နှမ်းသီးနှံ ရေစီမံခန့်ခွဲခြင်း
နှမ်းသီးနှံတွင် မြေကို အစိုဓာတ်ထိန်းနိုင်ရန် ထယ်ရေးကိုကောင်းစွာပြုလုပ်ရပါမည်။ ထွန်ရေးညက်၍လည်းအရေးကြီးပါသည်။ ထယ်ရေးမနက် ထွန်ရေးမညက်ပါက အစိုဓာတ် အဆုတ်မြန်ပါသည်။ အမြစ်သည် ထယ်ရေးထွန်ရေးမကောင်းသဖြင့် မြေအမာနှင့်တွေ့ပြီး ကွေ့ကောက်ခွေသွားတတ်ပါသည်။ မြေအောက်အနက်တွင်ရှိသော ရေအစိုဓာတ်ကို စုပ်ယူမရရှိနိုင်သဖြင့် အပင်များညှိုးသေမှုများဖြစ်တတ်ပါသည်။
(က) မိုးနှမ်း
မိုးနှမ်းကို မေ ဇွန်လတွင် စိုက်ကြပြီး သြဂုတ်လတွင် ရိတ်သိမ်းကြပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အများဆုံးစိုက်ကြပါသည်။ မိုးလေဝသမှန်ပါက အထွက်ကောင်းကောင်းရရှိနိုင်သော်လည်း မိုးလေဝသမကောင်းပါက လုံးဝမရသည်အထိရှိပါသည်။ တောင်သူအများစုသည် ပထမဆုံး မိုးစရွာသည်နှင့် ထွန်မွှေပြီးစိုက်လေ့ရှိပါသည်။ အမှန်မှာ ထိုမိုးသည်ပြန်ကျမိုးသာလျှင် ဖြစ်သည်။ မိုးဆက်မရွာတတ်ပေ။ ထိုအခါ အစိုဓာတ်မရှိသောကြောင့် သေကြေပျက်စီးမှုများ ကြုံရပါသည်။ ကျန်ရှိသောအပင်များမှာ သန်စွမ်းမှုမရှိ ကြုံလှီပြီး အသီးတင်မှုမကောင်းနိုင်ပါ။ ထို့ကြောင့် “သီးတော့နှစ်လုံးပြွတ် ရိတ်တော့ပင်တရွတ် ” ဆိုစမှတ်ပြုကြပါသည်။ ထို့ကြောင့် မိုးနှမ်းမစိုက်ခင် နွေထယ်ရေးကောင်းစွာပြုလုပ်ရပါမည်။ အနည်းဆုံး (၆) လက်မအနက်ရအောင် ထယ်ထိုးသင့်ပါသည်။ ထယ်ရေးကို (၂) ကြိမ်အနည်းဆုံးထိုးထားသင့်ပါသည်။ အစိုဓာတ်စုပ်ယူထိန်းနိုင်ရန်အတွက် သဘာဝမြေသြဇာ၊ နွားချေး၊ ကြက်ချေး၊ ဆိတ်ချေးဆွေးများ၊ သစ်ရွက်ဆွေးများ သစ်စိမ်းမြေသြဇာများ အသုံးပြုသင့်ပါသည်။ မိုးအစိုဓာတ်မိစေရန် မိုး(၃)ကြိမ်ခန့်ရွာပြီးမှ စိုက်သင့်ပါသည်။
(ခ) မိုးနှောင်းနှမ်း(ဆောင်းနှမ်း)
ဆောင်းနှမ်းကို စက်တင်ဘာလနှင့် အောက်တိုဘာလတွင် စိုက်ပျိုးကြပါသည်။ တောင်သူအများစုသည် စက်တင်ဘာလလယ်ခန့်တွင် စိုက်ပျိုးကြသည်။ ဆောင်းနှမ်းကို စိုက်ပျိုးရာတွင် တစ်မိုးတွင်းလုံးရွာထားသော မိုးအစိုဓာတ်နှင့်မုတ်သုန်မိုးပြန်ဆုတ်ရာတွင် ရွာသောမိုးအစိုဓာတ်ကိုအားပြုစိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ထို့ကြောင့်အစိုဓာတ်မိအောင် စောစောစိုက်ပျိုးသင့်ပါသည်။ ပန်းပွင့်ချိန်တွင် မိုးမမိစေရန် သတိထားဆောင်ရွက်သင့်ပါသည်။ နှမ်းပင်အရွက်(၄) ရွက်မျက်နှာခြင်းဆိုင်ထွက်ချိန်တွင် မိုးရွာပါက အပင်ဖြစ်ထွန်းပါသည်။ သို့ရာတွင် ပန်းပွင့်ချိန်တွင် မိုးရွာပါက နှမ်းအထွက်လျော့ပါသည်။
(ဂ) မိုးကြိုရေသွင်းနှမ်း (နွေနှမ်း)
မိုးနှမ်း ဆောင်းနှမ်းထက် မိုးကြိုရေသွင်းနှမ်းက နှမ်းပင်လိုအပ်သော အစိုဓာတ်ကို အချိန်ကိုက်ပေးသွင်းနိုင်သဖြင့် အထွက်နှုန်းပိုမှိုရရှိပါသည်။ ရေသွင်းစရိတ်ကုန်ကျမှုများရှိနေသော်လည်း အထွက်နှုန်းကောင်းမွန်သဖြင့် တွက်ခြေကိုက်ပါသည်။
မိုးကြိုရေသွင်းနှမ်းကို ဖေဖော်ဝါရီလမှ မတ်လကုန်အတွင်း စိုက်ပျိုးလေ့ရှိပါသည်။ ထယ်ရေးကိုကြိုတင်လုပ်ဆောင်ပြီး ထဘ်စာထိပ်ခေါင်းဖွေးသည်အထိ နေလှန်း? နောက် ထယ်စာခဲမြှုပ်သည်အထိရေသွင်းရပါမည်။ ထယ်စာထိပ်ခေါင်းဖွေးသည်အထိနေပြန်လှန်းပြီး အခြောက်ခံရပါမည်။ အစိုဓာတ်အနေတော်ရရှိလာပါက ထယ်ထိုးထွန်မွှေပြီး ကြမ်းတုံးဖြင့် (၃) ကြိမ်ခန့်ပြန်အုပ်ပေးရပါမည်။ နောက်ဆုံးကြမ်းတုံးအုပ်ပြီးနောက် အသွားသေးထွန်ဖြင့် စိုက်ကြောင်းဖော်ပြီး မျိုးစေ့ချစိုက်ရပါမည်။ မျိုးစေ့ချပြီးနောက်မြေပြန်ဖုံးရန်အတွက် ကြမ်းတုံးဖြင့်ထောင့်ဖြတ် (၂) ကြိမ်ပြန်အုပ်ပေးမှ အစိုဓာတ်မိရန် စိတ်ချရပါသည်။ မျိုးစေ့ချပြီးပြီးချင်း ချက်ခြင်းမြေပြန်ဖုံးမှသာ အစိုဓာတ်ကို ကောင်းစွာရရှိနိုင်မည်ဖြစ်ပြီး အပင်ပေါက်နှုန်းလည်း ကောင်းနိုင်မည်ဖြစ်ပါသည်။
ရေပေးသွင်းရာတွင် မြေကြီးအစိုဓာတ်ရရုံနည်းနည်းစီသွင်းသင့်ပြီး ရေများပြီးအပင်ခြေရေဝပ်ပါက အပင်များသေတတ်ပါသည်။ နှမ်းပင်စည်သည် အထဲမှာအပိတ်မဟုတ်ပဲ ဖော့ရိုးသားပါရှိသောအခေါင်းပွဖြစ်သောကြောင့် ရေများပါက သေလွယ်ပါသည်။
အထက်ပါအချက်အလက်များအရ နှမ်းပင်ကို အပင်သက်တမ်းတစ်လျှောက် အစိုဓာတ်မိမိစိုက်ပျိုးနိုင်ရန်တွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။
(၁) စိုက်ပျိုးချိန်ကို စောနိုင်သမျှစောနိုင်အောင်စိုက်သင့်ပါသည်။
(၂) သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်သင့်ပါသည်။
(၃) စိုက်တန်းများကို နေရောင်ခြည်သွားလမ်းအတိုင်းမစိုက်ပျိုးသင့်ပဲ ကန့်လန့်ဖြတ်စိုက်ပျိုးသင့်ပါသည်။ ထိုသို့စိုက်ပါက သီးနှံပင်အရိပ်ကျရောက်မှုကြောင့် အပူသက်သာပြီး ရေငွေ့ပျံနှုန်းသက်သာပါသည်။
(၄) ကြားထွန်ဝင်ခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို လိုအပ်သည်ထက်ပိုမလုပ်သင့်ပါ။
(၅) စိုက်ခြင်းအနီးတွင် လေကာပင်များစိုက်ထားသင့်ပါသည်။
(၆) ထယ်ရေးကိုကြိုတင်လုပ်ဆောင်ထားပြီး ထွန်ရေးညက်ရပါမည်။
(၇) ရှေ့က စိုက်ကြောင်းဆွဲ၊ မျိုးစေ့ချပြီး ချက်ခြင်း မြေပြန်ဖုံးရပါမည်။
(၈) သဘာဝမြေဆွေး၊ သစ်ရွက်ဆွေး၊ နွားချေး၊ ဆိတ်ချေး၊ ကြက်ချေးဆွေးများနှင့် သစ်စိမ်းမြေသြဇာများသုံးစွဲရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နှမ်းသီးနှံရေစီမံခန့်ခွဲခြင်း
Sai zin lin
လွန်ခဲ့သော ၃ နှစ် ကဆောင်းနှမ်းကိုသီးညှပ်စိုက်လို့ရလား မတ်ပဲ ကြားထည်းမှာ
moe daung
လွန်ခဲ့သော ၃ နှစ် ကThank You
ဆက်စပ်မေးခွန်းများ
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 3 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from U Aye Naing
အားလုံး