အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲမျိုးစုံအထွက်တိုးစေမယ့် အားဆေးဖော်စပ်နည်း

ပဲမျိုးစုံအထွက်တိုးစေမယ့် အားဆေးဖော်စပ်နည်း

Green Way
Green Way • 30/12/2025

ယူရီးယားကတော့ တောင်သူတွေသုံးနေတဲ့ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာဖြစ်ပါတယ်။ 

ဘိုရွန် (လက်ချား) ကိုတော့ ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝယ်လာတဲ့ လက်ချားအခဲကို မီးဖုတ် (သို့မဟုတ်) အပူပေးကာ ကြိတ်ချေပြီး အမှုန့်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အမှုန့်ဝယ်လို့ အဆင်ပြေမယ်ဆိုရင်လည်း အသင့်ဝယ်ယူနိုင်ပါတယ်။ 

လိုအပ်တဲ့အရာတွေကတော့

ရေတစ်ဂါလံ

ယူရီးယား ၄ ဇွန်း (ထမင်စားဇွန်း) 

လက်ချား ၁ ဇွန်း 

အထက်ဖော်ပြပါ ၃ မျိုးအား ရောစပ်ပြီး ဖျော်ရပါမယ်။ တစ်ဧကလျှင် ဖျော်စပ်ပြီးသား အာဟာရအရည် ဂါလံ ၂၀ လိုအပ်ပါတယ်။ 

ပဲမျိုးစုံတွင်အသုံးပြုမည်ဆိုပါက ပန်းစတင်ပွင့်သော အချိန်နှင့် ပန်းပြိုင်ပြိုင်ပွင့်သော ကာလများမှာ မနက်စောစောနဲ့ ညနေပိုင်း အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ၎င်းဖျော်ရည်ကို အသုံးပြုခြင်းဖြင့် ဝတ်မှုန်ကူးကောင်းစေခြင်း၊ အသီးအပွင့်အားကောင်းစေခြင်း၊ အစေ့အဆန်ပြည့်ဝစေခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။

4
Zabu Aung

Zabu Aung

လွန်ခဲ့သော ၁ လ က

တစ်ဧကကို5ပုံးဖျန်းပေးရတာမဟုတ်ဘူးလား တစ်ပုံကို20လီတာအညွှန်းလားအခုဟာက ပြန်ဆွေးနွေးပေးပါအုးံးနော်

USoe

USoe

လွန်ခဲ့သော ၈ လ က

ဆွေးနွေးမည်

htoo

htoo

လွန်ခဲ့သော ၈ လ က

ပဲမပွင့်ခင်ကောဖျန်းလို့ရလား

ဇော်လင်းထိုက်

ဇော်လင်းထိုက်

လွန်ခဲ့သော ၉ လ က

ကျနော် မနှစ်က သုံးတာ အဆင်ပြေပါတယ် တောင်သူတွေအတွက် ဓာတု ဆေးတွေစျေးကြီးနေတဲ့ အချိန်မှာ အရမ်းအဆင်ပြေတဲ့ ဆေးနည်းလေးပါ

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 4 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။