အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြည်တွင်းလျှော်ဖြူဈေးကွက်တိုးတက်စေရန် ရွေ့လျားအရောင်းစနစ်ဖြင့် စတင်ရောင်းချမည်

ပြည်တွင်းလျှော်ဖြူဈေးကွက်တိုးတက်စေရန် ရွေ့လျားအရောင်းစနစ်ဖြင့် စတင်ရောင်းချမည်

ပြည်တွင်းလျှော်ဖြူဈေးကွက် တိုးတက်စေရန် ရွေ့လျားအရောင်းစနစ်ဖြင့် ရောင်းချရန် စီစဉ်ကြိုးပမ်းနေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။

"လျှော်ဖြူကို တန်ဖိုးမြင့်ထုတ်ကုန် (Value Added) လုပ်ထားတဲ့ စားသောက်ကုန်/အအေး စတာတွေကို ရွေ့လျားထရပ်ကားနဲ့ လိုက်လံရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ ဒီလအတွင်းမှာပဲ စတင်ရောင်းချသွားမှာပါ။ အရင်ဆုံး မန္တလေးမြို့တစ်ဝိုက်မှာ စတင်ရောင်းချဖြစ်မှာပါ။ လျှော်ဖြူစေး (ဆေးကုလားမ) ရဲ့ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ပုံ၊ ခန္ဓာကိုယ်အတွက် အကျိုးပြုပုံ ကောင်းကျိုးတွေကို လူအများ သိရှိနားလည်လာပြီး၊ စားသုံးမှု တိုးမြှင့်လာဖို့အတွက် ရည်ရွယ်ပါတယ်။ ဆေးကုလားမကို မန်ကျည်းဖျော်ရည်ထဲမှာ ထည့်သောက်တာအပြင် တခြားနည်းလမ်းတွေနဲ့ သုံးစွဲလို့ရတယ်ဆိုတာကိုလည်း အများသိရှိအောင် မျှဝေပေးချင်ပါတယ်။"

ဟု မန္တ​လေးတိုင်း​ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဂန္ဓမာရွာ၊ မန္တ​လေး-မတ္တရာကားလမ်း၊ မိုင်တိုင်(၁၁) အနီးရှိ နန္ဒဝန်လျှော်ဖြူထုတ်လုပ်ရေးခြံမှ စီမံအုပ်ချုပ်သူ ဦးဇင်မင်းသန့်က ပြောသည်။

ပြည်ပသို့တင်ပို့ရောင်းချသည့် လျှော်ဖြူစေး Export ပြည်ပဈေးကွက် ကျဆင်းလျက်ရှိသော်လည်း တောင်သူများအနေဖြင့် စိတ်ဓာတ်မကျဘဲ ပြည်တွင်းဈေးကွက်သစ်များ ဖော်ဆောင်နိုင်ရန် ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

"ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ စီစဉ်နေတာဖြစ်ပါတယ်။ ပြည်ပဈေးကွက်က အခုလိုအားနည်းလာပေမယ့်လည်း ကုန်ချောအဖြစ်နဲ့ လျှော်ဖြူစားသောက်ကုန် ထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချနေပါတယ်။ ဓာတုဆေးဝါးမပါ သန့်စင်ပြီး လျှော်ဖြူစေးကို ဆေးကုလားမ သီးသန့်အနေနဲ့ အပြင်၊ ရေခဲမှုန် တစ်ခါဖျော်ထုပ် (အချိုပါ, အချိုမပါ)၊ မန်ကျည်းလျှော်ဖြူ၊ ပင်ပွားလျှော်ဖြူ၊ ထန်းလျက်လျှော်ဖြူ စတဲ့ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်ပြီး ရန်ကုန်နဲ့ တခြားမြို့တွေကို တစ်နိုင်တစ်ပိုင်တင်ပို့ရောင်းချပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

လျှော်ဖြူစေး (ဆေးကုလားမ) ကို စားသုံးခြင်းကြောင့် ရရှိနိုင်သောအကျိုးအာနိသင်များမှာ ဆီး၊ ဝမ်း၊ သွေး၊ လေ မှန်ကန်ခြင်း၊ သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးခြင်း၊ ခွန်အားတိုး အဆီကျလှပစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အသားအရေ စိုပြေဝင်းပစေခြင်း၊ ပူပြင်းသောရာသီဥတုမျိုးတွင် စားသုံးပေးသင့်ခြင်း စသည်တို့ ဖြစ်သည်။

ပြည်တွင်း၌ ဆေးကုလားမကို ရေခဲမုန့်၊ ဂျယ်လီ၊ ရွှေရင်အေး စသည့် မြန်မာရိုးရာ အဖျော်စားသောက်ကုန်များတွင် ထည့်သွင်းအသုံးပြုခြင်း၊ တိုင်းရင်းဆေးအနေဖြင့် ဆီးရွှင်ဆေး၊ ဝမ်းပျော့ဆေး၊ အားတိုးဆေးများ ဖော်စပ်ရာတွင်လည်းကောင်း၊ လျှော်ဖြူအခြေခံ စားသောက်ကုန်နှင့် အလှကုန်များတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
အာရွန်

အာရွန်

လွန်ခဲ့သော ၄ နှစ် က

ဈေးကွက်လေးရှိရင်သိချင်ပါတယ် ပခုက္ကူကပါ

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။