မတ်ပဲနှင့်ပဲစင်းငုံနီ ဈေးဆက်တိုက်တက်နေ

15/03/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက တက်နေခဲ့တဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေဟာ ဒီတစ်ပတ်ထဲမှာလည်း ရပ်သွားခြင်းမရှိဘဲ ဆက်တိုက်ဆက်တက်နေတာဖြစ်ပါတယ်။

မတ် ၇ ရက်တုန်းက တစ်တန်ကို ကျပ် ၁၈၆၃၀၀၀ သာရှိခဲ့တဲ့ မတ်ပဲ FAQ/RC (၂.၂ မီလီမီတာ - ၃.၂၅ မီလီမီတာကြားဆိုဒ်) ဟာ ဆက်တိုက်ဈေးမြင့်တက်လာရာကနေ တစ်ပတ်ကျော်ကြာ ဒီနေ့ မတ် ၁၅ ရက်မှာတော့ တစ်တန်ကို ကျပ် ၁၉၆၅၀၀၀ (တစ်တင်း ၆၃၁၈၀ ကျပ်ခန့်) ထိဖြစ်လာပါတယ်။ တစ်တန်ကို ကျပ် ၁ သိန်းကျော် ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

အလားတူ မတ် ၇ ရက်တုန်းက တစ်တန်ကို ကျပ် ၂၀၈၃၀၀၀ သာရှိခဲ့တဲ့ မတ်ပဲ SQ/RC (၃.၂၅ မီလီမီတာအထက် ဆိုဒ်) ဟာလည်း ဒီနေ့ မတ် ၁၅ ရက်မှာတော့ တစ်တန်ကို ကျပ် ၂၂၂၅၀၀၀ (တစ်တင်း ၇၁၅၄၀ ကျပ်ခန့်) ထိဖြစ်လာတာဖြစ်လို့ တစ်ပတ်ကျော်အတွင်း တစ်တန်ကို ကျပ် ၁၄၀၀၀၀ ကျော် ဈေးမြင့်လာတာပါ။

မတ်ပဲနည်းတူ ပဲစင်းငုံနီဈေးဟာလည်း ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ ဒီနေ့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာတော့ ပဲစင်းငုံနီ(အာစီ - ၂၀၂၃) ဈေးဟာ တစ်တန်ကို ၂၂၃၅၀၀၀ ကျပ် (တစ်တင်း ၇၁၈၆၀ ကျပ်ခန့်) ဈေးဖြစ်နေပါတယ်။ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ၄၅၀၀၀ ခန့် ဈေးမြင့်လာတာဖြစ်ပါတယ်။

မတ်ပဲဈေးတွေ အခုလိုမြင့်တက်လာခြင်းဟာ အမြင့်ဈေးနဲ့ ဝယ်ယူထားတဲ့ ကြိုပွိုင့်သမားတွေက ‌ဈေးဆွဲ တင်နေတာတွေကြောင့်ဖြစ်တယ်လို့  လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က သုံးသပ်ပါတယ်။

ပဲစင်းငုံနီကတော့ လက်ကျန်မရှိတော့တာဖြစ်တဲ့အတွက် ဈေးက ရောင်းသူစိတ်ကြိုက်အခြေအနေမှာ ရှိနေတယ်လို့ AMIA  က ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲက အမြင့်ဈေးနဲ့ရှိနေတယ်လို့ သိရပြီး ပဲစင်းငုံနီဟာလည်း အိန္ဒိယဝယ်လိုအားရှိတယ်လို့ သိရပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်