မုန်ညင်း၊ မုန်လာမိုက်ခရိုဂရင်းမျိုးများတွင် ပါဝင်သော အာဟာရဓာတ်များ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၈၅)
စားမှိုစိုက်ပြီးကျန်သည့် ပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၄)
စားသုံးသူ ကြိုက်နှစ်သက်သည့် မုံညင်းမုံလာ မျိုးရင်းဝင် မိုက်ခရိုဂရင်း
၂ဝ၁၉ခုနှစ်မှစ၍ မုံညင်းမုံလာ မျိုးရင်းဝင် မိုက်ခရိုဂရင်းများသည် ကမ္ဘာ့စျေးကွက်တွင် လွှမ်းမိုးလာသည်။ ဘရိုကိုလီ၊ မုန်လာဥ၊ မုန်လာထုပ်၊ ပန်းမုန်လာအစိမ်း၊ ပဲမျိုးစုံနှင့် ဟင်းနုနွယ် မိုက်ခရိုဂရင်းများသည် အနံ့၊ အရသာ၊ အရောင်စသော အရည်အသွေးများ မြင့်မားသည်။ စားသုံးသူများသဖြင့် ထိပ်တန်းစျေးကွက်တွင် ရပ်တည်နေသည်။ မုံညင်းမုံလာမိုက်ခရိုဂရင်းများသည် ကယ်ရိုတီနွိုက်၊ အက်စကောဘစ်အက်ဆစ်၊ အမိုင်နိုအက်ဆစ် ၊ ဖီနောလစ်ကွန်ပေါင်း၊ ဖလေဗိုနွိုက်၊ အန်သိုစိုင်ရာနင် ပါဝင်မှုမြင့်သည်။ မိုက်ခရိုဂရင်းများ၏ ဇီဝဆိုင်ရာကွန်ပေါင်းပါဝင်မှုသည် ရာသီအလိုက် စိုက်ပျိုးမှု၊ မျိုးစေ့အရည်အသွေးနှင့် အပင်ပေါက်ချိန်တွင် ရရှိသော အလင်းရောင်ပေါ်မူတည်သည်။
၁။ ဘရိုကိုလီ၊ ပန်းမုံလာအစိမ်း၊ မိုက်ခရိုဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

ဘရိုကိုလီ၊ ပန်းမုံလာအစိမ်း မိုက်ခရိုဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊ မင်နရယ်နှင့် ဖီနော စုစုပေါင်း)
၂။ မုံညင်း မိုက်ခရိုဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

၃။ မုံညင်း၊ မိုက်ခရိုဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊ မင်နရယ်နှင့် ဖီနော စုစုပေါင်း)

၃။ တရုတ်ကိုင်းလန်မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

တရုတ်ကိုင်းလန် မိုက်ခရိုဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊မင်နရယ်နှင့် ဖီနော စုစုပေါင်း)

၄။ မုံလာဥမရမ်း/ မုံလာဥ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

မုံလာဥမရမ်း/ မုံလာဥ မိုက်ခရိုဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊ မင်နရယ်နှင့် ဖီနော စုစုပေါင်း)

၅။ မုံလာထုတ်အနီ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

မုံလာထုတ်အနီ မိုက်ခရို ဂရင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဗိုက်တာမင်အီး၊မင်နရယ်နှင့် ဖီနော စုစုပေါင်း)

ကျန်းမာရေးအထောက်အကူပြု ဇီဝဆိုင်ရာ ကွန်ပေါင်းပါဝင်မှု
ဖီနောလစ်ကွန်ပေါင်း (ဖလေဗိုနွိုက်) များသည် ကျန်းမာရေး အထောက်အကူပြု ဒုတိယအစာချေဖျက်သော ပစ္စည်းများ ဖြစ်ပြီး စားသုံးသူများ၏ကျနု်မာရေးကို များစွာ အထောက်အကူပြုသည်။ မိုက်ခရိုဂရင်းတွင် ဖီနောလစ်ကွန်ပေါင်း (ဖလေဗိုနွိုက်) များစွာပါဝင်သည်။ သိုဖြစ်၍ မိုက်ခရိုဂရင်း၏အနံ့၊ အရသာ၊ အရောင်စသော အရည်အသွေးများမြင့်မားစေသည်။ ဖီနောလစ်ကွန်ပေါင်း ပါဝင်သော အစားအစာများကို စာသုံးပါက ဆီးချို၊ ပါကင်ဆန်၊အယ်ဇိုင်းမား များကို ကာကွယ်သည်။ နည်းပညာပိုင်းအရ သဘာဝဆိုးဆေးများ၊ ပရီဘိုင်အိုတစ် များ၊ ဆေးဖက်ဆိုင်ရာများတွင် အသုံးပြုသည်။ မိုက်ခရို ဂရင်း (ဘရိုကိုလီ/ပန်းမုံလာအစိမ်း) တွင် ဖီနောလစ်ကွန်ပေါင်း (ဖလေဗိုနွိုက်) (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဖီနော ၁၂.၆ မှ ၁၉.၃ မီလီဂရမ် ) သည် အရွယ်ရောက်အပင်များထက် ၁ဝ ဆပိုမိုပါဝင်သည်။ စားသုံးသူများသည် မုံညင်းမျိုးရင်းဝင် မိုက်ခရိုဂရင်းများကို ကျန်းမာရေးရှုထောင့်မှ စားသုံးသည်။ စီးပွားဖြစ် စျေးကွက်ဝင် ကျယ်ကျယ်ပြန့် ပြန့် စိုက်သည်။ မုံညင်း မျိုးရင်းဝင် ဂေါ်ဖီစိမ်း ၊ ပန်းဂေါ်ဖီ၊ မုံညင်း၊ မုံလာဥ၊ တရုတ်ကိုင်းလန်၊ မုံလာထုတ်အနီပင်များ တွင် ဖီနော စုစုပေါင်း (အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော ဖီနော ၄၉.၃ မှ ၈၁.၁၂ မီလီဂရမ် ) ပါဝင်သည်။ နေကြာ မျိုးရင်းဝင် ဆလပ်ပင်များထက် ပါဝင်မှုပိုမြင့်သည်။ မုံညင်းမျိုးရင်းဝင် အပင်များတွင် မုံလာဥမရမ်း/ မုံလာဥ မုံလာထုတ်အနီ သည် ဖီနော စုစုပေါင်း အမြင့်ဆုံးဖြစ်သည်။
မိုက်ခရိုဂရင်းများကို အစိမ်းလတ်လတ်ဆတ်ဆတ်စားသည့်အပြင် ဖျော်ရည် အမျိုးမျိုး၊ ပရိုဘိုင်အိုတစ်၊ မုန့်ဖုတ်ပေါင်ဒါ များအဖြစ်သုံးသည်။ မိုက်ခရိုဂရင်းများကို အစိမ်းလတ်လတ်ဆတ်အဖြစ် ကြာရှည်သိမ်ဆည်းမရပါ။ သို့သော် တိုးတက်လာသော ရိပ်သိမ်းချိန်လွန်နည်းပညာပိုင်းအရ တန်ဖိုးမြင့် မိုက်ခရိုဂရင်းထုတ်ကုန်များသည် ကျန်းမာရေး အထောက်အကူပြု တန်ဖိုးများမြင့်လာသည်။ ကြာရှည်ခံလာသည်။ နည်းပညာပိုင်းအရ မည်မျှပင် တိုးတက်လာသည်ဖြစ်စေ တန်ဖိုးမြင့်ထုတ်ကုန်များတွင် မိုက်ခရိုဂရင်း များ ထည့်သွင်း အသုံးချမှုသည် နည်းသေးသည်။ မိုက်ခရိုဂရင်း အခြေခံထုတ်ကုန်များတွင် ဘိုင်အိုအက်တစ် ဇီဝဆိုင်ရာပစ္စည်းပါဝင်သည့်အတွက်ကျောင်းနေရွယ် ကလေးများအပါအဝင် စားသုံးသူများအတွက် အကျိုးရှိသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Khin Myint
လွန်ခဲ့သော ၂ နှစ် ကNO
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....