မိုက်ခရိုဂရင်းများကို မြေကြီးအစားထိုး မြေမဲ့မီဒီယာတွင်စိုက်ပျိုးသင့်သည့် အကြောင်းအရင်း
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၉ဝ)
စားမှို စိုက်ပြီးပွါးစာ ဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်း များတွင် သုံးစွဲခြင်း (၉)
အပူပိုင်းစိုက်မျိူးစိတ် မိုက်ခရိုဂရင်းများကို မြေကြီးအစားထိုး မြေမဲ့မီဒီယာတွင်စိုက်ခြင်း
မြေမဲ့မီဒီယာဆိုတာဘာလဲ? ဘာကြောင် မြေမဲ့မီဒီယာတွင်စိုက်တာလဲ?
မိုက်ခရိုဂရင်းများကို မြေကြီးမပါဘဲ စိုက်ပျိုးနိုင်သော ပိုးသန့်ထားသော မီဒီယာကို မြေမဲ့မီဒီယာဟုခေါ်သည်။ အော်ဂဲနစ် အင်အော်ဂဲနစ် ပစ္စည်းများနှင့် ပြုလုပ်ထားသည်။ အော်ဂနစ် မြေမဲ့မီဒီယာ သုံးလိုပါက အာဟာရဓာတ်အတွက် အော်ဂဲနစ်မြေသြဇာသုံးသည်။ မိုက်ခရိုဂရင်းများကို အာဟာရဖျော်ရည်တွင် စိုက်ပျိုးခြင်းနှင့် ကြီးထွားမီဒီယာခဲမြေပွ၊ အုန်းခွံမျှင်ဖတ်၊ ဂုံလှော်စ/ဂုံနီအိတ်စတို့တွင်စိုက်ပျိုးခြင်းဖြစ်သည်။ မြေမဲ့မီဒီယာကို အဆင်သင့်ဝယ်ယူ သုံးစွဲနိုင်သည်။ အချို့သည် စျေးကြီးသည်။ အချို့သည် စျေးသက်သာသဖြင့် ကုန်ကျစရိတ်နည်းသည်။ အိမ်ထဲတွင် စိုက်ပျိုးရာတွင် သန့်ရှင်းသည်။ ရိတ်သိမ်းရ လွယ်ကူသည်။ အာဟာရဖျော်ရည်တွင် မိုက်ခရိုဂရင်းများ စိုက်ပျိုးရာတွင် အာဟာရဖျော်ရည်အခင်းများအဖြစ် သဘာဝအမျှင် ပစ္စည်းများဖြစ်သော အုန်းခွံမျှင်ဖတ်၊ ဂုံလှော်စ/ဂုံနီအိတ်စ၊ ဆေးခြောက်ပင်ကြိတ်ဖတ်အခင်း၊ ဝါးကြိတ်ဖတ်အခင်း၊ ဖော့စများကိုသုံးသည်။ သုံးစွဲရာတွင်သန့်ရှင်းသည်။
မိုက်ခရိုဂရင်းများကို အိမ်တွင်း/ ဝင်းခြံ များတွင် စိုက်ရာတွင် မြေကြီးနှင့် မြေမဲ့မီဒီယာအုန်းခွံမျှင်ဖတ် သုံးခြင်းသည် မိုက်ခရိုဂရင်း အပင်ရှင်သန်ကြီးထွားမှု အကောင်းဆုံးဖြစ်သည်။ ကုန်ကျစရိတ်ကို ၁ဝ လက်မ ၂ဝ လက်မ ဘန်းတချပ်ခြင်း အခြေခံတွက်ချက်ရာတွင် စျေးအသက်သာဆုံး ဖြစ်သည်။ အခန်းများတွင် နေရာအခက် အခဲရှိပါက မြေကြီးသည် ညစ်ညမ်းသဖြင့် စိုက်ရန်အဆင်မပြေပါ။ အိမ်ဝင်းခြံများတွင် မြေကြီးနှင့် စိုက်ရန် အဆင်ပြေသည်။ မိုက်ခရိုဂရင်းများကို မြေမဲ့စိုက်ပျိုး ရာတွင် အကျိုးကျေးဇူးများမှာ (၁) နေရာကျဥ်းကျဥ်းတွင် စိုက်ပျိုးနိုင်သည်။ (၂) အာဟာရပိုရသည်။ (၃) အပင်ရှင်သန်ကြီးထွားမြန်သည်။ (၄) ရိတ်သိမ်းရလွယ်ကူသည်။ မှိုပြဿနာနည်းစေသည်။ သို့ဖြစ်၍ အိမ်ဝန်းခြံများတွင် တပိုင်တနိုင်စိုက်သူများ၊ ဝါသနာရှင်များ ၊ ကျောင်းနေ ကလေးများအတွက်သင်ကြားရေး အထောက်အကူပြု သင်တန်းဆရာဆရာမများ၊ စီးပွားဖြစ်စိုက်သူများက စိတ်ဝင်စားသည်။ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာသော မီဒီယာများသာသုံးစွဲကြသည်။
မြေမဲ့မီဒီယာ အမျိုးမျိုး
(၁) ခဲမြေပွ Peat Moss

(၂) အုန်းခွံမျှင်ဖတ် Coconut Coir

၃။ ပါလိုက်

၄။ ရေမြုပ် Sponge

အိမ်တွင်း/ ဝင်းခြံ များတွင် စိုက်ရာတွင် မိုက်ခရိုဂရင်းများ ကို မြေကြီးနှင့် မြေမဲ့မီဒီယာ ဆေးခြောက်ပင်ကြိတ်ဖတ်အခင်း၊ ဝါးကြိတ်ဖတ် အခင်း၊ အုန်းခွံအမှင်ဖတ်၊ အုန်းခွံခဲမြေ သုံးပြီး အပင်ရှင်သန်ကြီးထွားမှု လေ့လာခြင်း ရေ ကန်စွန်း မိုက်ခရိုဂရင်း ၂ ရက်သား

နေကြာ မိုက်ခရိုဂရင်း ၆ ရက်သား

ပဲ မိုက်ခရိုဂရင်း ၆ ရက်သား

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024