သိပ္ပံနည်းကျအဆင့်မြင့် ငါးခူမွေးမြူရေးအကြောင်း

09/11/2020 19:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးခူငါး၏ သဘာဝ

       ငါးခူငါးမှာ အကြေးခွံမပါသော အကြေးခွံမဲ့ ငါးတစ်မျိုးဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားတတ်သော ငါးဖြစ်သည်။ အရောင်မှာ မီးခိုးရောင်သန်းပါသည်။ ရေလုံးဝမရှိသော နေရာများတွင်လည်း ငါးခူငါးများမှာ အတန်ကြာသည်အထိ အသက်ရှင်နိုင်ကြပြီး နေရာမရွေး တွေ့ရှိနေထိုင်အသက်ရှင်သော ရေသတ္တဝါလည်းဖြစ်သည်။ 

       ငါးခူသက်တမ်းမှာ (၂၀ -၂၅)နှစ်အထိ အသက်ရှည်ကြပြီး အသက်ပြင်းသော ငါးဖြစ်သည်။ ငါးခူအမမှာ ဥတစ်ကြိမ်ဥလျှင် ဥပေါင်း(၇၀၀၀-၈၀၀၀)ခန့်အထိ ဥ,ဥနိုင်ကြပါသည်။ "ငါးခူမှာ နှုတ်ခမ်း၊ ငါးတန်မှာဝမ်း"ဆိုပြီး ငါးအမျိုးအစားအလိုက် စားကောင်းသော နေရာကို ညွှန်းဆိုထားသည့် စာချိုးလေးဖြစ်ပါသည်။ ငါးခူနှုတ်ခမ်းမွှေးမှာ အာရုံထိတွေ့မှု ကောင်းမွန်လှပြီး ပါးစပ်တဝိုက်တွင် အာရုံခံအမြှေးများ ရှိကြပါသည်။ ငါးခူငါးတွင် အပိုလေရှုအင်္ဂါ ပါရှိကြောင်းသိရပြီး ငါးခူငါးထီး၏ လိင်အင်္ဂါမှာ ရှည်ပြီးချွန်နေပါသည်။

       ရေရှိသည့်လယ်ကွင်းပြင်များ၊ ကုန်းနိမ့်ပိုင်းရှိရေအိုင်များ၊ ရေစပ်စပ်ရှိသောကန်များ၊ ရေလျှံကွင်းများ အစရှိသည်တို့တွင် အများအားဖြင့် နေထိုင်ကျက်စားကြပါသည်။ ရေငြိမ်သောနေရာနှင့် ရွှံ့နွံထူသောနေရာများတွင်လည်း တွေ့ရတတ်ပါသည်။ ချောင်းရိုးများမှသည် မြစ်ပြင်ကျယ်ထိ တွေ့ရတတ်ပါသည်။ မိမိနေထိုင်သော နေရာမှ တခြားနေရာသို့လည်း တွားသွားကာ ရွှေ့ပြောင်းနိုင်ကြသည်။ 

       ရေချိုပိုင်းတွင် အများဆုံးကျက်စားကြပြီး၊ ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင်လည်း တွေ့ရှိရပြီး ဒေသအခေါ်အရ 'ရေချိုငါးခူ' ‘ပင်လယ်ငါးခူ'ဟူ၍ လည်း ခေါ်ကြပါသည်။ အစုံစား (Omnivorous)များဖြစ်ကြပြီး ခရု၊ ကမာ၊ ငါးငယ်၊ အပင်မျှောစသည်တို့ကို သူတို့၏ အစာအဖြစ် စားသုံးကြပါသည်။ 

ငါးခူငါးမှာ မွေးမြူ၍ရသော ငါးဖြစ်ပြီး မွေးမြူမည်ဆိုပါက အောက်ပါအချက်များကို သိရှိရန်လိုအပ်ပေသည်။ 

သိပ္ပံနည်းကျ အဆင့်မြင့် ငါးခူမွေးမြူနည်းအကြောင်းသိကောင်းစရာ

၁။ သားပေါက်ပြုစုကန်

       သားပေါက်စခန်းများမှာ ရောက်ရှိလာသော ငါးခူသားပေါက်ငါးမှုန်များကို ရှေးဦးအဆင့်တွင် သားပေါက်ပြုစုကန်အတွင်း ပြုစုစောင့်ရှောက်ထားရပါမည်။ 

       (က)ကွန်ကရစ်အုတ်ကန်(သို့) မြေကန်တစ်မျိုးမျိုးကို - အငယ်ဆုံးအရွယ်အစားအားဖြင့် အလျား (၅)ပေxအနံ (၃)ပေx  အနက်(၂)ပေမှ အကြီးဆုံးအရွယ်အစား အလျား(၂၅)ပေ xအနံ(၁၀)ပေx အနက်(၄)ပေကန်များကို လိုအပ်သလို တည်ဆောက်ရပါမည်။ 

       (ခ) သားပေါက်ပြုစုကန်များအစား, အသားတိုးကန်ကြီးအတွင်း နိုင်လွန်ဇကာ(သို့)ဇာပိတ်ဖြင့် ပြုလုပ်ထားသော လှောင်ကန်အမျိုးမျိုးကို အသုံးပြုုနိုင်ပါသည်။ 

၂။ အသားတိုး မွေးမြူရေးကန်

      မိသားစုတစ်နိုင်တစ်ပိုင်မွေးမြူလိုသူများအနေဖြင့် ကန်အရွယ်အစားကို အငယ်ဆုံး-  အလျား (၆.၅)ပေ x အနံ (၆.၅)ပေ x အနက်(၃)ပေမှ အကြီးဆုံး- အလျား(၃၂)ပေ x အနံ(၃၂)ပေ x အနက်(၄)ပေကန်များကို လိုအပ်သလို တည်ဆောက်ရပါမည်။ ငါးသန်ကောင်ရေ (၂၅၀ – ၅၀၀၀)အတွင်း မွေးမြူနိင်ပါသည်။ 

        စီးပွားဖြစ် မွေးမြူလိုသူများအနေဖြင့် ကန်အရွယ်အစားကို အငယ်ဆုံး(၀.၂၅)ဧကမှ အကြီးဆုံး(၂.၀)ဧကအထိ လိုအပ်သလို ထည်ဆောက်နိုင်ပါသည်။ 

        သို့သော် ပြုစုထိန်းသိမ်းစောင့်ရှောက်မှုလွယ်ကူသည့် ကန်အငယ်စားများဖြစ်သည့် အငယ်ဆုံး အလျား (၆၅.၆) ပေx အနံ ( ၆၅.၆)ပေ x  အနက် (၅)ပေ (သို့မဟုတ်) အလျား (၁၃၅) ပေ x အနံ ( ၃၆)ပေ x အနက် (၆)ပေရှိ ကန်များသည် အထူးပင်သင့်လျော်ပါသည်။ ဤကန်မျိုးတွင် တစ်လသား ငါးသန်ကောင်ရေ(၂၀၀၀၀)မွေးမြူနိုင်ပါသည်။ 

ငါးကန်ရေနှင့်မြေကို ဘယ်လိုပြုပြင်မလဲ

        ကန်အတွင်း ယခင်ကတည်းကရှိနေသော ငါးများကို ဆွဲပြီးလို့ ရေစပ်စပ်ရှိသည့် အချိန်၌ ရိုးရိုးထုံးနှင့် CaCo3(၂)မျိုးကို ရောစပ်၍ ကန်ပတ်ပတ်လည် လိုက်ပတ်ကျဲပေးပါ။ 

       ၁ဧက ရိုးရိုးထုံး(၆)အိတ် (၆၀ပိဿာ)နှင့် ၁ဧက  CaCo3 (၅)အိတ် (25kg) (၇၅ပိဿာ) ကို (၃)လခန့် နေလှန်းထားရပါမည်။ 

       - ငါးမထည့်မီ (၁)လအလိုတွင် မိမိကန်ရေကို ပြုပြင်ရပါမည်။ ပထမဦးဆုံးရေကို (၁)ပေခန့် ထည့်သွင်းရပါမည်။ ပြီးနောက် ၁ဧက  CaCo3  (25kg) (၃)အိတ်ခန့်ကို ထည့်သွင်းထားသောရေနှင့် ရောစပ်ဖျော်၍ နေရာအနှံ့လိုက်ပက်ပါ။ ထည့်သွင်းထားသော ရေပြင်အပေါ်ကို  CaCo3  ထည့်သွင်းပါ။ (၂)ညခန့် သိပ်ထားပါ။

       - (၂)ညကြာပြီးနောက် (၃)ရက်မြောက် မနက်ပိုင်းတွင် ရေကို (၁)ပေခန့်ထည့်သွင်းပါ။ ပြီးနောက် zeolite (or) Prozeoliteကို ၁ဧကတွင် (၂)အိတ်နှုန်း ထည့်သွင်းပါ။ 50kgကို မိမိထည့်သွင်းထားသောရေနှင့် ရောစပ်ဖျော်၍ ရေပြင်အပေါ်သို့ လိုက်ပက်ပေးပါ။ ( ၂)ညခန့် သိပ်ထားပါ။

      - (၂)ညကြာပြီး နောက်တစ်နေ့တွင် ရေကို (၁)ပေခန့် ထည့်သွင်းပါ။ ရေသွင်းပြီးပါက (၁)ဧကလျှင် Dolomite (25)kg ကို (၃)အိတ်နှုန်းထည့်သွင်းပါ။ ထို(၃)အိတ်ကို မိမိထည့်သွင်းထားသော ရေနှင့် ရောစပ်ဖျော်၍ နေရာအနှံ့ လိုက်ပက်ပေးပါ။ (၂)ညခန့် သိပ်ထားပါ။

       - (၂)ညခန့်သိပ်ပြီးနောက် (၂)ပေ (သို့မဟုတ်) (၃)ပေခန့် ရေထည့်သွင်းပါ။ ရေသွင်းပြီး(၁)ဧကကို Prozeocompolizer 25kg (၂)အိတ်ခန့်ထည့်သွင်းပါ။ ထို(၂)အိတ်ကို မိမိထည့်သွင်းထားသောရေနှင့် ရောစပ်ဖျော်၍ နေရာအနှံလိုက်ပက်ကျဲပေးပါ။ ထိုသို့ပြုလုပ်ပြီး တစ်ပတ်လောက်တွင် ရေအရောင်သည် တဖြည်းဖြည်းရေဩဇာတက်လာပါမည်။ ထိုအချိန်အတွင်း (၁)လသားငါးခူငါးငယ်လေးများကို ထည့်သွင်းပြုစုပါ။

ငါးခူကျွေးသောအစာသည် အသားဓါတ် (၃၀ %မှ ၃၂%)ပါရှိရပါမည်။ 

ငါးခူငါး၏ အသုံးဝင်ပုံများ

        ငါးခူငါးမှာ လူ့အကျိုးပြု ၊အမိုင်နို၊ ဖက်တီးအက်စစ်၊ ပရိုတင်း၊ ဗီတာမင်၊ သံဓါတ် စသည့်ဓါတ်များ ပါဝင်ပြီး ဈေးသင့်ကာ အရသာကောင်းမွန်သော ငါးဖြစ်ပါသည်။ ငါးအရသာအလွန်ချိုသောကြောင့် နေမကောင်းသူများ ငါးဆန်ပြုတ်လုပ်စားပါက ငါး၏ အဓိက အာဟာရချဥ်ဆီရည်ကို အများဆုံးထုတ်ပေးရရှိနိုင်သော ငါးဖြစ်သောကြောင့် ကျန်းမာရေးနှင့် ကိုယ်ခံအားကို အမြန်ဆုံးနလန်ထူနိုင်ကြောင်း သိရပါသည်။ အဆီပိုမပါ၊ ကယ်လိုရီအလွန်နည်းသောကြောင့် Diet planလုပ်ရန် အကောင်းဆုံးငါးတစ်မျိုးဖြစ်သည်။ 

        ငါးခူငါးကို ငါးခူစဥ်းကော၊ ငါးခူမွကြော်၊ ငါးခူခြောက်စပ်၊ ငါးခူငါးငါးပိရည်အပြင် မုန့်ဟင်းခါးလုပ်ရန်၌လည်း ငါးခူငါးကို အသုံးပြုကြပါသည်။ မွန်ပြည်နယ်ဘက်၌ ပင်လယ်ငါးခူခုတ်သားဖြင့် မွန်ရိုးရာချဥ်ငန်စပ်မရမ်းပြားဟင်း ချက်စားလေ့ရှိကြပါသည်။ 

ငါးခူငါးကို - 

 Phylum (မျိုးပေါင်းစု)  - Chordata

 Class(အမျိုးအစား) - Actinopterygii

 Order(မျိုးစဥ်) - Siluriformes

 Family(မျိုးရင်း) - Clariidae

Genus(မျိုးစု) - Clarias

 Species(မျိုးစိတ်)  - Clarias Batrachus ဟူ၍ သိရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

Ref: Myanmar Pioneer Star

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်