သိထားသင့်တဲ့ ငါး/ပုစွန်တို့ရဲ့ အစာစားမှု ပုံစံ
ငါး/ပုစွန်မွေးမြူသူများအနေဖြင့် မိမိတို့မွေးမြူထားသော ငါး/ပုစွန်များ၏ အစာစားမှု အလေ့အထကို သိရှိထားရန်လိုသဖြင့် အောက်ပါအတိုင်း လေ့လာရေးသား ဖော်ပြပေးလိုက်ပါသည်။
(က) ငါးများ၏ အစာစားမှုပုံစံ
ရေချို၊ ရေငန်ငါးများ၏ အစာစားသောက်မှုအလေ့အထကို ယေဘုယျအားဖြင့် အသီးအရွက်စား၊ အစုံစား၊ အသားစားဟူ၍(၃)မျိုး ခွဲခြားနိုင်သည်။အသီးအရွက်စားများသည် ရေတွင်ပေါက်ရောက်လျက်ရှိသော ရေညှိ၊ ရေမှော်နှင့် အခြားသော အသီးအရွက်များကိုသာ စားသုံးကြသည်။ အစုံစားများသည် အသီးအရွက်များ၊ အသားများနှင့် အပုပ်အဆွေး၊ အနည်အနှစ်များကို အစာမရွေး စားသုံးကြသည်။ အသားစားငါးများမှာ ရေတွင်ရရှိနိုင်သော အသားများ၊ အခြားသော အသားများကိုသာ စားသုံးကြသည်။
ထို့ကြောင့် မိမိမွေးမြူထားသောငါးများသည် မည်သို့သောအစာ ကို စားသုံးသောငါးမျိုးဖြစ်သည်ကို တိတိကျကျသိရှိထားရန် အရေး ကြီးသည်။ သို့မှသာ ကုန်ကြမ်းများဖြင့် ဖော်စပ်အစာများကို ဖော်စပ်ရာတွင် သင့်တော်မည့်အစာမျိုးကို အလွယ်တကူ ဖော်စပ်ကျွေးမွေး နိုင်မည်ဖြစ်သည်။
အစာများကို စားသောက်ရာတွင်လည်း အသက်အရွယ်ကို လိုက်၍လည်းကောင်း၊ နေထိုင်သောအလေ့အထကို လိုက်၍လည်းကောင်း စားသောက်ပုံ စားသောက်နည်း အမျိုးမျိုးရှိပါသည်။ ငါးများ စားသောက်ပုံမှာ အချို့က အစာကိုတွေ့သည်နှင့် ထိုးဟပ်မျိုချကြသည်။အချို့မှာမူ အစာကိုတွေ့သည်နှင့် ထိုးဟပ်ပြီး သွားများဖြင့် ကြိတ်ဝါးကား မျိုချတတ်ကြသည်။ အချို့က အနည်အနှစ်များ၊ အစာမှုန်များ ကို ရေနှင့်အတူစုပ်သွင်း၍ စစ်ယူစားသုံးကြသည်။
သို့ဖြစ်၍ မွေးမြူထားသော ငါးများသည် မည်ကဲ့သို့သော အစာရယူစားသုံးသည်ကို သိရှိထားရန်အလွန်အရေးကြီးပေသည်။ သို့မှသာလိုအပ်သည့် အစာပုံသဏ္ဌာန်၊ အစာအရွယ်အစား၊ အစာအမျိုးအစားများကို ဖော်စပ်ထုတ်လုပ် ကျွေးမွေးနိုင်မည် ဖြစ်သည်။

(ခ) ပုစွန်များ၏ အစာစားမှုပုံစံ
ရေချို၊ ရေငန်ပုစွန်များသည် ယေဘုယျအားဖြင့် အသက်အရွယ်ကိုလိုက်၍ အစာစားသောက်မှုအလေ့အထများ ကွာခြားကြပြီး စားသောက်သည့် အစာများလည်း ကွာခြားကြသည်။ပုစွန်အားလုံးသည် ယေဘုယျအားဖြင့် အစုံစား(သို့မဟုတ်)အသားစားများ ဖြစ်ကြသ ည်။ ပုစွန်သက်နုသားလောင်းများအဆင့်တွင် ရေတွင်ကူးခတ်နေ ထိုင်မှုအလေ့အထအရ အစာများကို ယက်ယူစားသုံးခြင်း၊ စုပ်ယူစား သုံးခြင်းနည်းဖြင့် စားသုံးကြပြီး အဆင့်လွန်သားလောင်းများနှင့် သက်နုကောင်ကြီး၊ သက်ရင့်ကောင်ကြီးများတွင် အောက်ခြေကြမ်းပြင်နေအလေ့အထအရ အနည်ကဲ့သို့သောအစာများကို စုပ်ယူ၍လည်းကောင်း၊ အစိုင်အခဲများကို ညှပ်လက်မဖြင့် ညှပ်ယူဖမ်းဆီး သယ်ဆောင်၍လည်းကောင်း ပါးစပ်အတွင်းသို့ပို့ကာ တဖြည်းဖြည်းချင်း ကိုက်ဖဲ့ခြင်း၊ ကြိတ်ဝါးခြင်းများ ပြုလုပ်၍ စားသောက်ကြသည်။
ထို့ကြောင့် ပုစွန်အစာများကို ဖော်စပ်ရာတွင် အသက်အရွယ်ကိုလိုက်၍ အစာမှုန်များ၊ အစာခဲများကို လိုအပ်သလို ပြုလုပ်ကျွေးမွေးရပါမည်။ ထို့အပြင် ရေအောက်ကြမ်းပြင်တွင် နေထိုင်စားသောက် မှုအလေ့အထရှိခြင်းကြောင့် ဖော်စပ်အစာများသည် ရေတွင် အလွယ်တကူ နစ်မြုပ်နိုင်ပြီး ရေထဲ၌ ၃-၆ နာရီအကြာ အစိုင်အခဲမပျက် ရှိနေမည့် အစာမျိုးဖြစ်ရန် အရေးကြီးပေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
MR FISH
လွန်ခဲ့သော ၂ နှစ် ကအရမ်းကောင်းပါတယ်။ ပုစွန် ဂဏန်း ဖော်စပ်စာကို အခြောက်မခံမီ steaming အရင်လုပ်သင့်ပါတယ်။ ထို့နောက် အစာကို အခြောက်ခံပြီး ကျွေးပါက ပိုမိုကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတေ့ာ သူတို့တွေက slow eater ဖြစ်သလို အစာကို အလွယ်တကူဖဲ့စားလို့ရအောင်ပါ။
မောင်အောင်ထွန်းလင်း
လွန်ခဲ့သော ၂ နှစ် ကပုစွန်ကျားနဲ့ပတ်သက်ပြီးတော မေးချင်လို့မွေးမည်ဆိုရင် ဘယ်ဟာတွေလိုအပ်လဲ သားပေါက်ကဘယ်မှာဝယ်လို့ရလဲ သိချင်လို့ ပြောပြပေးပါလား
ဆက်စပ်မေးခွန်းများ
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • ဖြေကြားချက် 1 ခု
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • ဖြေကြားချက် 3 ခု
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • ဖြေကြားချက် 1 ခု
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • ဖြေကြားချက် 1 ခု
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026