ငွေနှင်းမှိုစိုက်ပျိုးမှု များပြားလာပြီး၊ မှိုဈေးနှုန်း အနည်းငယ်အေးနေ
နေပြည်တော်အနီးတစ်ဝိုက်ဒေသများတွင် ငွေနှင်းမှိုစိုက်ပျိုးမှု များပြားလာပြီး၊ မှိုဈေး အနည်းငယ် အေးနေကြောင်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
"ငွေနှင်းမှိုဈေးက နည်းနည်းအေးနေတယ်။ အရင်ဆို ဒိုင်သွင်းဈေး (တောင်သူများမှ မှိုဒိုင်သို့ သွင်းသည့်ဈေး) က တစ်ပိဿာကို ၂၅၀၀ ကျပ်၊ ဒိုင်ရောင်းဈေး (မှိုဒိုင်မှ ဈေးကွက်သို့ လက်ကားပြန်ရောင်းသည့် ဈေး) က တစ်ပိဿာကို ၃၅၀၀ ကျပ် ရှိခဲ့တယ်။ အခုကျတော့ ဒိုင်သွင်းဈေးက တစ်ပိဿာကို ၂၃၀၀ ကျပ်၊ ဒိုင်ရောင်းဈေးက တစ်ပိဿာကို ၃၀၀၀ ကျပ်ပဲ ဈေးရှိတော့ပါတယ်။ အခုနောက်ပိုင်းနေပြည်တော်အနီးတဝိုက်မှာ ငွေနှင်းမှိုစိုက်ပျိုးမှု အရင်ကထက် ပိုများလာတဲ့အတွက်ကြောင့်လို့ မြင်ပါတယ်။"
ဟု နေပြည်တော်၊ ပျဉ်းမနားမြို့မှ ငွေနှင်းမှို စီးပွားဖြစ်စိုက်ပျိုးရောင်းချသူ ကိုညွှန့်ဝင်းက ပြောသည်။
နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ငွေနှင်းမှို မျိုးထုပ်ဈေးကွက်အတွင်း ၇/၁၂ လက်မအရွယ် ငွေနှင်းမှိုမျိုးထုပ်တစ်ထုပ်လျှင် ၆၀၀ ကျပ်၊ ၇/၁၃ လက်မအရွယ် ငွေနှင်းမှိုမျိုးထုပ်တစ်ထုပ်လျှင် ၆၅၀ ကျပ် ဈေးနှုန်းများဖြင့် လက်ကားရောင်းချနေကြောင်း သိရသည်။
"လတ်တလောမှာ အလုပ်အကိုင် မရှိသေးသူတွေကလည်း မှိုစိုက်ပျိုးရေးကို စိတ်ဝင်စားလာတယ်။ မှိုစိုက်တာက အရင်းအနှီးနည်းတယ်။ ဒါ့အပြင် ငွေနှင်းမှိုကို ကောက်ရိုးမှိုစိုက်ပျိုးတာထက် ပိုပြီးစိတ်ဝင်စားကြတာက ကောက်ရိုးမှိုစိုက်တာက အပူချိန်နဲ့စိုထိုင်းဆတွေ လိုအပ်သလို ထိန်းပေးနိုင်မှလေ၊ စိုထိုင်းဆ အဆင်ပြေရင်တောင် ခုလိုအေးတဲ့ရာသီမှာ အပူချိန်တက်အောင်လုပ်ဖို့က ခက်တယ်၊ စိုက်ပျိုးဖို့အတွက် နည်းစနစ်သေချာသိဖို့လည်း လိုအပ်တယ်၊ ဒါကြောင့် ငွေနှင်းမှိုကိုပဲ အများစုက စိုက်လာကြတာပါ။ ငွေနှင်းမှိုကျတော့ အထုပ်လေးတွေဆိုတော့ အိမ်ရှင်မတွေကအစ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြတယ်။"
ဟု ၎င်းက ဆက်လက်ပြောသည်။
ငွေနှင်းမှိုသည် စိုက်ပျိုးနည်းစနစ်အားဖြင့် လွယ်ကူရိုးရှင်းပြီး၊ လေထုနှင့်တိုက်ရိုက်မထိတွေ့စေရန်နှင့် မှိုထုပ်အဟောင်းနှင့်အသစ် ရောထွေးမစိုက်ပျိုးရန် စသည့် အချက်တစ်ချို့ကိုသာ သတိပြုစိုက်ပျိုးရကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကရန်ကုန်မှဝယ်ချင်ပါ၏ဘယ်လိုဆက်သွယ်ရမလဲခဗျား
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022