ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
မြန်မာအပါအ၀င် အဆီယံအဖွဲ့၀င်နိုင်ငံများမှ ဆန်၀ယ်ယူနေသော ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီတစ်လအတွင်း ဆန်တန်ချိန် ၃သိန်း ပြည်ပမှ၀ယ်ယူရန် စီစဉ်နေသည်။
ပြည်တွင်းဆန်လက်ကျန်များနေသဖြင့် စက်တင်ဘာလမှ စတင်ပြီး ပြည်ပမှဆန်အ၀ယ် ရပ်နားခဲ့သည့် ဖိလစ်ပိုင်က ၂၀၂၆ ဇန်နဝါရီတစ်လအတွင်း ပြည်ပမှဆန်ဆင်သွင်းမှုကို ယာယီပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံမှ သတင်းမီဒီယာအချို့တွင်ဖော်ပြထားသည်။ပြည်တွင်းဆန် ဈေးနှုန်းကာကွယ်ရန်အတွက် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ဖေဖော်ဝါရီမှ ဧပြီလအတွင်း ဆန်တင်သွင်းမှုကို ရပ်တန့်မည်ဟုလည်းဖော်ပြထားပြန်သည်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့သည် နှစ်စဉ် မြန်မာအပါအ၀င် အခြားသော ဆန်တင်ပို့သည့် နိုင်ငံများမှ ဆန်တန်ချိန် သိန်းချီ၍ တင်သွင်းနေရသော နိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံ၏ ယခုဘဏ္ဍာနှစ်( ၂၀၂၅-၂၆) ပထမ ၆ လဖြစ်သော ဧပြီ မှ စက်တင်ဘာအထိ ပြည်ပသို့ဆန်ရောင်းချရာတွင် ဖိလစ်ပိုင်နိုင်ငံကဒုတိယ အများဆုံး၀ယ်ယူသောနိုင်ငံအဖြစ် ဆန်တန်ချိန် ၁၀၀,၀၀၀ ကျော် ၀ယ်ယူထားသည်။

မြန်မာနိုင်ငံသည် နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော်၊ သုံးသန်းခန့် တင်ပို့နေပြီး ယခုဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၂ သိန်းကျော်တင်ပို့ထားသည်။
ပြည်ပဆန်တင်ပို့မှုက ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် နှစ်သိန်းကျော်ပိုများသော်လည်း နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးကျဆင်းမှုအကျိုးဆက်က ယခုနှစ်မိုးစပါးပေါ်ချိန်တွင် ပြည်တွင်းလယ် သမားများအပေါ်သက်ရောက်မှု ကြုံတွေ့လာသည်။
"ဆန်ဈေးကလာမယ့်နှစ်မှာတော့ တက်လာနိုင်တယ်။ လောလောဆယ်မှာတော့ အပြောင်းအလဲသိပ်မမြင်ဘူး"ဟု ပြည်ပသို့ဆန်တင်ပို့နေသူတစ်ဦးကပြောသည်။
နိုင်ငံတကာဆန်ဈေးကျဆင်းမှု၏ အကျိုးဆက်အဖြစ် ပြည်တွင်းစပါးဈေးက ယခုနှစ်တွင် သိသာစွာကျဆင်းခဲ့သည်။ ယခုနှစ်ဆန်ဈေး၊ စပါးဈေးက ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တောင်သူလယ်မားများအား အကြံပြုပန်ကြားချက်တွင်ဖော်ပြထားသည်။
လက်ရှိစပါးဈေးနှုန်းက နေရာဒသအလိုက်ဈေးနှုန်းကွဲပြားမှုများရှိနေပြီး အညာသား စပါးအဟောင်း တင်းတစ်ရာလျှင် ကျပ် ၁၇ သိန်းမှ ၁,၇၅၀,၀၀၀ အကြားနှင့် အညာသား အသစ်က ကျပ် ၁၅ သိန်း၀န်းကျင်၊ ဆင်းသုခ စပါးအဟောင်းက ကျပ် ၁၆ သိန်း၀န်းကျင်၊ ဆင်းသုခ အသစ်က ကျပ် ၁၃ သိန်းမှ ၁,၃၅၀,၀၀၀ ၀န်းကျင်စသည်ဖြင့် ဈေးဖွင့်နေကြသည်။
သို့သော် ယခုနှစ်ရိတ်သိမ်းထားသော မိုးစပါးမျိုးကွဲများမှာမူ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ စပါးရည်အသွေးနှင့် အခြားသောအခြေအနေများပေါ်မူတည်ပြီး စပါးတင်းတစ်ရာလျှင်ကျပ် ၁၀ သိန်းကျော်မှ ၁၁သိန်းကျော်အတွင်းဈေးဖွင့်ကြသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
နိုင်ငံတကာသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 0 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 1 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026