အိန္ဒိယပို့ကုန်ပိတ်ပင်မှုကြောင့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ် ဆန်ဈေးများ မြင့်တက်နိုင်
အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် ကမ္ဘာ့အခြေခံအစားအစာဖြစ်တဲ့ ဆန်ဈေးနှုန်းတွေ မြှင့်တက်လာနိုင်သလို ဂျုံ၊ ပြောင်း သီးနှံဈေးတွေလည်း အပြိုင်အဆိုင် လိုက်ပါမြင့်တက်နိုင်ပြီး စားသောက်ကုန်ဈေး ကြီးမြင့်မှုအပေါ် ဖြစ်ပေါ်နေတဲ့ စိုးရိမ်ပူပန်မှုတွေ ထပ်တိုးလာဖို့ ရှိနေပါတယ်။

အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စတဲ့ ဆန်အဓိကတင်ပို့ရာနိုင်ငံတွေမှာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ကုန်သည်နဲ့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါဟာ ရာသီဥတုဆိုးရွားမှု၊ ရုရှား-ယူကရိန်းစစ်ပွဲ စတဲ့အချက်တွေကြောင့် စားသောက်ကုန်ဈေး ကြီးမြင့်မှုကို ရင်ဆိုင်ရနှင့်ပြီးဖြစ်တဲ့ အစားအစာတင်သွင်းနိုင်ငံတွေအတွက် ထိုးနှက်ချက်သစ်တစ်ခု ဖြစ်လာစေမှာပါ။
အိန္ဒိယဟာ ဆန်ကွဲတင်ပို့မှု ပိတ်ပင်ကြောင်းနဲ့ အခြားဆန်အမျိုးအစားတွေ တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ထုတ်ပြန်ခဲ့တာပါ။ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး အိန္ဒိယနိုင်ငံမှာ မိုးနည်းပြီး စပါးအစိုက်ကျဆင်းခဲ့တဲ့အတွက် အစိုးရက ဆန်ရောင်းအား ပြည့်စုံစေဖို့နဲ့ ပြည်တွင်းဆန်ဈေး ကျစေဖို့ ယခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
" နိုင်ငံအများအပြားမှာ စားသောက်ကုန်ဖူလုံရေးနဲ့ ပတ်သက်ပြီး အလွန်ကြီးမားတဲ့ ဖိအားတွေ ဖြစ်ပေါ်လာပါတော့မယ်။ ကမ္ဘာ့အခြေခံစားသောက်ကုန်ဈေးတွေအနက် ကောက်ပဲသီးနှံဈေးတွေ ထပ်တက်လာတာ တွေ့မြင်ရပါဦးမယ်" လို့ National Australia Bank ရဲ့ လယ်ယာစီးပွားပညာရှင် Phin Ziebell က ပြောပါတယ်။
အိန္ဒိယက ယခုလို ပိတ်ပင်လိုက်တာနဲ့ ရုရှားက ယူကရိန်းသီးနှံတွေ တင်ပို့မှုအပေါ် ကန့်သတ်ဖို့ ပြောလာတဲ့အချက်တွေက သီးနှံဈေးကွက်အပေါ် လွှမ်းမိုးနေတာကြောင့် အမေရိကန် ရှီကာဂိုကုန်စည်ဒိုင်မှာ သောကြာနေ့က ဖြစ်ပေါ်တဲ့ ဂျုံဈေးတွေဟာ သုံးပတ်ဆက် ဈေးတက်မျုအဖြစ် မြင့်တက်ခဲ့ပါတယ်။
"ဒါဟာ ကုန်ဈေးနှုန်း မြင့်တက်လာစေမယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီကနေ ဂျုံနဲ့ ပြောင်းဈေးနှုန်း တက်လာဖို့ စနက်ပျိုးပေးပါလိမ့်မယ်" လို့ ဆစ်ဒနီမြို့ရှိ IKON Commodities လယ်ယာကုန်စည်လုပ်ငန်းရဲ့ ဒါရိုက်တာ Ole Houe က ပြောပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့ဆန်ရောင်းဝယ်ဖောက်ကားမှုအနက် ၄၀ ရာခိုင်နှုန်းကျော်အထိ တင်ပို့ရောင်းချပေးနေပြီး ကမ္ဘာ့ဈေးကွက်ထဲမှာ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာတို့နဲ့ အပြိုင်အဆိုင် ဖြစ်ပါတယ်။
"မြန်မာဆန်ဈေးဟာ တစ်တန်ကို ဒေါ်လာ ၅၀ စီ မြင့်တက်လာနိုင်ပြီး ထိုင်းနဲ့ ဗီယက်နမ်က ကုန်သည်တွေလည်း ဆန်ဈေးကို တိုးမြှင့်သတ်မှတ်လာပါတော့မယ်" လို့ စင်္ကာပူအခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။
အိန္ဒိယရဲ့ ပို့ကုန်ကန့်သတ်ချက် မထုတ်ပြန်သေးခင်က မြန်မာ ငါးမှတ်ဆန်ဈေးဟာ FOB နှုန်း တစ်တန်ကို ၃၉၀-၃၉၅ ဒေါ်လာကြား ပေါက်ခဲ့ပါတယ်။ အိန္ဒိယရဲ့ ငါးမှတ်ဆန်ဖြူဈေးကတော့ တစ်တန်ကို ၃၄၈ ဒေါ်လာဝန်းကျင် ရှိနေခဲ့ပါတယ်။
'ထိပ်သီးဝယ်လက် တရုတ်၊ ဖိလစ်ပိုင်တို့ ထိခိုက်နစ်နာကြဖို့ရှိ'
ကမ္ဘာမှာ ဆန်တင်သွင်းမှုအများဆုံးဖြစ်ကြတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ ဆန်ဈေးမြင့်တက်မှုဂယက်ကို ချက်ချင်းလက်ငင်း ထိခိုက်ခံစားကြရဖို့ ရှိပါတယ်။
အိန္ဒိယဆန်ကွဲကို မွေးမြူရေးအစာအတွက် ဝယ်ယူမှုအများဆုံးတစ်နိုင်ငံဖြစ်တဲ့ တရုတ်ဟာ ပြောင်းကို အစားထိုးအသုံးပြုဖွယ်ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
" ဒီပိတ်ပင်ချက်ကြောင့် တရုတ်ရဲ့ ဆန်တင်သွင်းပမာဏ ကျဆင်းလာပါလိမ့်မယ်။ တရုတ်ပြောင်းသီးနှံသစ်တွေလည်း ဈေးကွက်ထဲ ရောက်လာတော့မှာ ဖြစ်သလို တင်သွင်းထားပြီး တခြားသီးနှံတွေလည်း ပမာဏအများအပြား ရှိနေပါတယ်" လို့ Shanghai JC Intelligence Co Ltd လုပ်ငန်းက ဈေးကွက်ကျွမ်းကျင်သူ Rosa Wang က ပြောပါတယ်။
"ထိုင်းနဲ့ ဗီယက်နမ်တို့ကလည်း မဟာမိတ်ဖွဲ့ပြီး ဆန်တင်ပို့ဈေး ညှိနှိုင်းမြှင့်တင်ဖို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ဒီလိုလုပ်လာမယ်ဆိုရင် ဘယ်လိုသက်ရောက်မှု ဖြစ်လာနိုင်မလဲဆိုတာကို လေ့လာနေပါတယ်" လို့ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်က မူဝါဒ၊ စီမံကိန်းနဲ့ စည်းမျဉ်းစည်းကမ်းဌာနရဲ့ အကြီးအကဲ Mercedita Sombilla က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကမ္ဘာ့ဆန်ဈေးကွက်အပေါ် ချုပ်ကိုင်နိုင်ရေးနဲ့ ပြည်တွင်းတောင်သူဝင်ငွေ မြှင့်တင်ရေး ရည်ရွယ်ပြီး ဆန်တင်ပို့ဈေးကို ညှိနှိုင်းမြှင့်တင်ကြဖို့ သဘောတူညီထားကြတာပါ။
ဝေယံဟိန်း (B.Ag)
Ref: India's rice curbs to lift Asian prices, stoke food inflation worries - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်သီးစိုက်ပျိုးဖိုးသဲများတဲမြေမှာအဆင်ပြေပါသလား
အောင်ဇော်ထွန်း • ဖြေကြားချက် 1 ခု
ဆရာ အောက်တိုဘာ နိုဝင်ဘာလတွေမှာ မိုးအနည်းငယ်လောက်ရနိုင်သေးလားခင်ဗျ မိုးကုန်သွားပီလားဗျ
U Yan • ဖြေကြားချက် 1 ခု
ဘာရောဂါကြတာလဲဗျ
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
အဲလိုဖြစ်နေတာဘာရောဂါလဲဆရာတို့
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
ဆရာများခဗျာ ဂန္ဓမာစူပါကျောက်စိမ်ကို များသောအားဖြင့်မီးထွန်းပြီးစိုက်ကြပါတယ် မီးမထွန်းဘဲစိုက်လို့ရပါသလာ မီးထွန်းပီးစိုက်တာနဲ့ မီးမထွန်းပဲစိုက်တာဘာကွာသွားလဲခဗျာဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023