အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း

မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း

“ကိုမောင်နီရေ ကိုမောင်နီ

စင်တင်တာ ကိုမောင်နီမှာ နည်းရှိတယ်ဆို ပြောပြဦး”

“မင်းက ဘာစိုက်ထားတာတုန်း”

“ခရမ်းချဉ်လေ၊ ကျုပ် ခရမ်းချဉ်က အများကြီး သီးမှာ တစ်ပင်တစ်ပင်ကို၊ ဈေးကောင်းလည်းရမှာ၊ အဲ့ကျမှ…..”

“ ချစ်စုကို တင်တောင်းလို့ရမှာမဟုတ်လား”

“ဟာဗျာ”

“ဟားဟား .. ဒီမယ် ငါ့ကောင် ငါက လူပျိုကြီးပေမဲ့ အကုန်သိသွားလို့ လူပျိူကြီးလုပ်နေတာဟ”

“မင့် ခရမ်းချဉ်က ဘယ်လိုစိုက်တာလဲ”

“ကိုမောင်နီ ပြောသလိုပဲ"

-ဘောင်တင်ပြီး စိုက်တယ်ဗျာ ပြီးတော့ အပင်လည်း ခြားစိုက်ထားတယ်။  အပင်ကြားထဲ တစ်ပေခွဲ၊ အတန်းလိုက်ကျတော့ (၂) ပေ ခြားပြီးတော့ အုတ်စီသလို ဘာတဲ့

“ဇစ် လို ဇစ်လို”

“ဟုတ်တယ် ဟုတ်တယ် ဇစ်ကလေးလိုမျိုး တစ်ပင်ကျော်လေးနဲ့ စိုက်တာဗျာ၊ ခုတော့ သန်နေတာပဲ၊ အများကြီး သီးမှာဗျ”

“အေးပါ အေးပါ"

“အမြင့် (၆) ပေ အသားတင် ကျန်မဲ့ တိုင်ရှာကွာ၊ မင်း ၇ ပေခွဲတိုင်ဆို ၁ ပေခွဲ မြေထဲမြုပ်၊ ၆ ပေကျန်မယ်။ (၉)ပေခြား တစ်တိုင်စိုက် သွား၊ လိုတိုးပိုလျှော့တော့ မင်းကြံကြည့်လိုက်”

“ဟုတ် ကိုမောင်နီ”

“ခရမ်းချဉ်ဆိုတော့ မင်းဟာ ငါးပိုက် ကြိုးပဲဖြစ်ဖြစ်၊ နိုင်လွန်လည်းရတယ်။ ကြွပ်ကြိုး အထူလည်းရတယ်။ အောက်တစ်တန်း အပေါ် တန်း တစ်တန်း သွပ်ကြိုး မာမာပြေးပြီး မင်းခရမ်းချဉ် နဲ့ ချည်လိုက်ကွာ”

“အဲ့ဒါဆို ရပြီပေါ့”

“ခရမ်းချဉ် ပင်တော့ လိုက်ကြည့်ပေါ့ကွာ၊ အနေအထားလေး လိုသလိုလေး ပြောင်း ချိန်ပေါ့၊ အတက်လည်း ဖဲ့ရဦးမှာနော်”

“အဲ့ကျမှ တစ်ခေါက်ထပ်လာမယ်”

“နေဦး ဒါလေး မင်းဖုန်းထဲထည့်ထား၊ အစိမ်းရောင်လမ်းဆိုတာ ပလေးစတိုးမှာရှာလိုက် G R E E N W A Y - Green Way ဆိုပြီးတော့”

“ဘာကြီးလဲ”

“စိုက်တာရော မွေးတာရော အဲ့ထဲမှာ ရှာဖတ်လို့ရတယ်ဟ၊ မင်းမသိတာလည်း မေးခွန်းတွေမေးလို့ရတယ်”

“မိုက်တာပါ့ရော”

“အေး ငါက ပါရမီဖြည့်တာ.. ချစ်စုမ နဲ့ မနှေးအမြန် ပေါင်းရန်ပေါ့ကွာ”

“ဟီး..ဟီး…ဟီး”

မြားနီနည်းပညာပေးရေးအဖွဲ့မှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Htunn Winn Kyaw

Htunn Winn Kyaw

လွန်ခဲ့သော ၃ ပတ် က

ခရမ်းချဉ်စိုက်ပျိုးချိန်က - ထုတ်လုပ်တဲ့ မျိုးမတူရင်လည်း အချိန်မတူသလို - ဒေသ မတူရင်လည်း စိုက်ချိန် မတူနိုင်ပါဘူးဗျ။ ပုံမှန်ကတော့ ဆောင်း တစ်ခါ၊ မိုးတစ်ခါ စိုက်ကြပါတယ်။ ရှမ်းပြည်လိုမျိုးဆိုရင်တော့ တစ်နှစ်ပတ်လုံးစိုက်ပျိုးလို့ရပါတယ်။

Zin Min Thu

Zin Min Thu

လွန်ခဲ့သော ၃ ပတ် က

ဘယ်လမာစိုက်ရမာလည်း

Maw Thet

Maw Thet

လွန်ခဲ့သော ၃ ပတ် က

@Htunn Winn Kyaw 👍

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။