ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ပေါ့သေးသေးတော့မဟုတ်ဘူး..၂၀၂၆ မြေဆီလွှာသိပ္ပံ Ig နိုဗယ်ဆုရထားတာရယ်..။
ဆွစ်ဇာလန်နိုင်ငံတစ်ဝန်းက လူပေါင်း (၁၀၀၀) ပါဝင်ပြီးတော့ ချည်သားအတွင်းခံ (၂၀၀၀) ကျော်နဲ့ မြေတွေစမ်းတယ်။ အချက်အလက်တွေကို စုဆောင်းတယ်ပေါ့။
အဲ့လူပေါင်း (၁၀၀၀) မှာ အနည်းဆုံး (၅၀) ရာခိုင်နှုန်းက တောင်သူလယ်သမားတွေဖြစ်ပြီးတော့ သူတို့ကလည်း လိုလိုလားလားပဲ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ သုတေသနတစ်ခုပါ။

photo crd#Le Monde
ဘယ်ကလုပ်တာလဲဆိုတော့
Franz Bender၊ Marcel G. A. van der Heijden၊ Pia Viviani (catta GmbH) နဲ့ Atlant Bieri (Atlant.ch) တို့က ဒီလိုလုပ်ကြဖို့ ဒီဇိုင်းကိုဆွဲခဲ့ကြပြီးတော့ စမ်းသပ်ခဲ့ကြတာ။ မြေဆီလွှာက တကယ့်ကိုစိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်။ တကယ် စိုက်ပျိုးထုတ်လုပ်မှု ရဲ့ ၉၅ ရာခိုင်နှုန်းကလည်း မြေကြီးပေါ်မှာ ပဲလုပ်ကြတယ်။ ဆိုတော့ မြေကြီးထဲက ဇီဝမျိုးကွဲတွေကလည်း စိုက်ပျိုးထုတ်လုပ်မှုနဲ့ မြေသြဇာတွေ အသုံးပြုမှုမှာ (၅၀) ရာခိုင်နှုန်းလောက်ကို ထိခိုက်နေပြီ။ ကာဗွန်တွေ ကလည်း အများကြီးစုပြုံလာနေပြီး မြေသားတိုက်စားမှု၊ မြေသား ညစ်ညမ်းမှုတွေ တကယ့်ကိုပျက်စီးမှုက ကြီးမားနေပြီဆိုတော့ ဒါကို လုပ်ရင်းနဲ့ လူတွေရဲ့ အာရုံစိုက်မှုနဲ့ ပြုပြင်ပြောင်းလဲနိုင်ဖို့ အရွေ့တစ်ခုအနေနဲ့ ဒီပရောဂျက်ကို စတင်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
ဘယ်လိုလုပ်ခဲ့လဲ
အော်ဂဲနစ်စစ်စစ် ချည်သား အတွင်းခံဘောင်းဘီ (အသေးဆိုဒ်) အထည်ရေ (၂၀၀၀) ကို အော်ဒါမှာတယ်။ ဒီပရောဂျက်ထဲမှာပါတဲ့ လူပေါင်း(၁၀၀၀) ကိုတစ်ယောက်ကို (၂) ထည်ဝေပေးလိုက်ပါတယ်။
စမ်းမယ့် မြေကြီးနေရာကို အလျား (၆၀) စင်တီမီတာ (၂ ပေလောက်ရှိ)၊ အနံ (၃၀) စင်တီမီတာ (၁ ပေလောက်) နဲ့ အနက် (၃၀) စင်တီမီတာ (၁ ပေလောက်) တူးလိုက်တယ်။ အတွင်းခံ (၂) ထည်ကို ဘေးချင်းကပ်ပြီး ခါးသားရေကြိုးကိုတော့ဖော်ပြီးတော့ ကျန်တာကို မြေနဲ့မြုပ်လိုက်တယ်။ အနက်က (၃၀) စင်တီမီတာ တူးထားပေမဲ့လို့ မြေဖုံးတာကို ကျတော့ အပြည့် ပြန်မထည့်ဘူး၊ (၈) စင်တီမီတာ နိမ့်ထားလိုက်တယ်။
မြင်ယောင်ကြည့်ရင် (၃) လက်မကျော်ကျော်လေး ပိုနိမ့်နေတဲ့ (၂)ပေ x (၁) ပေပတ်လည် မြေကျင်းလေးမှာ အတွင်းခံရဲ့ (၂)ထည်ရဲ့ ခါးသားရေကြိုးလေးပေါ်နေမှာပေါ့။

Photo Crd#Yahoo!news
အချက်အလက်တွေ ဘယ်လို ယူကြလဲ
ရက် (၃၀) ကြာတဲ့အခါမှာ ပထမ တစ်ထည်ကို ထုတ်တယ်၊ အချက်အလက်တွေကို စစ်ဆေးတယ်။
နောက်ထပ် ရက် (၃၀) ထပ်ကြာတဲ့အခါ (စုစုပေါင်း ရက် ၆၀ မှာ) နောက်တစ်ထည်ကို ပြန်ထုတ်တယ်။ အချက်အလက်တွေကို စစ်ဆေးတယ်။
ဘယ်လို စစ်ဆေးတာလဲ
အော်ဂဲနစ် ချည်သားအတွင်းခံ ဘောင်းဘီတွေရဲ့ ဆွေးမြည့်မှုကို စစ်ဆေးကြတာ။ သူတို့ စမ်းထားတဲ့မြေအမျိုးအစားတွေပေါ်မှာမူတည်ပြီးတော့
- ကိုယ်ပိုင်ဥယျာဉ်ခြံနေရာပါတယ်။ သူက ၅၈%လောက် ဆွေးတယ် - အော်ဂဲနစ် ကာဗွန်နဲ့ အာဟာရတွေ များများပါဝင်တယ်လို့ ယူဆနိုင်ပါတယ်။
- ထွန်ယက် စိုက်ပျိုးနေတဲ့မြေ - ၅၁%လောက် ဆွေးတယ်။
- မထွန်မယက်ဘဲ စားကျက်မြေလို ပစ်ထားတဲ့မြေမှာ ၄၇ ရာနှုန်းလောက်နဲ့
- မြက်တစ်မျိုးတည်းကို အလှစိုက်ထားတဲ့ မြက်ခင်းမြေ မှာ ၄၀ ရာနှုန်းလောက်ပဲ ဆွေးတယ်။
ဆွေးမြည့်မှု မြင့်တယ်ဆိုတာက မြေထဲမှာ ဇီဝသက်ရှိလှုပ်ရှားမှုနဲ့ မြေဆီသြဇာကောင်းမွန်တယ်ဆိုရင် မြင့်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီလိုပဲ နိမ့်တာကျတော့ ပြောင်းပြန်ပေါ့။ မြေကျပ်နေတာ၊ လေမဝင်တာ၊ အာဟာရတွေမှာ ကန့်သတ်မှုရှိနေတာ၊ မြေအစိုဓာတ်မလုံလောက်တာနဲ့ မြေသားအပူချိန် မကောင်းတာ အဲ့လိုတွေကြောင့်မို့ ဖြစ်နိုင်ပါတယ်၊
Photo Crd#Life Facts
နောက်ထပ်သူတို့အနေနဲ့ ဘာတွေ တွေ့ခဲ့သလဲ
ဖော့စဖောရပ် (မီးစုန်း) နဲ့ ဆိုဒီယမ် ရရှိနိုင်မှု မြင့်မားတဲ့ မြေသားတွေမှာ ဒီချည်သားဘောင်းဘီတွေက ဆွေးမြည့်မှု ပိုမြန်တယ်။ တစ်နည်းဆိုရင် ဆွေးတာမြန်ရင် အဲ့ (၂) ခု ရနိုင်ချေ မြင့်မားတယ်လို့ ဆိုနိုင်ပါတယ်။
အမြင့်ဆုံးက ကိုယ်ဘာသာလုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံမြေပဲ။ (၅၈) ရာခိုင်နှုန်းလောက်ကို ဆွေးတယ်။ ဓာတ်ခွဲစမ်းသပ်လိုက်တဲ့အခါမှာလည်း ၅၁ ရာခိုင်နှုန်းလောက် ဆွေးတဲ့ စိုက်ပျိုးမြေမှာပါတဲ့ မီးစုန်းဓာတ် ထက် (၄) ဆလောက်ပိုများတာကို တွေ့ရပါတယ်တဲ့။
အရင်က လက်ဖက်ခြောက်အိတ်နဲ့ စမ်းထားတဲ့ စမ်းသပ်မှုလည်းတစ်ခုရှိသေးတယ်။ အဲ့ဒါနဲ့စာရင်ကျတော့ ဒီလို ချည်သားအတွင်းခံဘောင်းဘီနဲဲ့ စမ်းတဲ့အခါ အနုဇီဝသက်ရှိတွေက နိုက်ထရိုဂျင်နဲ့ မီးစုန်းဓာတ်တွေကို အနှောက်အယှက်မရှိဘဲ ပိုမိုစုပ်ယူနိုင်ပါတယ်တဲ့။
ဒီစမ်းသပ်မှုက မြေကြီးကောင်းခြင်း မကောင်းခြင်းကို စမ်းသပ်တာမဟုတ်ဘဲ မြေကြီးထဲက မြေဆီသြဇာကြွယ်ဝတာနဲ့ အာဟာရဓာတ်တွေရရှိနိုင်မှုတွေအတွက်ပါ။ ဒါပေမဲ့ မြန်မြန်ဆွေးလေ ကောင်းလေဆိုတာကိုတော့ ငြင်းမရပါဘူး။
ဒါဆိုရင် ချည်သား အတွင်းခံဘောင်းဘီ (၂၀၀၀) က ဘာတွေပြောခဲ့ကြလဲ…..
ကိုးကား။ ။
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက် (ကြာသပတေးနေ့) တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၌ ကျင်းပခဲ့သည့် Ig Nobel ဆုပေးပွဲတွင် ဆုရရှိခဲ့သော သုတေသနစာတမ်းကို မြန်မာဘာသာဖြင့် သင့်လျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026