စတီးဗီးယားပင်တွင် အေအမ်အက်မှိုနှင့်ဖော့စဖရပ်ထည့်ပေးခြင်းဖြင့် ရနိုင်သည့် အကျိုးကျေးဇူးများ

21/03/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၄၄)

စတီးဗီးယားရွက်ချိုမှုန့်ပင်အရွက်ထွက်အားကောင်းစေသော ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်မှိုကို အော်ဂဲနစ်နှင့်အင်အော်ဂဲနစ်မြေသြဇာများနှင့်တွဲသုံးခြင်း (အပိုင်း - ၄)

စတီးဗီးယားရွက်ချိုမှုန့်ပင် ဆားငန်ဒဏ်၊ အပူဒဏ်ခံနိုင်စေသော ကလိုရိုဖီးနှင့် နေရောင်ဖြင့်အစာချက်မှုတို့ အားကောင်းစေရန် အေအမ်အက်မှိုနှင့် ဖော့စဖိတ်နှုန်းနည်းနည်းကို ဖြည့်စွက်သုံးပေးပါ။ 

ဘာကြောင့် အေအမ်အက်မှိုရဲ့ သဟဇီဝနဖြစ်စဉ်က ဂေဟစနစ်မိတ်ဖက်အနေဖြင့် အပင်ကိုအကျိုးပြုတာလဲ

ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဉ်ဖြစ်သည်၊ အပင်မှ အာဟာရဓာတ်စုပ်ယူမှုမှတဆင့် ဒုတိယအစာချေဖျက်သောပစ္စည်းများ ထုတ်သည်။ မှိုအတွက်ကာဗွန်သိုလှောင်မှု ကောင်းစေသည်၊ အေအမ်အက်မှိုနှင့်ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းတွင် ဖော့စဖိတ်ထရန်စပို့တာများ ပိုထုတ်သည်၊ အပင်အတွက် အကျိုးပြုအား ကောင်းစေသည်၊

ဖော့စပရပ် ပြင်းအားနည်းနည်းနှင့်အေအမ်အက်မှိုကို ဖြည့်စွက်သုံးခြင်း၏ အကျိုးကျေးဇူးများ 

ဘယ်လိုအကျိုးကျေးဇူးတွေရစေသလဲ 

၁။ တစ်ပင်တွင်ပါဝင်သောစုစုပေါင်း ကလိုရိုဖီး (မီလီဂရမ်) အများဆုံးဖြစ်စေခြင်း

၂။ တစ်ပင်တွင်ပါဝင်သော စုစုပေါင်း ကယ်ရိုတီနွိုက် (မီလီဂရမ်) အများဆုံးဖြစ်စေခြင်း

အကျိုးပြု ဇီဝကမ္မဖြစ်စဉ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့်အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

  • ၁။  အာဟာရဖျော်ရည်နှင့် ပိုတက်စီယံ ဟိုက်ထရိုဂျင်ဖော့စဖိတ် KH2PO4 ပြင်းအားနည်းနည်း (၂၀ နှင့် ၂၀ဝ မိုက်ခရိုအမ်) ဖျန်းထားသော မိုက်ကိုရိုက်ဇာထိုးသွင်း စတီးဗီးယားပင်သည် တပင်ပါအရွက်စိုအလေးချိန် ၁ ဂရမ်တွင် ပါဝင်သော စုစုပေါင်းကလိုရိုဖီးနှင့် ကယ်ရိုတီနွိုက် (မီလီဂရမ်) များခြင်းမှာ စုစုပေါင်းကာဘိုဟိုက်ဒြိတ်နှင့်ဂျက်စမိုးနစ် ပြင်းအားများသောကြောင့် ဖြစ်သည်၊ 
  • ၂။ ဇီဝကမ္မဖြစ်စဉ်သည် အပင်သို့အာဟာရဖြစ်စဉ်အရရော၊ အာဟာရမဲ့ဖြစ်စဉ်ကွင်းဆက်အရပါ အကျိုးပြုသည်၊ ကလိုရိုဖီးဖလောရီးစန့်သည် စတီးဗီးယားပင် နေရောင်ဖြင့်အစာချက်မှုအညွှန်းအဖြစ် အကျိုးပြုသည်၊ 
  • ၃။   အေအမ်အက်ဖ်မှိုစွဲအပင်တွင် ကလိုရိုဖီးတိုးရခြင်းသည် အပင်မှအာဟာရစုပ်ယူမှု (N, Mg, Fe and Cu) တိုးခြင်းကြောင့်ဖြစ်သည်၊ မက်ဂနီစီယံနှင့်ဖဲရပ်သည် ကလိုရိုဖီးမော်လီကျူး၏ အစိတ်အပိုင်းများဖြစ်သည်၊ ကောပါးသည် ကလိုရိုဖီးပရိုတင်း = ပလပ်စတိုစိုင်ယာနင် အစိတ် အပိုင်းများဖြစ်သည်၊ နေရောင်ဖြင့် အစာချက်စဉ် အီလက်ထရွန် သယ်ဆောင်မှုတွင်ပါဝင်သည်၊ ဤဖြစ်စဉ်သည် အေအမ်အက်ဖ်မှိုစွဲအပင်မှ ကာဗွန်ပိုထိန်းချုပ်သည်၊ ဖော့စဖိတ်ပါဝင်မှုနည်းသော အခြေအနေတွင် မှိုအတွက် ကာဗွန်အရင်းအမြစ် ရစေသည်၊ 
  • ၄။  တဆင့်တိုးသည့်အကျိုးပြုမှုသည် ပါဝင်သောစုစုပေါင်း ကယ်ရိုတီနွိုက် (မီလီဂရမ်)ပြင်းအားတိုးလာခြင်းဖြစ်သည်၊ အပင်မှ  အန်တီအောက်ဆီးဒန့်များလာသောကြောင့် ဖြစ်ပြီး  အပင်ကြီးထွားမှုထောက်ကူပေးသည်၊ 
  • ၅။  တိုးတက်လာသော နည်းပညာများကြောင့် အေအမ်အက်ဖ်မှိုနှင့် ဖော့စပရပ် ပြင်းအားနည်းနည်း ပူးတွဲသုံးခြင်း အကျိုးပြုတွေ့ရှိချက်များသည် စတီးဗီးယားပင်အပြင် အခြားဈေးကွက်ဝင် ကြက်သွန်ကဲ့သို့ ဆေးဖက်ဝင်အပင်များတွင်လည်း ဂေဟစနစ်မိတ်ဖက်အဖြစ် အသုံးပြုနိုင်ကြောင်း တွေ့ရှိရသည်၊

ကိုးကား

Ali R. et al., Genetically Modified Microbes as Biofertilizers.October 2020. DOI: 10.1007/978-3-030-48690-7_13. In book: Bioremediation and Biotechnology Vol 4 (pp.275-293). Publisher: Springer Nature

Sarmiento-López LG. et al., 2020. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different phosphate concentrations. PeerJ 8:e10173 http://doi.org/10.7717/peerj.10173

 

ဒေါ်မြမြ (ပါမောက္ခ(ငြိမ်း))၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်