အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်

အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်

Green Way
Green Way • 25/08/2026
00:00
00:00

အစိမ်းရောင်လမ်းဆော့ဝဲ အသုံးပြုသူများခင်ဗျား -

မကြာမီ ရက်ပိုင်းအတွင်း အစိမ်းရောင်လမ်းဆော့ဝဲပေါ်တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများကို နည်းလမ်းမမှန်ကန်သော ပုံစံများဖြင့် လာရောက်ကြော်ငြာနေကြသည်ကို စိစစ်တွေ့ရှိရခြင်းနှင့်အတူ အသုံးပြုသူအချို့မှ အနှောက်အယှက်ဖြစ်ကြောင်း အကြောင်းကြားလာပါသဖြင့်

သွင်းအားစုရောင်းချသူများနှင့် အသုံးပြုသူများအားလုံး သိရှိလိုက်နာနိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များကို ထုတ်ပြန်အသိပေးအပ်ပါသည်။

၁။ သွင်းအားစုများကို အမေးအဖြေကဏ္ဍတွင် ကြော်ငြာခွင့်မပြုခြင်း

အစိမ်းရောင်လမ်း၏ စည်းမျဉ်းစည်းကမ်းအရ အမေးအဖြေကဏ္ဍတွင် စိုက်ပျိုးရေးသွင်းအားစုများကို ကြော်ငြာခွင့် လုံးဝမရှိပါ။

(အမေးအဖြေကဏ္ဍ၌ ကူညီဖြေဆိုပေးနေသော စိုက်ပျိုး၊ မွေးမြူရေးပညာရှင်များကိုလည်း သွင်းအားစုအမှတ်တံဆိပ်တစ်ခုခုကို ကြော်ငြာသဘောမျိုးဖြင့် ရည်ရွယ်ဖြေဆိုခြင်းများအား  ခွင့်ပြုမပေးထားပါ။)

၂။ တောင်သူ့စိုက်ခင်းမှ ထွက်ရှိသော ထွက်ကုန်များကိုသာ ပို့စ်တင်ရောင်းချခွင့်ပေးခြင်း

တောင်သူများ၏ သီးနှံနှင့် မွေးမြူရေးထုတ်ကုန်များကို "ဈေးတန်းကြီး" ကဏ္ဍတွင် အရောင်းအဝယ်အဖြစ် လွတ်လပ်စွာ အခမဲ့ ပို့စ်တင် ရောင်းချခွင့်ရှိပါသည်။

အကျိုးစီးပွားဆိုင်ရာ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများဖြစ်ပါက Marketplace တွင် တရားဝင် ဆိုင်ဖွင့်ပြီးမှသာ ရောင်းချရမည်ဖြစ်ပါသည်။ (အဆိုပါ နေရာတွင် တောင်သူများဘက်မှလည်း အဝယ်အမှာစာများ တင်နိုင်ရန် စီစဉ်ပေးထားပါသည်။)

တရားဝင်ဆိုင်ဖွင့်ရောင်းချလိုသော မိတ်ဆွေများအနေဖြင့် အစိမ်းရောင်လမ်းဆော့ဝဲသို့ တရားဝင်မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ကြောင်း ဆက်သွယ်ပြောပြကာ ဆိုင်ဖွင့်ရမည့်အဆင့်ဆင့်ကို ရယူနိုင်ပါသည်။

၃။ တရားဝင် ကြော်ငြာထည့်သွင်းလိုပါက

မိမိ၏ ကုန်ပစ္စည်းအကြောင်းကို အသုံးပြုသူ တောင်သူများထံ ပိုမိုမြန်ဆန်စွာ ရောက်ရှိသိရှိစေလိုပါက အစိမ်းရောင်လမ်း App တွင် တရားဝင် ကြော်ငြာ (Ads) ထည့်သွင်းနိုင်ပါသည်။

ယင်းအတွက်လည်း အစိမ်းရောင်လမ်း အဖွဲ့သားများထံသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ယခုထုတ်ပြန်ချက်ပါ စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ အစိမ်းရောင်လမ်းပေါ်တွင် အခြား မူမမှန်သော လုပ်ရပ်များဖြင့် ကုန်ပစ္စည်းအကြောင်းများကို ဆက်လက်ရေးသားဖော်ပြကာ တောင်သူများအား ရောင်းချနေမည်ဆိုပါက သက်ဆိုင်ရာပို့စ်များကို ဖျက်ပစ်မည်ဖြစ်ပြီး အကောင့်ပိတ်ပင်ခြင်း (Account Ban) အထိ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

အစိမ်းရောင်လမ်း အဖွဲ့သားများ

5
Chan

Chan

လွန်ခဲ့သော ၂ လ က

ယခုချိန်ခါတွင်ဆစ်ပိုးခေါ်ဖလံဖြူပိုးများကျရောက်သည့်အချိန်ဖြစ်၍မည်သို့ကာကွယ်ရမလဲ

U Thet

U Thet

လွန်ခဲ့သော ၂ လ က

@KO Thiha lin @waiminhtet

waiminhtet

waiminhtet

လွန်ခဲ့သော ၂ လ က

ဟုတ်တယ်ဗျဗဟုသုတကောနည်းပညာကျွမ်းကျင်သူတွေ‌ဆွေးနွေးလို့ရတယ် သိချင်တာတွေသိရတယ်ဈေးကွက်ပါသိရတော့ပိုအဆင်‌ေြပလို့green wayကျေးဇူးပါဗျ

KO Thiha lin

KO Thiha lin

လွန်ခဲ့သော ၂ လ က

ဟုတယ်ဗျ ကျွန်တော်ဗဟုသုတလေးကြည့်ချင်လို့ fb groupမှာဝင်ကြည့်တာ ကိုသိချင်တာကဗဟုသုတာ တက်နေတာက ကျော်ညာ ကျွန်တော့က ဆေးAi နဲ့ သိနှံမှာ ဘာရောဂါတွေကျလဲသိချင်တာ ဟိုဆေးကောင်းတယ်ဒီဆေးကောင်းတယ် သိဖိုမလိုဘူး ဘာရောဂါစို ဘာAiသုံးကမလဲ ရောဂါကရောဘာရောဂါလဲ အဲဒါသိချင်တာ အခုဒိစာလေးမြင်ရတော့စိတ်ချမ်းသာတယ် ဒီapkကစိတ်ချမ်းသာတယ်ကြော်ညာမကြည့်ကဘဲ ဗဟုသုတာတွေဘဲမြင်ရလို

Nova Nova

Nova Nova

လွန်ခဲ့သော ၂ လ က

သဘောတူပါတယ်

You

ဆက်စပ်မေးခွန်းများ

လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။

U BHONE THWE HTAN • ဖြေကြားချက် 0 ခု

မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Nyi Nyi Aung • ဖြေကြားချက် 0 ခု

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့

Saung • ဖြေကြားချက် 0 ခု

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့

Hlaing Min Tun • ဖြေကြားချက် 1 ခု

ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေး​လဲညွန်ပါအုံးဆရာ

မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။