စတီးဗီးယားပင်တွင် အေအမ်အက်မှိုနှင့်ဖော့စဖရပ်ထည့်ပေးခြင်းဖြင့် ရနိုင်သည့် အကျိုးကျေးဇူးများ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၄၄)
စတီးဗီးယားရွက်ချိုမှုန့်ပင်အရွက်ထွက်အားကောင်းစေသော ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်မှိုကို အော်ဂဲနစ်နှင့်အင်အော်ဂဲနစ်မြေသြဇာများနှင့်တွဲသုံးခြင်း (အပိုင်း - ၄)
စတီးဗီးယားရွက်ချိုမှုန့်ပင် ဆားငန်ဒဏ်၊ အပူဒဏ်ခံနိုင်စေသော ကလိုရိုဖီးနှင့် နေရောင်ဖြင့်အစာချက်မှုတို့ အားကောင်းစေရန် အေအမ်အက်မှိုနှင့် ဖော့စဖိတ်နှုန်းနည်းနည်းကို ဖြည့်စွက်သုံးပေးပါ။
ဘာကြောင့် အေအမ်အက်မှိုရဲ့ သဟဇီဝနဖြစ်စဉ်က ဂေဟစနစ်မိတ်ဖက်အနေဖြင့် အပင်ကိုအကျိုးပြုတာလဲ
ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဉ်ဖြစ်သည်၊ အပင်မှ အာဟာရဓာတ်စုပ်ယူမှုမှတဆင့် ဒုတိယအစာချေဖျက်သောပစ္စည်းများ ထုတ်သည်။ မှိုအတွက်ကာဗွန်သိုလှောင်မှု ကောင်းစေသည်၊ အေအမ်အက်မှိုနှင့်ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းတွင် ဖော့စဖိတ်ထရန်စပို့တာများ ပိုထုတ်သည်၊ အပင်အတွက် အကျိုးပြုအား ကောင်းစေသည်၊

ဖော့စပရပ် ပြင်းအားနည်းနည်းနှင့်အေအမ်အက်မှိုကို ဖြည့်စွက်သုံးခြင်း၏ အကျိုးကျေးဇူးများ
ဘယ်လိုအကျိုးကျေးဇူးတွေရစေသလဲ
၁။ တစ်ပင်တွင်ပါဝင်သောစုစုပေါင်း ကလိုရိုဖီး (မီလီဂရမ်) အများဆုံးဖြစ်စေခြင်း

၂။ တစ်ပင်တွင်ပါဝင်သော စုစုပေါင်း ကယ်ရိုတီနွိုက် (မီလီဂရမ်) အများဆုံးဖြစ်စေခြင်း

အကျိုးပြု ဇီဝကမ္မဖြစ်စဉ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့်အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
- ၁။ အာဟာရဖျော်ရည်နှင့် ပိုတက်စီယံ ဟိုက်ထရိုဂျင်ဖော့စဖိတ် KH2PO4 ပြင်းအားနည်းနည်း (၂၀ နှင့် ၂၀ဝ မိုက်ခရိုအမ်) ဖျန်းထားသော မိုက်ကိုရိုက်ဇာထိုးသွင်း စတီးဗီးယားပင်သည် တပင်ပါအရွက်စိုအလေးချိန် ၁ ဂရမ်တွင် ပါဝင်သော စုစုပေါင်းကလိုရိုဖီးနှင့် ကယ်ရိုတီနွိုက် (မီလီဂရမ်) များခြင်းမှာ စုစုပေါင်းကာဘိုဟိုက်ဒြိတ်နှင့်ဂျက်စမိုးနစ် ပြင်းအားများသောကြောင့် ဖြစ်သည်၊
- ၂။ ဇီဝကမ္မဖြစ်စဉ်သည် အပင်သို့အာဟာရဖြစ်စဉ်အရရော၊ အာဟာရမဲ့ဖြစ်စဉ်ကွင်းဆက်အရပါ အကျိုးပြုသည်၊ ကလိုရိုဖီးဖလောရီးစန့်သည် စတီးဗီးယားပင် နေရောင်ဖြင့်အစာချက်မှုအညွှန်းအဖြစ် အကျိုးပြုသည်၊
- ၃။ အေအမ်အက်ဖ်မှိုစွဲအပင်တွင် ကလိုရိုဖီးတိုးရခြင်းသည် အပင်မှအာဟာရစုပ်ယူမှု (N, Mg, Fe and Cu) တိုးခြင်းကြောင့်ဖြစ်သည်၊ မက်ဂနီစီယံနှင့်ဖဲရပ်သည် ကလိုရိုဖီးမော်လီကျူး၏ အစိတ်အပိုင်းများဖြစ်သည်၊ ကောပါးသည် ကလိုရိုဖီးပရိုတင်း = ပလပ်စတိုစိုင်ယာနင် အစိတ် အပိုင်းများဖြစ်သည်၊ နေရောင်ဖြင့် အစာချက်စဉ် အီလက်ထရွန် သယ်ဆောင်မှုတွင်ပါဝင်သည်၊ ဤဖြစ်စဉ်သည် အေအမ်အက်ဖ်မှိုစွဲအပင်မှ ကာဗွန်ပိုထိန်းချုပ်သည်၊ ဖော့စဖိတ်ပါဝင်မှုနည်းသော အခြေအနေတွင် မှိုအတွက် ကာဗွန်အရင်းအမြစ် ရစေသည်၊
- ၄။ တဆင့်တိုးသည့်အကျိုးပြုမှုသည် ပါဝင်သောစုစုပေါင်း ကယ်ရိုတီနွိုက် (မီလီဂရမ်)ပြင်းအားတိုးလာခြင်းဖြစ်သည်၊ အပင်မှ အန်တီအောက်ဆီးဒန့်များလာသောကြောင့် ဖြစ်ပြီး အပင်ကြီးထွားမှုထောက်ကူပေးသည်၊
- ၅။ တိုးတက်လာသော နည်းပညာများကြောင့် အေအမ်အက်ဖ်မှိုနှင့် ဖော့စပရပ် ပြင်းအားနည်းနည်း ပူးတွဲသုံးခြင်း အကျိုးပြုတွေ့ရှိချက်များသည် စတီးဗီးယားပင်အပြင် အခြားဈေးကွက်ဝင် ကြက်သွန်ကဲ့သို့ ဆေးဖက်ဝင်အပင်များတွင်လည်း ဂေဟစနစ်မိတ်ဖက်အဖြစ် အသုံးပြုနိုင်ကြောင်း တွေ့ရှိရသည်၊
ကိုးကား
Ali R. et al., Genetically Modified Microbes as Biofertilizers.October 2020. DOI: 10.1007/978-3-030-48690-7_13. In book: Bioremediation and Biotechnology Vol 4 (pp.275-293). Publisher: Springer Nature
Sarmiento-López LG. et al., 2020. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different phosphate concentrations. PeerJ 8:e10173 http://doi.org/10.7717/peerj.10173
ဒေါ်မြမြ (ပါမောက္ခ(ငြိမ်း))၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U WIN HTUT
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုအစာမျိုးက ဖော့စပရပ် ရတာလည်းဗျမျှဝေပါအုံး
ဆက်စပ်မေးခွန်းများ
မူလEMကနေEMအပြင်းကိုဘယ်လိုဖေါ်စပ်ရပါသလဲ။
မျိုးလှိုင် • ဖြေကြားချက် 1 ခု
ဘာလိုအပ့်လဲ များများပဲအောင်
myominrun • ဖြေကြားချက် 2 ခု
ပုံပါလွှစာမုန့်ကို ဘာမှမလုပ်ပဲ ဒီအတိုင်းအပင်ခြေရင်းမှာအုပ်ပေးလို့ရလား အပင်ရဲ့အစိုဓါတ်ထိမ်းပေးမလို့ပါ
Sawdohhtoo • ဖြေကြားချက် 4 ခု
ရွှေဘိုဘေးကျားလေးဖြုန်းဖို့ပါ ဘယ်နရက်သားနဲ့ဖြုန်းရင် ပိုထိရောက်ပါသလဲခဗျာ
KYAW SHANE • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျ အိန္ဒိယ နိုင်ငံမှာ နာမည်ကြီးနေသည့် နွားသေး ။ နွားချေး စသည် အရော (ဆေး)ရည်ကို လီတာ ၂၀ ဆယ်ဆည့် ပုံးနဲ့ ဖျော်နည်း စပ်နည်း အပြည့်စုံ သိပါရစေ ခင်ဗျ ကျေးဇူးပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
16/10/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (12-16.10.2026)
16/10/2026
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
16/10/2026
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024