အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မေလ ကမ္ဘာ့စားသောက်ကုန်ဈေးများ နှစ်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း

မေလ ကမ္ဘာ့စားသောက်ကုန်ဈေးများ နှစ်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ထုတ်ပြန်တဲ့ ကမ္ဘာ့စား‌သောက်ကုန်ဈေးနှုန်းညွှန်းကိန်းတွေဟာ ပြီးခဲ့‌တဲ့မေလအတွင်းမှာ နှစ်နှစ်အတွင်း အနိမ့်ဆုံးကို ကျသွားခဲ့ပါတယ်။

မေလထဲမှာ သကြားနဲ့ အသားဈေးတွေ မြင့်တက်ခဲ့ပေမဲ့ ဟင်းသီးဟင်းရွက်ဆီ၊ နှံစားသီးနှံနဲ့ နို့ထွက်ပစ္စည်းဈေးတွေ ကျဆင်းမှုက အလေးသာသွားခဲ့တာကြောင့်ပါ။

ကမ္ဘာ့ကုန်သွယ်မှုအများဆုံး စားသောက်ကုန်စည်ဈေးနှုန်းတွေကို စောင့်ကြည့်တိုင်းတာနေတဲ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ထုတ် စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းဟာ ဧပြီလတုန်းက ၁၂၇ ဒသမ ၇ မှတ်မှာ  ရှိခဲ့ရာကနေ မေလမှာတော့ ပျမ်းမျှ ၁၂၄ ဒသမ ၃ မှတ်မှာ ရှိခဲ့ကြောင်း FAO က သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မေလဈေးနှုန်းညွှန်းကိန်းဟာ ၂၀၂၁ ဧပြီနောက်ပိုင်း အနိမ့်ဆုံး ဖြစ်ပြီး  ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စကာစ ၂၀၂၂ မတ်လမှာ ရောက်ခဲ့တဲ့ စံချိန်တင်အမြင့်ဆုံးနှုန်းထက် ၂၂ ရာခိုင်နှုန်း လျော့နည်းခဲ့တာဖြစ်ပါတယ်။

နှံစားသီးနှံ‌ဈေးညွှန်းကိန်းကတော့ မေလမှာ ယခင်လထက် ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါက နှံစားသီးနှံရောင်းလိုအား မြင့်မားလာနိုင်မှုနဲ့ ယူကရိန်းသီးနှံတင်ပို့ရောင်းချမှုကို ခွင့်ပြုပေးစေတဲ့ ပင်လယ်နက်ကောက်ပဲသီးနှံရောင်းချခွင့်သဘောတူညီချက်ကို သက်တမ်းတိုးပေးခဲ့တာတို့ကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာဆန်ဈေးတွေကတော့ မေလအတွင်း မြင့်တက်ခဲ့ပြီး ‌ဒါဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဆန်တင်ပို့နိုင်ငံတွေမှာ ရောင်းအားလျော့နည်းလာတာကြောင့်လို့ FAO က ထုတ်ပြန်ပါတယ်။ အေဂျင်စီအနေနဲ့ ပြီးခဲ့တဲ့လကတည်းက ဆန်ဈေးတွေ မြင့်တက်လာမှာ စိုးရိမ်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

FAO ရဲ့ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းညွှန်းကိန်းဟာ လအလိုက် ၉ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ဆီထွက်သီးနှံရောင်းအား များနေကြောင်းနဲ့ စာအုန်းဆီဝယ်လိုအား နည်းနေတာကို ထင်ဟပ်ပြနေပါတယ်။ ကမ္ဘာ့နို့ထွက်ပစ္စည်းဈေးနှုန်းကတော့ မြောက်ကမ္ဘာခြမ်းနိုင်ငံတွေမှာ နွားနို့အထွက်ကောင်းချိန် ကျနေလို့ ဈေးသုံးရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ အေဂျင်စီက ထုတ်ပြန်ပါတယ်။

အယ်နီညိုရာသီဥတုဖြစ်ထွန်းမှုက ကမ္ဘာ့သကြားရောင်းအားပြဿနာကို ထပ်တိုးစေမယ်ဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် သကြားဈေးကတော့ လေးလဆက် ဈေးတက်မှုအဖြစ် ဧပြီလကထက် ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း FAO က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ဘရာဇီးနိုင်ငံမှာ မိုးလေဝသကောင်းမွန်လာတာနဲ့ ရေနံစိမ်းဈေးကျလာတာတွေကတော့ သကြားဈေးကို အထိန်းအချုပ်ဖြစ်စေခဲ့တယ်လို့ ယင်းက ထုတ်ပြန်ပါတယ်။ သကြားကြိုပွိုင့်ဈေးတွေဟာ ဧပြီလကုန်ပိုင်းတုန်းက ၁၂ နှစ်အတွင်း အမြင့်ဆုံးရောက်ခဲ့ရာကနေ မေလရောက်တော့ ပြန်လည်ကျဆင်းလာမှုတော့ရှိခဲ့တယ်လို့ သိရပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: World food prices fall to two-year low in May, UN food agency says

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 1 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။