အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒူးရင်းသြဇာဆိုတာ ဘာလဲ၊ ဘယ်လိုစိုက်မလဲ

ဒူးရင်းသြဇာဆိုတာ ဘာလဲ၊ ဘယ်လိုစိုက်မလဲ

သိမ့်ဇာ
သိမ့်ဇာ • 22/07/2022

ဆေးဖက်ဝင်မှုတွေကြောင့် “နတ်သြဇာ” လို့လည်း နာမည်ကြီးတဲ့ အသီးလေးကတော့ ဒူးရင်းသြဇာပါရှင်။ ရှားပါးပြီး ဆေးဖက်ဝင်တဲ့ အသီးလို့ သိကြပါတယ်။ဒူးရင်းသီးလို ပုံစံ ခပ်ဆင်ဆင်ရှိပြီး အထဲမှာတော့ သြဇာသီးလို အနှစ်လေးတွေနဲ့ပါ။

ဒီတော့ ဒူးရင်းသြဇာဆိုတာ ဘယ်လိုလဲ ကြည့်လိုက်ရအောင်နော်။

အင်္ဂလိပ်နာမည် - Soursop

သိပ္ပံနာမည်- Annona muricata

အပူပိုင်းဒေသမျိုးရင်းဖြစ်ပြီး ရွက်ပြန့်ပုံစံရှိတဲ့ သစ်မာပင်အမျိုးအစားပါ။ ပေ ၃၀ ကျော်အထိ မြင့်နိုင်ပြီး အကြီးမြန်တဲ့ အပင်တစ်မျိုးလည်း ဟုတ်ပါတယ်။ သူ့စိတ်ကြိုက် အခြေအနေမှာဆိုရင်တော့ ၃-၅ နှစ်အတွင်း အသီးသီးနိုင်ပါတယ်။

အသီးအရသာက အချဉ်ဆိုပေမယ့် စတော်ဘယ်ရီရဲ့ အချိုဓာတ်မျိုး၊ သရက်ရဲ့ အချိုဓာတ်မျိုး ၊ သြဇာသီးရဲ့ အသားမျိုး၊ ပန်းသီးရဲ့ အသားမျက်နှာပြင်မျိုးတွေ ပေါင်းစပ်ထားတဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ 

အသီးရဲ့ အသားတွေကို ခြစ်ယူလိုက်တဲ့အခါ ရေခဲမုန့်လို ပုံစံမျိုးတွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒီအသီးကို ကြိတ်စက်နဲ့ကြိတ်ပြီး smothies( အသီးခပ်ပျစ်ပျစ် ဖျော်ရည်)၊ ရေခဲမုန့် စတဲ့ပုံစံမျိုး ပြုလုပ်စားသုံးမယ်ဆိုရင်လည်း အကောင်းဆုံးအရသာကို ခံစားရမှာပါ။

သြဇာသီးစားသလို စားလို့လည်းရပါသေးတယ်။ အချဉ်မကြိုက်တတ်ရင်တော့ သကြားလေးနဲ့ ဖျော်ရည် ၊ရေခဲမုန့် လုပ်စားပေါ့။

သူ့မှာ ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ အခြား အကျိုးပြု ပစ္စည်းတွေလည်း အများကြီးပါဝင်ပါတယ်။

ဒီအပင်က မြန်မြန်ကြီးတဲ့မျိုးဖြစ်လို့ ၃ နှစ်မှ ၅ နှစ်အတွင်းမှာ ပထမဆုံးအသီးကို စခူးနိုင်ပါပြီ။ ပုံမှန်အားဖြင့် အစေ့မှတစ်ဆင့်မျိုးပွားကြပြီး အမျှင်မပါမျိုးတွေကိုတော့ ကိုင်းကူးကိုင်းဆက်နည်းတွေနဲ့ ပွားယူရပါတယ်။

မြေချဉ်ငံကိန်း ၅ မှ ၆.၅ အတွင်းရေဆင်းကောင်းတဲ့မြေတွေကို ကြိုက်ကြပြီး အပူပိုင်းဒေသတွေမှာဆိုရင် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ မြင့်တဲ့ နေရာတွေမှာပါ ပေါက်ရောက်ရှင်သန်ကြပါတယ်။

ပြုစုနည်း

အပူပိုင်းဒေသမျိုးဖြစ်လို့ ပူနွေးစွတ်စိုတဲ့ ရာသီဥတုမျိုးကိုကြိုက်ပါတယ်။ အေးတဲ့ဒေသဖြစ်မယ်ဆို green house ထဲမှာစိုက်ပြီး ပူနွေးစွတ်စိုအောင်ဖန်တီးပေးရပါမယ်ရှင်။ အိုးနဲ့ထည့်စိုက်မယ်ဆို ကိုင်းချိုင်တာမျိုးလုပ်ပြီး အပင် သိပ်မကြီးအောင်ထိန်းပေးရပါမယ်။

သတိပြုရမယ့် အချက်ကတော့ 

- ၃၂ ဒီဂရီစင်တီဂရိတ်အထက် ပိုပူပြီး လေထုစိုထိုင်းဆ နည်းမယ်ဆိုရင်တော့ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို ထိခိုက်နိုင်ပါတယ်။

- ၂၇ ဒီဂရီစင်တီဂရိတ်အောက် နည်းနေသော်လည်း လေထုစိုထိုင်းဆ ၈၀ ရာခိုင်နှုန်းအထက်မှာဆိုရင်တော့ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။

အာဟာရကျွေးနည်း

ပထမနှစ်မှာ N:P:K ကို ၀.၂၂ ကီလိုစီ အညီအမျှထည့်ရပါမယ်။ ၀.၂၂ ကီလိုဆိုတာ တစ်ပေါင်ရဲ့တစ်ဝက်ပါ။ မြန်မာအလေးချိန်နဲ့ဆိုရင်တော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ပိုတက်စီယမ်  တစ်မျိုးဆီကိုဆီကို ၁၃ ကျပ်သားစီလောက်ပါ။ ဒုတိယနှစ်မှာ  တစ်မျိုးဆီကို ၂၆ ကျပ်သားနဲ့ တတိယနှစ်မှာ တစ်မျိုးဆီကို ၃၉ ကျပ်သားအညီအမျှနဲ့ နောက်ပိုင်းနှစ်တွေမှာလည်း တတိယနှစ်အတိုင်းကျွေးသွားရမှာပါ။ တစ်နှစ်မှာ တစ်ကြိမ်ပဲကျွေးသွားရင် ရပါပြီ။

ကိုင်းချိုင်ခြင်း

အသီးတစ်ခါခူးပြီးတိုင်း ကိုင်းခြောက်ဖယ်ခြင်းကို လုပ်ဆောင်ပေးရပါတယ်။အပင်မမြင့်စေချင်ရင်တော့ ၆ ပေလောက်ရောက်တဲ့အခါ ခေါင်နှိမ်ပြီး အပင်ပုလေးအဖြစ် ကိုင်းဖြာအောင်ပြုလုပ်ပေးနိုင်ပါတယ်။

ခူးဆွတ်ခြင်း

အစိမ်းရင့်ရောင်မှ စိမ်းဝါ‌ရောင်သန်းလာပြီဆို ခူးဆွတ်နိုင်ပါပြီ။ အသီးပေါ်က ဆူးတွေလည်းပျော့လာပြီး အသီးကိုလည်း ဖိကြည့်လို့ရလာပါလိမ့်မယ်။ ခူးဆွတ်ပြီး ၄ ရက်မှ ၅ ရက်အတွင်း အသီးမှည့်တတ်ပါတယ်။

ဒီအချက်အလက်လေးတွေကိုကြည့်ပြီး ဒူးရင်းသြဇာပင်ကို ကောင်းကောင်းပြုစုနိုင်ကြပါစေရှင်။ စာရေးသူအတွေ့အကြုံအရ ပဲခူးတိုင်းလိုဒေသမျိုးတွေမှာလည်းပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ အသီးကောင်းကောင်းသီးဖို့ အသီးချောချောရဖို့ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့အချက်လေးတွေက အထောက်အကူဖြစ်စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်ရှင်။

ကိုးကား-https://bit.ly/3PIGg1d

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

5
Nay Min Aung

Nay Min Aung

လွန်ခဲ့သော ၂ နှစ် က

ပွင့်ပြီး အသီးမတင် ဖြစ်နေပါတဲ့

U Kyi Myint

U Kyi Myint

လွန်ခဲ့သော ၃ နှစ် က

ဒူးရင်သြဇာမှာပွင့်ပြီးအသီးမတင်လို့ဘယ်လိုလုပ်ရမလဲဖြေကြားပေးစေလိုပါတယ်

812984

812984

လွန်ခဲ့သော ၄ နှစ် က

ပျိူးပင်စျေးနုန်းသိပါရစေ။09455811589ကိုအကြောင်းပြန်ပေးစေလိုပါတယ်။

ko kyaw thein

ko kyaw thein

လွန်ခဲ့သော ၄ နှစ် က

ဟုတ်ခဲ့ပါ

လမင်းမောင်မောင်

လမင်းမောင်မောင်

လွန်ခဲ့သော ၄ နှစ် က

ဒူးရင်းပင်အကြောင်းမျှဝေပေးပါအုံးလားခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။