အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်

စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်

Green Way
Green Way • Greenovator • 04/08/2026

👉👉👉  စစ်တမ်းဖြေဆိုရန် နှိပ်ပါ။  https://ee.kobotoolbox.org/x/d0gxJf8P

ဒေသနဲ့အကိုက်ညီဆုံး အကြံပြုချက်တွေ အစိမ်းရောင်လမ်းဆော့ဝဲအတွင်း ရယူဖို့အတွက် … စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံစမ်းကြမယ်။

ဒေသအလိုက်၊ သီးနှံအလိုက် အကိုက်ညီဆုံး အကြံပြုချက်တွေ၊ နည်းပညာတွေ၊ ဝန်ဆောင်မှုတွေ အကောင်းဆုံးပေးအပ်နိုင်ဖို့ အစိမ်းရောင်လမ်း အဖွဲ့သားတွေ ကြိုးစားနေကြပြီဖြစ်တဲ့အတွက်

ဒီအဆင့်မြှင့်တင်မှုတွေအပြီးမှာတော့ တောင်သူများအနေနဲ့ ...

✅ ဒေသနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ်များ ရရှိနိုင်မယ်။

✅ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အကြံပြုချက်များ ကို အချိန်မီ သိရှိနိုင်မယ်။

✅ စိုက်ပျိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ကို ပိုမိုမှန်ကန်စွာ ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒီလိုအသိပေးချက်တွေကို သင့်တော်တဲ့အချိန်မှာ ဒေသနဲ့ ကိုက်ညီစွာ ပေးပို့နိုင်ဖို့အတွက် Green Way က မြို့နယ်အသီးသီးမှာ စိုက်ပျိုးလေ့ရှိတဲ့ သီးနှံတွေရဲ့ စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန် အချက်အလက်တွေကို စတင်ကောက်ယူနေပါတယ်။

📝 မိတ်ဆွေတောင်သူများအနေနဲ့လည်း

မိမိတို့ရဲ့ စိုက်ပျိုးရာဒေသ၊ စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန် အချက်အလက်တွေကို အောက်ပါ Link ကနေ တစ်ဆင့် (၁) မိနစ်ခန့်သာ အချိန်ပေးပြီး ဖြေဆိုပေးဖို့ ဖိတ်ခေါ်လိုပါတယ်။

💚 မိတ်ဆွေတို့ရဲ့ အချက်အလက်တွေဟာ Green Way App က ပေးပို့မယ့် သီးနှံကာကွယ်ရေးနဲ့ စိုက်ပျိုးရေးအသိပေးချက်တွေကို ပိုမိုတိကျမှန်ကန်စေဖို့ အရေးပါတဲ့ ဒေတာအနေနဲ့ ပါဝင်လာမှာဖြစ်သလို

🎁 ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့

စစ်တမ်းမှာ ပါဝင်ဖြေဆိုပေးတဲ့ မိတ်ဆွေတောင်သူများထဲမှ ပြည့်ပြည့်စုံစုံနဲ့ သေချာဖြေဆိုပေးထားတဲ့ မိတ်ဆွေ ၃၃ ဦးကို ဖုန်းဘေလ် မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်သွားမှာပဲ ဖြစ်တာမို့လို့

📲 (၁) မိနစ်သာ အချိန်ပေးပြီး ပါဝင်ဖြေဆိုဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်ရှင်

👉👉👉  စစ်တမ်းဖြေဆိုရန် နှိပ်ပါ။

 

.

 

12
Thaw Zin Htun

Thaw Zin Htun

လွန်ခဲ့သော ၂ လ က

viberမှာပို့ထားတာတွေ့လို

Thet Naing Tun

Thet Naing Tun

လွန်ခဲ့သော ၃ လ က

hi

Sunshine

Sunshine

လွန်ခဲ့သော ၃ လ က

yes

ThuThu

ThuThu

လွန်ခဲ့သော ၃ လ က

ဝါဆိုလစိုက်ပြီး တန်ဆောင်မုန်းလတွင်ရိတ်သိမ်းပါသည်

sanminlwin

sanminlwin

လွန်ခဲ့သော ၃ လ က

ဩဂုပ်15ရက်လောက်ထိဧရာမင်းစပါးကြဲကောင်းသေးလား

You

ဆက်စပ်မေးခွန်းများ

လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။

U BHONE THWE HTAN • ဖြေကြားချက် 0 ခု

မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Nyi Nyi Aung • ဖြေကြားချက် 0 ခု

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့

Saung • ဖြေကြားချက် 0 ခု

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့

Hlaing Min Tun • ဖြေကြားချက် 1 ခု

ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေး​လဲညွန်ပါအုံးဆရာ

မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။