ဖင်အုန်းသီးဆိုပြီး နာမည်ကြီးနေတဲ့ Coco de Mer ဆိုတာ...
တစ်လုံးကို ထိုင်းဘတ်ငွေ ၁ သိန်း (မြန်မာငွေ ၈၅ သိန်းခန့်) တန်တဲ့ ဖင်အုန်းသီး (ပုံပန်းသဏ္ဍာန်ထူးခြားမှု အရ မြန်မာမှုပြုခေါ်နေကြခြင်းဖြစ်)ကို ထိုင်းနိုင်ငံမှာတွေ့နိုင်ပြီဆိုပြီး လူမှုကွန်ရက်သုံးစွဲသူတွေကြား ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း နာမည်ကြီးလာပါတယ်။
တကယ်တော့ ဒါဟာ မူရင်းဒေသ ကျွန်းပေါင်း ၁၁၅ ခုရှိတဲ့ အရှေ့အာဖရိက ကျွန်းစုနိုင်ငံလေး ဆေးရှဲမှာ တောင် Praslin နဲ့ Curieuse လို့ဆိုသော ကျွန်း ၂ ကျွန်းမှာပဲ သဘာဝအလျောက်ပေါက်တဲ့ Coco de Mer လို့ ခေါ်တဲ့ အလွန်ကြီးမားသော အခွံမာသီးတစ်မျိုးပါ။ အထဲကအသားကတော့ အုန်းသီးနဲ့ တူပါတယ်။
Coco de Mer ဆိုတာ ပြင်သစ်စကားလုံးဖြစ်ပြီး ပင်လယ်အုန်းသီး၊ တားမြစ်ထားတဲ့အသီး၊ အချစ် အုန်းသီး၊ နှစ်ထပ်အုန်းသီးလို့လည်း ခေါ်ကြတယ်လို့ဆိုပါတယ်။ သူနာမည်ကြီးရတဲ့ အကြောင်းတွေ ထဲမှာ သူ့ရဲ့ထူးခြားတဲ့ပုံစံ(အထက်ဆိုခဲ့ပါအတိုင်း) ကြောင့်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီအသီးရဲ့အတွင်းပိုင်းအဆန် (အပေါ်ယံအခွံဖယ်ရှားပြီး) ကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အလေးဆုံး အစေ့အဆန် ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့လုံးပတ်က ၄၀-၅၀ စင်တီမီတာ (၁.၃- ၁.၆ ပေခန့်) ထိ ရှိနိုင် ပြီး အလေးချိန်ကတော့ ၁၁ ပိဿာကနေ ၁၅ ပိဿာလောက်ထိကို ရှိနိုင်ပါတယ်တဲ့။
အစေ့ဖြစ်ပေါ်လာချိန် အသီးနုကိုခူးစားမယ်ဆိုရင် သူ့ရဲ့အရသာက ချိုပြီးနူးညံ့ကာ နို့ဂျယ်လီလိုမျိုးလေး လို့ ဆိုပါတယ်။ ဆေးရှဲနိုင်ငံမှာတော့ သူ့ကိုနိုင်ငံတော်သစ်သီးအဖြစ်တောင်သတ်မှတ်ထားပြီး အချင်းချင်းဆိုရင် အများအားဖြင့် ငွေကြေးနဲ့လဲလှယ်ရောင်းချတာမျိုးမလုပ်ကြဘဲ လက်ဆောင်ပေးဖို့ လောက်သာ သုံးကြတယ်လို့ ဆိုပါတယ်။
ဒီအပင်တွေဟာ ဆေးရှဲနိုင်ငံမှာတောင် အပင် ၇၀၀၀ လောက်ပဲ ကျန်ရှိတော့လို့ မျိုးသုဥ်းရန် အန္တရာယ် ရှိအဖြစ် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (IUCN) က သတ်မှတ်ထားလို့ အစိုးရကလည်း တင်းတင်းကြပ်ကြပ်နဲ့ကို ထိန်းသိမ်းထားပါတယ်။

Coco de Mer ဟာဆိုရင် ဆေးရှဲနိုင်ငံရဲ့ အကောင်းဆုံး အိမ်ပြန်အမှတ်တရလက်ဆောင်လည်း ဖြစ်ပါတယ်။ ၎င်းကို Mahe Praslin Ladigue ကျွန်းမြို့ပေါ်က လိုင်စင်ရဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင် ပါတယ်။ ဒါပေမဲ့ ရောင်းချခွင့်လိုင်စင်ကိုတော့ ဆိုင်အနည်းငယ်ကိုသာပေးထားပြီး ရောင်းချတဲ့ အသီး တိုင်းမှာလည်း အစိမ်းရောင် Label ID ကဒ်တစ်ခုစီ ကပ်ထားပါတယ်။ ဒါ့ကြောင့် Coco de Mer ကို ဝယ်တော့မယ်ဆို မှန်ကန်တဲ့လက်မှတ်တွေ အထောက်အထားတွေ ပေးနိုင်မှသာ ဝယ်သင့်ပါတယ်။
ဒီလိုဝယ်လို့ရတယ်ဆိုလို့ အထဲက အဆန်သားကိုပါ ရမယ်တော့ မထင်လိုက်နဲ့ဦးနော်။ အပေါ်ယံအခွံ ဟောင်းလောင်းပေါက်ကိုသာ ရောင်းတာဖြစ်ပါကြောင်းနဲ့ ဒီဟောင်းလောင်းပေါက်ဟာတောင် မြန်မာ ကျပ်ငွေနဲ့ဆို ကျပ် ၁ သိန်းကနေ ၅ သိန်းလောက်ထိ ရှိပါတယ်တဲ့။
Coco de Mer အပင်အကြောင်းကိုလေ့လာချင်တယ်ဆိုရင်တော့ ဆေးရှဲနိုင်ငံရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင် အာဒံဥယျာဉ်မှာ တွေ့နိုင်မှာဖြစ်ပါတယ်။

Coco de Mer အစေ့ကိုစိုက်မယ်ဆိုရင် မျိုးညှောက်ပေါက်ဖို့အတွက် အနည်းဆုံး အချိန် ၂ နှစ် လိုအပ်ပြီး အရွယ်ရောက်ဖို့အတွက်တော့ အနည်းဆုံး အချိန် ၇ နှစ် လိုအပ်ပါတယ်။ အပင်ပေါက်ဖို့ ပြုစုပျိုးထောင် ဖို့လည်း ခက်ခဲလွန်းပါတယ်တဲ့။ သမုဒ္ဒရာရေစီးတွေနဲ့အတူ မော်လ်ဒိုက်ကမ်းစပ်တွေထိ မျောပါလာတာ မျိုးရှိပေမဲ့ မျိုးအောင်ခြင်းတော့မရှိလို့ အပင်တွေတော့ဖြစ်မလာဘူးလို့ ဆိုပါတယ်။
ဒီလိုစိုက်ဖို့ခက်ခဲလွန်းတဲ့ Coco de Mer အသီးကို ထိုင်းမှာတော့ ရအောင်စိုက်နိုင်ခဲ့ပြီဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ ၇ ရက်ကစလို့ ထိုင်းနိုင်ငံ၊ ချွန်ဘူရီစီရင်စုမှာရှိတဲ့ Nong Nuch လို့ခေါ်တဲ့ အပူပိုင်းသစ်သီး ဥယျာဉ်ခြံထဲမှာ အသီးကိုပါတွေ့နိုင်ပြီဖြစ်ပါတယ်။
ဒီဥယျာဉ်ခြံထဲမှာ Coco de Mer ၃၆ ပင်ကို ထည့်သွင်းစိုက်ပျိုးခဲ့ရာမှာ လေးပင်က အဖိုပင်၊ ၇ ပင်က အမပင်ဖြစ်သွားပြီး ကျန်တဲ့ ၂၅ ပင်ကတော့ ဘာလိင်မှန်းခွဲမရသေးတဲ့အပင်တွေအဖြစ် ရှိနေဆဲလို့ ဆို ပါတယ်။
စိုက်ဖို့ပျိုးဖို့ ခက်ခဲလွန်းပြီး အထူးဂရုစိုက်မှုပေးရတဲ့ ဒီအသီးတစ်လုံးရဲ့တန်ကြေးဟာ ဗြိတိန်စတာလင် ပေါင် ၂၅၀၀ (မြန်မာကျပ်ငွေ ၈၇ သိန်းကျော်ခန့်)အထိ ပေါက်ဈေးရှိနေပြီး အပင်တစ်ပင်ရဲ့ တန်ကြေး ဆိုရင်တော့ ဗြိတိန်စတာလင်ပေါင် ၁၂၂၅၀ (မြန်မာကျပ်ငွေ သိန်း ၄၃၀ ကျော်ခန့်) ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။
ဒီအသီးဟာ ရှားပါးပြီးအများကြီးအသုံးချလို့ရသလို ရောဂါတွေကိုကုသဖို့ တိုင်းရင်းဆေးတွေမှာလည်း အသုံးပြုနိုင်တယ်လို့ Nong Nuch ရုက္ခဗေဒဥယျာဉ်ခြံရဲ့ ဒါရိုက်တာက ဆိုပါတယ်။

တချို့ဆို Coco de Mer က မသေမျိုးအသီးလို့တောင် ယုံကြည်ကြပါတယ်။ ဘာလို့ဆို အသီးဟာ မပျက်မစီးဘဲနဲ့ နှစ်ပေါင်း ၃၀ ကနေ ၁၀၀ လောက်ထိ သက်တမ်းရှိနိုင်လို့ပါတဲ့။
Ref: https://www.atlasobscura.com/foods/coco-de-mer#:~:text=People%20with%20a%20Coco%20de,food%E2%80%94they're%20decoration.
https://www.holidify.com/pages/coco-de-mer-826.html
https://bit.ly/3ngx1fL
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။
U BHONE THWE HTAN • ဖြေကြားချက် 0 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 1 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ဆုမြတ်နိုး
အားလုံး