ကမ္ဘာ့ရေကန်နဲ့ ဆည်ကြီးတွေ ထက်ဝက်ခန့် ရေလျော့နည်းခမ်းခြောက်လာနေကြောင်း တွေ့ရှိ
ကမ္ဘာပေါ်မှာ ရှိတဲ့ ရေကန်ကြီး၊ ဆည်ကြီးတွေအနက် ထက်ဝက်ကျော်လောက်ဟာ ၁၉၉၀ ပြည့်လွန်အစောပိုင်းနှစ်တွေကစပြီး တစ်နှစ်ထက်တစ်နှစ် ရေလျော့နည်းခမ်းခြောက်လာပါတယ်။ ဒါဟာ အဓိကအားဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ရပြီး စိုက်ပျိုးရေးလုပ်ငန်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ လူသောက်သုံးရေအတွက် ရေအလုံအလောက်ရရှိရေး စိုးရိမ်ပူပန်မှုတွေကို ထပ်တိုးလာစေကြောင်း လေ့လာမှုသစ်တစ်ခုက ထုတ်ဖော်တင်ပြလိုက်ပါတယ်။
ဥရောပနဲ့ အာရှတိုက်ကြားက ကက်စပီယံပင်လယ်ကနေ တောင်အမေရိကတိုက်ရှိ တီတီကာကာရေကန်အထိ ပါဝင်တဲ့ ကမ္ဘာ့အရေးကြီးဆုံး ရေချိုအရင်းအမြစ်တွေဟာ နှစ်စဉ် စုစုပေါင်းရေပမာဏ ၂၂ ဂီဂါတန်ဝန်းကျင် ဆုံးရှုံးလာခဲ့တာဟာ ဆယ်စုနှစ် သုံးခုနီးပါး ရှိလာပြီဖြစ်တယ်လို့ နိုင်ငံတကာသုတေသနပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်စဉ် ဆုံးရှုံးမှုပမာဏဟာ အမေရိကန်ပြည်ထောင်စုရှိ အကြီးဆုံး မိဒ်ရေကန် ရေပမာဏထက် ၁၇ ဆ ပိုများပါတယ်။
အာရှအလယ်ပိုင်းရှိ အေရယ်ပင်လယ်နဲ့ အရှေ့အလယ်ပိုင်းဒေသရှိ ပင်လယ်သေတို့လိုမှာ ရေဆုံးရှုံးရခြင်းဟာ လူသားတွေရဲ့ သုံးစွဲမှုကြောင့် အဖြစ်များပြီး အာဖဂန်နစ္စတန်၊ အီဂျစ်၊ မွန်ဂိုလီးယားမှာရှိတဲ့ ကန်တွေကတော့ အပူချိန်မြင့်တက်ပြီး ရေငွေ့ပျံတာကြောင့် ဆုံးရှုံးရတာများတယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။
ရေကန်တွေအနက် လေးပုံတစ်ပုံမှာတော့ ရေပမာဏ တိုးလာတာတွေ့ရပြီး ဒါဟာ တိဘက်ကုန်းပြင်မြင့်လို ဝေလံခေါင်ဖျားအရပ်ဒေသမျိုးတွေမှာ ရေကာတာဆောက်လုပ်မှုတွေကြောင့် ဖြစ်ကြောင်းသိရပါတယ်။
သဘာဝရေကန်တွေနဲ့ ဆည်ကြီးတွေဟာ ကမ္ဘာမြေမျက်နှာပြင်ရဲ့ သုံးရာခိုင်နှုန်းခန့်သာ လွှမ်းခြုံတည်ရှိပေမယ့် ကမ္ဘာ့ရေချိုအရင်းအမြစ်ရဲ့ ၈၀ ရာခိုင်နှုန်းကို သိုလှောင်ပေးထားကြပါတယ်။ ယခုလေ့လာမှုဟာ ၁၉၉၂ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ကြား ရိုက်ယူထားတဲ့ ဂြိုလ်တုဓာတ်ပုံတွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
သဘာဝရေကန်တွေရဲ့ ရေဆုံးရှုံးမှု ၅၆ ရာခိုင်နှုန်းဟာ ရာသီဥတုပူနွေးလာမှုနဲ့ လူသုံးစွဲမှုတို့ကြောင့် ဖြစ်ရကြောင်း၊ အဲဒီထဲမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဆုံးရှုံးရတာက ပိုများကြောင်း လေ့လာမှု ဦးဆောင်ခဲ့သူ ဗာဂျီးနီးယားတက္ကသိုလ်က ဇလဗေဒပညာရှင် Fangfang Yao က ပြောပါတယ်။
ရာသီဥတုပညာရှင်တွေ ယေဘုယျအားဖြင့် ယူဆထားကြတာက ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ခြောက်သွေ့ဒေသတွေဟာ ပိုမိုခြောက်သွေ့လာပြီး စိုစွတ်ဒေသတွေဟာ ပိုမိုစိုစွမ်းလာလိမ့်မယ်လို့ပါ။ ဒါပေမယ့် ဒီလေ့လာမှုမှာတော့ စိုစွတ်ဒေသတွေမှာတောင် ရေအရင်းအမြစ်ဆုံးရှုံးမှု သိသိသာသာ မြင့်မားနေတာကို တွေ့ခဲ့ရပါတယ်။
"ဒါကို လျစ်လျူရှုမထားသင့်ပါဘူး" လို့ Yao က ပြောပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဂြိုလ်တုတိုင်းတာချက်တွေကို မိုးလေဝသနဲ့ဇလဗေဒမိုဒယ်တွေနဲ့ ပေါင်းစပ်ပြီး ကမ္ဘာ့ရေကန်ကြီး ၂၀၀၀ နီးပါးကို သုတေသနပြုခဲ့ကြပါတယ်။ လူသားတွေရဲ့သုံးစွဲမှု၊ မိုးရေချိန်ပြောင်းလဲမှု၊ မြစ်ချောင်းအတွင်းစီးဆင်းမှု၊ နုန်းပို့မှုနဲ့ အပူချိန်မြင့်တက်လာမှုတွေဟာ ကမ္ဘာတစ်ဝန်းက ရေကန်တွေကို ခမ်းခြောက်စေခဲ့တာဖြစ်ပြီး ကန်တွေအနက် ၅၃ ရာခိုင်နှုန်းဟာ ၁၉၉၂ နဲ့ ၂၀၂၀ ကြားကာလအတွင်း ရေလျော့နည်းလာခဲ့တယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။
စပိန်နိုင်ငံမှာဆိုရင် လအတန်ကြာ မိုးခေါင်တာကြောင့် ကတ်တလန် အရှေ့မြောက်ပိုင်းဒေသထဲက ဆည်တွေ ရေပမာဏ ၂၆ ရာခိုင်နှုန်းသာ ကျန်တော့ကြောင်း မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကတော့ ရေပမာဏ ၅၈ ရာခိုင်နှုန်းအထိ ရှိနေခဲ့တာပါ။
အီတလီနိုင်ငံက ဂါဒါရေကန်မှာ အရင် ၂၀၂၂ ခုနှစ် အလားတူကာလမှာ ရှိခဲ့တဲ့ ရေပမာဏနဲ့ နှိုင်းယှဉ်ချက်အရ ထူးထူးခြားခြား ရေလျော့နည်းနေတာ တွေ့ရပါတယ်။ အရင်နှစ်ထက်စာရင် ရေပမာဏ ၅၀ ရာခိုင်နှုန်း လျော့နည်းနေကြောင်း မကြာသေးခင်းက မှတ်တမ်းတင်ထားပါတယ်။
သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်အရေ တက်ကြွလှုပ်ရှားသူတွေကတော့ ကမ္ဘာကြီးပူနွေးလာမှု အပူချိန် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယက် မကျော်အောင် ကာကွယ်ဖို့လိုကြောင်း၊ ဒါမှသာ အလွန်အမင်းပြင်းထန်တဲ့ ရာသီဥတုဘေးတွေကို ရှောင်လွှဲနိုင်မှာဖြစ်ကြောင်း အရင်ကတည်းက ပြောလာခဲ့ကြပါတယ်။ လက်ရှိ ကမ္ဘာကြီးဟာ အပူချိန် ၁ ဒသမ ၁ ဒီဂရီနှုန်းနဲ့ ပူနွေးလျက်ရှိပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Half of world’s largest lakes, reservoirs losing water: Study - Aljazeera
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 1 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023