ပြောင်းလဲလာတဲ့ ပိုးသတ်ဆေးများရဲ့ သမိုင်းကြောင်း
ပိုးသတ်ဆေးတွေကို စိုက်ခင်းထဲက ပိုးတွေ သေအောင်၊ ပြေးအောင်၊ အပင်တွေမှာ မကျအောင် သုံးကြပါတယ်။
ပိုးသတ်ဆေး အုပ်စုဆိုတာက ဓာတုဖွဲ့စည်းမှုအခြေခံတူပြီး အဆိပ်သင့်တဲ့ပုံစံတူ ဆေးတွေကို တစ်စုတည်း ထား ထားတာဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေက ဟိုးယခင်ခေတ်ကတည်းကစပြီး ယနေ့အထိ အမျိုးမျိုး ပေါ်ပေါက်လာတယ်၊ ထီထွင်ထုတ်လုပ်လာကြတယ်ဆိုတာ ပိုးတွေက ဆေးတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိလာတာတွေ၊ အပင်လောင်ပြီး ထိခိုက်တာတွေနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်တာတွေကြောင့် အခုလိုအမျိုးမျိုး ပြောင်းလဲလာရတာဖြစ်ပါတယ်။ ကော့ပါး၊ ထုံး၊ ကန့်မှုန့် (ဆာလ်ဖာ)၊ အိမ်သုံးဆားစတာတွေကို စိုက်ခင်းထဲက ဖျက်ပိုးတွေအတွက် စပြီး သုံးကြပါတယ်။ အဲ့နောက်ပိုင်းမှာတော့ အာစင်းနစ်နဲ့ ခဲ၊ ပြဒါးတွေပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ထီထွင်ကြလာပါတယ်။ ပြီးတဲ့နောက်မှာ DDT လို့ခေါ်တဲ့ ပိုးသတ်ဆေး ပေါ်လာပါတယ်။
DDTက အော်ဂန်နိုကလိုရင်း (Organochlorine), OC ဆေးအုပ်စုဝင်ပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီဆေးက သိပ်ကို အဆိပ်ပြင်းပြီး အန္တရာယ်ကြီးတဲ့အတွက် သတ္တဝါတော်တော်များများကို ဒုက္ခဖြစ်စေလာပါတယ်။ ထို့အတွက် နောက်ထပ် ဆေးအုပ်စု ထွင်ရပြန်ပါတယ်။

အဲ့ဒါကတော့ အော်ဂန်နိုဖော့စဖိတ် (Organophosphate) OP ဆေးတွေပါပဲ။ သူ့ထဲမှာတော့ မာလာသီရွန် (Malathion), ဒိုင်ယာဇီနွန် (Diazinon), ကလိုပိုင်ရီဖော့ (Chlorpyriphos) ဆေး၊ ပရိုဖန်နိုဖော့ (Profenofos) ဒိုင်မီသိုအိတ် (Dimethoate) စတဲ့ ဆေး အေအိုင် တွေပါပါတယ်။ ဒီအုပ်စုကလဲ မထူး ဇာတ်ခင်းပြီး ရှေးမူ မပျက် လူ နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှု ပြင်းထန်နေပါတယ်။ ဒီအခါမှာတော့ ကာဘာမိတ် အုပ်စုတွေ (Carbamate) ဆေး အုပ်စု OP တွေနဲ့ သိပ်မကွာဘဲ ပြိုင်တူ ထုတ်ပြန်ပါတယ်။
ကာဘာမိတ်ဆေး အချို့ကတော့ - ကာဘာရိုင်း (Carbaryl, Sevin), (Carbofuran, Furadan), ကာဘိုဆာလ်ဖန် (Carbosulfan), (Thiodicarb) (Fenoxycarb) (Aldicarb) (Methomyl) (Oxamyl) စသည်တို့ဖြစ်ပါတယ်။ ကာဘာမိတ်ဆေးတွေကို ပိုးတွေက ကြာတော့ ဒဏ် ခံနိုင်ရည် ရှိလာတာတွေ နဲ့ မလိုလားတဲ့နေရာတွေမှာ အဆိပ်သင့်တာတွေက ရှိလာပြန်တော့ နောက်ထပ် အုပ်စုတွေဖြစ်တဲ့ပယ်ရီသရိုက် (Pyrethroid)၊ နီအိုနီကိုတင်နွိုက် (Neonicotinoid) စတဲ့ ဆေး အုပ်စုသစ်တွေ ထပ်ထပ်ထုတ်လာရပြန်ပါတယ်။ နောက်ထပ် လူနဲ့ ပတ်ဝန်းကျင် အဆိပ်သင့် အန္တရာယ်တွေကနေ လျော့ကျဖို့ ထုတ်ထားတဲ့ အုပ်စုကတော့ အေမိုက် ပိုးသတ်ဆေးတွေပဲ ဖြစ်ပါတယ်။
အေမိုက် ပိုးသတ်ဆေး အုပ်စု (Amide) ထဲမှာတော့ tetraniliprole, cyclaniliprole, chlorantraniliprole, cyantraniliprole, bromoantraniliprole, flonicamid, tolfenpyrad, flonicamidand, flubendiamide စတဲ့ ဆေးအေအိုင် တွေပါဝင်ပါတယ်။
အခု ထုတ်ထားတာက အရမ်းလည်း မကြာသေးဘူး မြန်မာပြည်ကိုလည်း ရောက်လာပြီဖြစ်တဲ့ ဆေးအုပ်စုတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ ဒိုင်အေမိုက် ပိုးသတ်ဆေး အုပ်စု (Diamide) တွေပဲဖြစ်ပါတယ်။ ဒိုင်အေမိုက်ဆိုတာ အေမိုက် အုပ်စုရဲ့ အောက်က အခွဲ တစ်ခု ဖြစ်ပါတယ်။ ဘာကွာလဲဆိုရင် အကြမ်းဖျင်းတော့ ဓာတုတည်ဆောက်မှုအရ အေမိုက်အုပ်စု နှစ်ခု ပါဝင်တယ်လို့ပဲ အကြမ်းဖျဉ်း မှတ်ပေးပါ။
မြန်မာပြည်နဲ့ သင့်တော်တဲ့ဒိုင်အေမိုက်ဆေးအုပ်စုအကြောင်းသိချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်ကနေ ဖတ်နိုင်ပါတယ်။
ဒိုင်အေမိုက် ပိုးသတ်ဆေးအုပ်စုထဲက မြန်မာပြည်နဲ့သင့်တော်တဲ့ အစွမ်းထက်အေအိုင် (၄) မျိုး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Zaw Lay
လွန်ခဲ့သော ၂ နှစ် ကဒုတ်တာကိုပဲခင်းမှာသုံးလို့ရပါသလား
than zaw oo
လွန်ခဲ့သော ၂ နှစ် ကပိုသတ်ဆေး ဘယ်လိုလုပ်ရမလဲ ပြောပြပေပါလာ ဆရာ
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024