ရာသီဥတုပူပြင်းခြောက်သွေ့ချိန်တွင် စိုက်ခင်းများအတွက် စဉ်းစားသင့်သောအချက်များ
☀️ အပင်မှတုန့်ပြန်မှုများ ☀️
- အရွက်များကြွေခြင်း၊ အရွက်ထိပ်များခြောက်ခြင်း၊ တချို့အပင်အမျိုးအစားတွေမှာ အရွက်များ လိပ်ခြင်း ငိုက်ခြင်းများဖြစ်နိုင်ပါတယ်။
- အရွက်မှလိုအပ်သော ရေဓာတ်မရှိခြင်းကြောင့် အစာချက်အားများကျနိုင်၊ ပန်းပွင့်ချိန်တွင် ပန်းဝတ်မှုန်များကြွေခြင်းများဖြစ်နိုင်၍ အဆန်၊ အသီးမတင်ခြင်းများ ဖြစ်နိုင်ပါတယ်။
- အရေးကြီးတဲ့အချက်ကတော့ စုပ်စားပိုးကြောင့် သို့မဟုတ် အာဟာရဓာတ်ချို့တဲ့လို့ အရွက်ထိပ်တွေခြောက်တာမျိုးနဲ့ ရောမှားတတ်ပါတယ်။ ရောဂါပိုင်းအနေနဲ့တော့ အပင်များခဏတာညှိုးခြင်း ကို ဖြစ်စေတတ်ပါတယ်။ ရေသွင်းလိုက်လျှင်တော့ အပင်များ ပြန်လန်းလာနိုင်ပါတယ်။ တချို့သောသူများ အခုလို ခဏတာညှိုးခြင်းဖြစ်ပါက ဘတ်တီးရီးယား သို့ မှိုပင်ညှိုးဟုလည်း ထင်စေနိုင်ပါတယ်။ ထို့အတွက် မှိုသတ်ဆေးများသုံးကြတာကြောင့် မလိုလားအပ်တဲ့ ကုန်ကျမှုဖြစ်စေတတ်ပါတယ်။
☀️ အပင်များအားထိခိုက်စေသည့်အကြောင်း ☀️
လူတွေနေပူလို့ ပန်းသလို ချွေးတွေထွက်သလိုပါပဲ။ အပင်တွေလဲ ပန်းပါတယ်။ အရွက်တွေကနေ ရေဓာတ်တွေဆုံးရှုံးပြီး ပင်ငွေ့ပျံမှုတွေ ရှိပါတယ်။ အပင်တွေ ရေငတ်မယ်၊ ပန်းမယ်၊ တချို့သော ဇီဝကမ္မဖြစ်စဉ်တွေ ထိခိုက်မှုရှိပြီး ကြီးထွားမှုတွေကျစေမယ်၊ နောက်ဆုံးမှာတော့ သိသိသာသာ အထွက်နှုန်းတွေကျတာတွေ ဖြစ်နိုင်ပါတယ်။
☀️ သတိထားလုပ်ဆောင်သင့်သော အချက်များ ☀️
မစိုက်ခင်ကာလတွင်...
မျိုး
- အပူဒဏ်ခံနိုင်သော သီးနှံအမျိုးအစားကိုသာ ပူလာမည့်အချိန်နှင့်ကိုက်ညီအောင် သတိထားရွေချယ်စိုက်ပါ။ နေပူချိန်မြင့်၍ ပူပြင်းဒဏ်ခံနိုင်သောသီးနှံပင်များ - ပြောင်း၊ ကြံ၊ နေကြာ၊ ရုံးပတီ၊ သခွား၊ ခရမ်း၊ နှံစားပြောင်း၊ ပဲလွမ်း၊ ဇူးကီးနီ၊ ခရမ်းချဉ် စသည့်ဖြင့်...
- ဘာသီးနှံဆိုတာသိရလျှင် မျိုးကို ထပ်မံစဉ်စားရပါမည်၊ ထို့အတွက် မျိုးစေ့ကုမ္ပဏီကို သို့မဟုတ် အရောင်းဆိုင်ကို အပူဒဏ်ခံနိုင်ရည်ရှိမရှိမေးမြန်း၍ စိုက်ပျိုးပါ။ (ဥပမာ မျှားနီ ခရမ်းချဉ် ပလက်တီနမ် ၇၀၁ မျိုးသည် အပူဒဏ်ခံနိုင်ရည်ရှိသည်၊ စသည်ဖြင့်...)
ပူသည့်အချိန်နှင့်လွတ်အောင် စိုက်ခြင်း
- သီးနှံဈေးအရ သီးနှံအမျိုးအစား၊ မျိုးများ ပြောင်းစိုက်၍ မဖြစ်နိုင်ပါက အပူလွတ်ကင်းသည့်အချိန်ဖြစ်အောင်စိုက်ရန်လိုအပ်ပါသည်။ ထို့အတွက် အပင်၏ သက်တမ်းနှင့် ပူမည့်ကာလ ကွာရန် ချိန်ဆပြီး စိုက်ပျိုးနိုင်ပါသည်။
မြေ
- မြေသားမကောင်း၍ ရေထိန်းစွမ်းအားညံ့သော မြေများ (သဲဆန်လွန်းသည့်) တွင် မြေကြီး၏ ရေထိန်းစွမ်းအားကို မြင့်တက်လာစေရန် မြေသားပြုပြင်ပစ္စည်းများကို ထည့်သွင်းပြုပြင်သင့်ပါသည်၊ အခြားနိုင်ငံများတွင် Hydrogel (ရေထိန်းပစ္စည်းများ)ကို ထည့်သွင်းကြသည်၊ Hydrogel မရနိုင်ပါက မြေဆွေး၊ သစ်စိမ်းမြေဩဇာ၊ ဩဂဲနစ်ဓာတ်ကြွယ်ဝသည့်အရာများကိုထည့်၍ မြေကို ပြုပြင်ပေးရပါမည်။
- မြေထွန်ယက်ခြင်းသည်လည်း ရေထိန်းစွမ်းအားကို အနည်းနဲ့အများ ထိခိုက်စေပါသည်၊ ထို့အတွက် ထွန်ယက်သည့် အနက်တိမ်ခြင်းနှင့် အကြိမ်အရေအတွက်နည်းအောင်လည်းစဉ်းစားသင့်ပါသည်။
- ဇီဝမြေဩဇာများအနေဖြင့် ဒိုချက်ကင်၊ မိုက်ကိုရိုင်ဇာ အပင်အကျိုးပြုမှို၊ ထရိုဂိုဒါးမား အပင်အကျိုးပြုမှို၊ အိုင်အမ်အို (ဒေသထွက် အကျိုးပြုအဏုဇီဝများ) စသည့်တစ်ခုခုကို မြေဆွေးအနေဖြင့်ပြုလုပ်၍ အပင်ခြေတွင်ထည့်ပေးသင့်ပါသည်။
အဆောက်အအုံ/အမိုးအကာ
- ဖန်လုံအိမ်များ၊ ပလတ်စတစ်အိမ်များ၊ ပိုက်စိမ်းဖျင်များ စသည်ဖြင့် အမိုးအကာများဖြင့် စိုက်ပျိုးရာတွင်လည်း ရေဆုံးရှုံးမှုကို လျှော့ချပေးနိုင်သည်၊ သို့သော် ကုန်ကျစားရိတ်နှင့် စိုက်ပျိုးမည့် သီးနှံအမျိုးအစားအနေဖြင့် ကိုက်ညီမှုရှိသင့်ပါသည်။
☀️စိုက်နေစဉ်ကာလတွင်☀️

ရေပေးခြင်းကို ဂရုတစိုက်လုပ်ဆောင်သင့်သည်၊ အစ္စရေးနိုင်ငံကဲ့သို့ သဲကန္တာရ (အပူချိန် ၄၀ အထက်ခန့် ရှိသော) နေရာများတွင် ခရမ်းချဉ်ပင်များကို အစက်ချရေသွင်းစနစ်ဖြင့် အောင်မြင်စွာစိုက်ပျိုးနိုင်မှုများ ရှိပါသည်။
ထို့အတွက် မြေသားအတွင်းကြာရှည်စွာရရှိနိုင်သော ရေသွင်းစနစ်ကိုလည်း ဂရုစိုက်စဉ်းစားသင့်ပါသည်။ အလွန်ပူလွန်းသည့် ကင်ညာနိုင်ငံတွင် မြေအိုးများကို မြေတွင်မြုပ်၍ ရေများဖြည့်ကာ ရေပေးသည့်စနစ်ကိုလည်း ဥယျဉ်ခြံအပင်များစိုက်ရာတွင် ပြုလုပ်ကြသည်။ ထိုင်းနိုင်ငံနှင့် တချို့ နိုင်ငံများတွင် စပရင်ကလာရေဖျန်းစနစ်ဖြင့် သစ်ခွနှင့် အခြားပန်းများစိုက်ရာတွင် သုံးကြသည်။ မြေအတွင်းမှ ရေဆုံးရှုံးမှုနည်းအောင် ပင်ခြေများတွင် မြေဆွေးဖုံးခြင်း၊ ကောက်ရိုးအုပ်ခြင်း၊ ပလတ်စတစ်စအုပ်ခြင်းတို့လည်း လုပ်ထားသင့်ပါသည်။
အာဟာရအနေဖြင့် ရေငတ်ဒဏ်ခံနိုင်သော ပိုတက်စီယမ်၊ ဘိုရွန်၊ ဇင့်၊ မန်ဂနိစ်၊ စီလီကွန်ဓာတ်တို့ပါသော အာဟာရများကို မြေခံမဟုတ်ဘဲ ရွက်ဖျန်းအနေဖြင့် မနက်အစော ၁၀ နာရီမတိုင်ခင်တွင် ပေးသင့်သည်။
အပူချိန်မြင့်မှုကြောင့် အပင်ထိခိုက်မှုများကို လျော့ကျစေသော ဟော်မုန်း Epibrassinolide နှင့် ပင်တွင်းရေထိန်းစွမ်းအားမြင့်ပစ္စည်းအနေဖြင့် Fatty Alcohol တို့ကို ဖျန်းနိုင်ပါသည်။ (Epibrassinolide ကို အဂရိုပါဝါကုမ္ပဏီမှ အေပီပင်ပွင့်ကောင်းအမည်ဖြင့် ရောင်းချ၍ Fatty Alcohol ကတော့ ဘိုင်အိုစူပရင်းကုမ္ပဏီမှ ပျံလွှားအမည်ဖြင့်ရောင်းချပါသည်)
အလွယ်အားဖြင့် အထက်ဖော်ပြပါ ကုမ္ပဏီများမှ ဖော်ပြပါပစ္စည်းများ ရှာမရသည် သို့မဟုတ် ဝယ်သုံးလိုစိတ်ဆန္ဒမရှိပါက နှမ်းဆီ သို့ တမာဆီ(၃ - ၄ စက်ခန့်) နှင့် သကြား (ဟင်းစားစတီး တစ်ဇွန်းခန့်) အား ရေတစ်ဂါလံတွင်ဖျော်စပ်၍ အရွက်များအားပက်ဖျန်းနိုင်သည်။
သို့သော် ဖော်ပြပါပစ္စည်းများလောက်တော့ အာနိသင်ရှိနိုင်မည် မဟုတ်ပေ။
စိုက်နည်းစနစ်အနေဖြင့် တချို့သီးနှံအမျိုးအစားများတွင် အပင်များ၏ အောက်အရွက်အိုများကို ခြွေပေးခြင်းများကိုလည်း ပြုလုပ်သင့်သည်။ ဤသို့လုပ်ဖြင်းအားဖြင့် အပင်၏ ရေငွေပျံမှုများခြင်းကိုလျှော့ချပေးနိုင်ပါသည်။ (လုပ်လေ့ရှိသော သီးနှံပင်များ - ကြံ၊ သရက်၊ ခရမ်းချဉ်)
လူသားတွေတောင် ပူလွန်းလို့ စိတ်ညစ်နေကြတဲ့အတွက် အပင်လေးတွေကိုလဲ ပမ်းမနေစေလိုသော စိတ်ဆန္ဒဖြင့်....
(မှတ်ချက် - တချို့သောအချက်များ ဥပမာ သီးနှံပင်အလိုက် ရေငတ်ဓာတ်ခံနိုင်သောမျိုးများ၊ အပင် အမျိုးအစားအလိုက် သက်တမ်းအလိုက် ရေပေးရမည့် အလိုအပ်ဆုံးပမာဏ၊ မိမိစိုက်ခင်းမြေအလိုက် ရေထိန်းစွမ်းအားကို စမ်းသပ်၍ မည်သည့်မြေဆွေးကို မည်သည့်ပမာဏထည့်ရမည် စသည်တို့ကိုတော့ မိမိအနေဖြင့် အသေးစိတ်မပြောပြ မလေ့လာနိုင်သည့်အတွက် လေးစားစွာ တောင်းပန်အပ်ပါသည်)
ဖုန်းမဏ်တိုး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Mg Aung Aung Oo
လွန်ခဲ့သော ၃ နှစ် ကဆရာပြောတဲ့ ဟော်မုန်ဆေးနှစ်မျိုးကို ပျိုးပင်ငယ်တွေမှာ ဖျန်းလို့ရလားခင်ဗျား
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၃ နှစ် ကငါးအမိုင်နိုအက်ဆစ် ဖျန်းပေးရင် အကျိုးဆက် ကောင်းနိုင်ပါသလား
Daw moo ra
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဆရာ ရောဂါလားအဟာရလိုအပ်မူလားမသိခွဲခြားလွဲမှားတဲ့ကျမတို့တောင်သူအတွက်အသိပညာရတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024