက်ရှုပါတယ်နော်။ အစာလည်းစားပါတယ်။ အမြစ်တွေမှာ အပေါက်သေးသေးလေးတွေ ပါပါတယ်။

အဲ့အပေါ်ကနေ ရေညှိတွေ ပြင်လိုက်အထူကြီးဖြစ်လာတော့ ဓာတ်ငွေ့ဖလှယ်မှု (gases exchange)

အသက်ရှူတာတွေအတွက် အခက်ဖြစ်စေတာပေါ့။

ဒီတော့... ဘာလုပ်ရမှာလဲ ???

အိမ်မှာဆိုရင်တော့..

အိုးတွေထဲ ပျိုးထုတ်တွေထဲဆိုရင်... သစ်ကြံပိုးမှုန့် (cinnamon powder)ကို ဖြူးပေး/ဖျန်းပေးနိုင်ပါတယ်။

ဩဂဲနစ်ပါ။ အပင်မနာပါဘူး။ မြေထဲမှာစုမလာပါဘူး။ ခွေးတွေကြောင်တွေအတွက်လည်း ပြဿနာ မရှိပါဘူး။

သစ်ကြံပိုးမှုန့် (cinnamon powder) က စူပါမားကတ်တွေမှာ ပေါပါတယ်နော်။ စပါးခင်းတွေလို ဧကလိုက်တွေဖြစ်တယ်ဆိုရင်တော့.. သစ်ကြံပိုးမှုန့်ဖိုးနဲ့ မွဲသွားနိုင်ပါမယ်။ 

အဲ့ကျရင်တော့..

ဘော်ဒိုဆေးရည်လိုမျိုး ကော့ပါးပါတဲ့ မှိုသတ်ဆေးတွေကို သုံးပေးနိုင်ပါတယ်။ 

ခဏ ခဏတော့ မသုံးပါနဲ့။ ကော့ပါးတွေမြေထဲမှာ တအားများပြီး စုလာမှာစိုးလို့ပါ။ အဲ့ကျရင် နောက် ပြဿနာတစ်ခု ထပ်လာပါလိမ့်မယ်။ 

ကျွန်တော်ကြိုက်တာကတော့.. 

သားရည်လက်အိတ်ရှည်နဲ့ ရေညိှတွေကိုဆယ်ပြီး...မြေဆွေးလုပ်ပါ။ သိပ်ကိုကောင်းပါတယ်။ 

တစ်ချို့ရေညှိတွေက အဆိပ်ရှိလို့ ...အသားနဲ့တိုက်ရိုက်မထိပါနဲ့။

ရှာလကာရည်၊ ထုံး၊ ကော့ပါး၊ မုန့်ဖုတ်ဆိုဒါ၊ ကလိုရင်း စတာတွေကလဲ ရေညှိတွေကို ဟန့်တားစေပါတယ်။

ဖုန်းမာန်တိုး 

Are algae harmful to plants ?

(potting media, on the ground, 

in the field)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

စပါးပင်နှင့်ရေညှိ

စပါးပင်နှင့်ရေညှိ

အကြောင်းအရာ 2

ရေညှိပြဿနာ

ရေညှိပြဿနာ

1
aunglha

aunglha

လွန်ခဲ့သော ၃ နှစ် က

စပ်မြေဆို အဲလိုဖြစ်တတ်တယ်

You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။