facebook ကို လုံခြုံစွာအသုံးပြုခြင်း setting များ
မင်္ဂလာပါ
ယခုအပတ်မှာ စာဖတ်သူတွေကိုပြောပြပေးမှာကတော့ စာဖတ်သူတို့နေ့စဉ်နီးပါးအသုံးပြုနေကြတဲ့ Facebook ကို ဘယ်လိုလုံခြုံအောင်အသုံးပြုလို့ရမလဲဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။
ဒီနေ့အကြောင်းအရာလေးကိုမဖတ်ခင်မှာ ရှေးအပတ်တွေကပြောပြပေးခဲ့တဲ့ အကြောင်းအရာလေးတွေကို အရင်ဆုံးပြန်လည်ဖတ်ရှုကြဖို့ တောင်းဆိုချင်ပါတယ်ဗျ။
ရှေ့အပတ်တွေကဖော်ပြခဲ့တဲ့ "လူသုံးအများဆုံး လူမှုမီဒီယာများ" ဆိုတဲ့ ဆောင်းပါးကအတိုင်းဘဲ Facebook က ကမ္ဘာမှာ လူသုံးအများဆုံးလူမှုမီဒီယာဖြစ်ပါတယ်။ ဟုတ်ပါတယ်။
Facebook က ကမ္ဘာမှာတင်မက မြန်မာနိုင်ငံမှာလဲ လူသုံးအများဆုံး လူမှုမီဒီယာ တစ်ခုပါ။ ၂၀၂၃ ခုနှစ်အစမှာတင် မြန်မာနိုင်ငံလူဦးရေရဲ့ ၃ ပုံ ၁ ပုံ ဖြစ်တဲ့ လူဦးရေ ၁၄.၅ သန်းကျော်ဟာ Facebook ကိုနေ့စဉ်အသုံးပြုနေကြပါတယ်။
ကျွန်တော်ရေးဖူးတဲ့"ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုသည်မှာ.." ဆောင်းပါးကအတိုင်းပဲ ကျွန်တော်တို့လူမှုမီဒီယာ သုံးစွဲသူများရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များမှာ အလွန်အရေးကြီးပါတယ်။
"ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ" တွင်ဖော်ပြခဲ့သည့်အတိုင်း အချက်များ ခိုးယူခံရပါက သုံးစွဲသူများအတွက် အန္တရာယ်များစွာရှိပါသည်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံက လူအများအသုံးပြုနေကြတဲ့ Facebook ကိုဘယ်လိုလုံခြုံအောင်အသုံးပြုရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Facebook က Lock Profile ပဲဖြစ်ပါတယ်။
Facebook ကုမ္ပဏီက Lock Profile ကို ၂၀၂၀ ခုနှစ် မေလမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
Lock Profile ကို နိုင်ငံတိုင်းမှာ သုံးလို့ရတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိတချို့သော နိုင်ငံများတွင်သာအသုံးပြု၍ ရခြင်းဖြစ်ပါတယ်။
Lock Profile ပြုလုပ်ထားမည်ဆိုပါက Lock Profile ပြုလုပ်ထားမယ်ဆိုရင် ဖွင့်ထားသူရဲ့ Facebook Profile ကို Screenshot ရိုက်၍ ရမည် မဟုတ်တော့ပါ။
Lock Profile ပြုလုပ်ထားသူ၏ Profile ဓာတ်ပုံနှင့် လူအများသို့ မျှဝေထားသောအကြောင်းအရာများကို သူငယ်ချင်းဖြစ်ထားသူများသာ ဝင်ရောက်ကြည့်ရှုနိုင်ပါတော့သည်။
အဓိကအချက်အနေဖြင့် Lockfile ပြုလုပ်ထားသူ၏မည်သည့်အကြောင်းအရာမဆိုနှင့် ဓာတ်ပုံများအားလုံးကို လူတိုင်းဝင်မကြည့်နိုင်တော့ခြင်းဖြစ်သည်။
Lock Profile ဖွင့်နည်းနှင့် ပိတ်နည်း
(၁) Lock Profile ပြုလုပ်ရန် Menu ကိုသွား၍ ပုံတွင် မျှားပြထားသော နေရာကိုနှိပ်ပါ။

(၂) Setting & Privacy သို့ရောက်ရှိသွားလျှင် ဖုန်းကိုအောက်သို့ဆွဲ၍ ပရိုဖိုင်ပိတ်ထားခြင်းကိုနှိပ်ပါ။

(၃)"သင့်ရဲ့ ပရိုဖိုင်ကို ပိတ်ထားရန်" သို့ရောက်ရှိသွားလျှင် မျှားပြထားသော "သင့်ရဲ့ပရိုဖိုင်ပိတ်ထားရန်" ကိုနှိပ်၍ Lock Profile လုပ်ပြီးဖြစ်ပါသည်။

(၄) မြင်ရသည်မှာ Lock Profile ပြုလုပ်ထားလျှင်မြင်ရမည့်ပုံဖြစ်သည်။

(၅) Lock Profile ပြန်ဖွင့်ချင်လျှင် အပေါ်တွင်ပြထားသည့် စဉ်လိုက်အတိုင်းပြန်ဝင်၍ နောက်ဆုံးပုံတွင် မျှားပြထားသည့် "ပြန်ဖွင့်ရန်" ကိုနှိပ်၍ ပြန်ဖွင့်နိုင်သည်။

ကဲ..ဒါဆို အစိမ်းရောင်လမ်းက မိတ်ဆွေတို့ ပရိုဖိုင် Lock ချတတ်ပြီလို့ထင်ပါတယ်။ ပရိုဖိုင်ကို Lock ချထားခြင့် မိမိတင်သော Share သောစာများကို မသိစေလိုသောသူများ ဒါမှမဟုတ် မသိသောသူများ သိသွားခြင်းကနေ ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Okkar
အားလုံး