စပါးစိုက်ပျိုးရာတွင် တွေ့ရများသော အာဟာရဓာတ်ချို့တဲ့မှုလက္ခဏာများ(၁)

27/08/2020 12:30 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား

ဦးကြီးတို့မင်္ဂလာပါဗျ။

     မြန်မာနိုင်ငံတွင်ရှိသော တောင်သူဦးကြီးတို့၏ စိုက်ပျိုးမြေများတွင် မည်သည့် အာဟာရဓာတ်များချို့တဲ့၍ မည်သည့်အာဟာရဓာတ်များပေါများနေသည်ကို ဓာတ်ခွဲစမ်းသပ်ရန် ဓာတ်ခွဲခန်းများ နည်းပါးနေပါသည်။ ထို့ကြောင့် စိုက်ပျိုးမြေများတွင် ချိူ့တဲ့နေသော အာဟာရဓာတ်များကို စိုက်ပျိုးသီးနှံများတွင် အာဟာရချို့တဲ့မှုလက္ခဏာများကို တွေ့ရပါသည်။ ဦးကြီးတို့ စပါးစိုက်ခင်းထဲမှာ ရောဂါကျရောက်မှုလက္ခဏာလား၊ အာဟာရချို့တဲ့မှု လက္ခဏာလားဆိုတာ ခွဲခြားရခက်နေသည်များကို တွေ့ရပါသည်။  ထို့ကြောင့် စပါးတွင် အာဟာရချို့တဲ့မှုလက္ခဏာများကို ဆက်လက်လေ့လာကြရအောင်။

     အပင်တိုင်းအတွက် လိုအပ်သော အာဟာရဓာတ်များတွင် အများလိုအာဟာရဓာတ်များနှင့် အနည်းလိုအာဟာရဓာတ်များဟူ၍ ရှိပါသည်။ ထိုအာဟာရဓာတ်များကို အပင် အတွင်း ရွေ့လျားနိုင်သော အာဟာရဓာတ်များနှင့် မရွေ့လျားနိုင်သော အာဟာရဓာတ်များ ဟူ၍ ခွဲခြားနိုင်ပါသည်။ အပင်အတွင်းရွေ့လျားနိုင်သော အာဟာရဓာတ်များသည် အရွက်အနု များအတွက် လိုအပ်သော အာဟာရဓာတ်များကို အောက်အရွက်များမှ ပို့ဆောင်ပေးပါသည်။ ထို့ကြောင့် အပင်အတွင်းရွေ့လျားနိုင်သော အာဟာရဓာတ်များ ချို့တဲ့သောအခါ အောက် အရွက်အရင့်များတွင် ချို့တဲ့မှုလက္ခဏာများကို စတင်ဖော်ပြပါသည်။ အပင်အတွင်း မရွေ့လျားနိုင်သော အာဟာရဓာတ်များသည် အရွက်အနုများအတွက် လိုအပ်သောအာဟာ ရဓာတ်များကို မပို့ဆောင်ပေးနိုင်ပါ။ ထို့ကြောင့် အပင်အတွင်းမရွေ့လျားနိုင်သော အာဟာရ ဓာတ်များ ချို့တဲ့သောအခါ ချို့တဲ့မှုလက္ခဏာများကို အရွက်နုများတွင် စတင်ဖော်ပြပါသည်။ 

 

စပါးအပင်အတွက် အဓိကလိုအပ်သော အာဟာရဓာတ်များမှာ-

နိုက်ထရိုဂျင်(N)

Nသည် အပင်အတွင်းရွေ့လျားနိုင်သော အာဟာရဓာတ်ဖြစ်ပါသည်။ ထို့ကြောင့် ချို့တဲ့မှုလက္ခဏာများကို စပါးအောက်အရွက်များတွင် တွေ့ရပါသည်။ ချို့တဲ့မှုလက္ခဏာများမှာ စပါးအောက်အရွက်များစပြီးဝါလာပါသည်။ ထို့နောက် တဖြည်းဖြည်း တစ်ပင်လုံး နီးပါး စိမ်းဝါရောင်ပြောင်းသွားပါသည်။ အရွက်ထိပ်ဖျားပိုင်းတွင် ဆဲလ်သေကွက်များလည်း တွေ့ရတက်ပါသည်။ ထို့အပြင် စပါးပင်များပုသွားခြင်း၊ အရွက်များကျဥ်းသွား၍ ထောင်မတ်နေခြင်းများ တွေ့ပါသည်။ N ချို့တဲ့မှုများကို စပါးပင်သက်တမ်းတစ်လျှောက်လုံး တွင် Nလိုအပ်မှုအများဆုံးဖြစ်သော အပင်ပွားထွက်သောအချိန်နှင့် ဖုံးတုံးလုံးတုံးအချိန်များ တွင် အများဆုံးတွေ့ရပါသည်။

ဖော့စဖောရပ်စ်(P)

     Pကို ပင်ပွားထွက်ချိန်တွင် အများဆုံးလိုအပ်ပါသည်။ Pသည် ပင်ပွားထွက်ရှိမှုကို အားပေးခြင်း၊ အမြစ်ဖွံ့ဖြိုးမှုကိုအားပေးခြင်းနှင့် ပန်းစောစောပွင့်စေခြင်း စသည့်လုပ်ငန်း များကို လုပ်ဆောင်ပေးပါသည်။ Pချို့တဲ့လျှင် အပင်များပုသွားခြင်း၊ အရွက်များအစိမ်းရင့် ရောင်ပြောင်းသွာခြင်း၊ အရွက်များသေးသွယ်၍ ထောင်မတ်နေခြင်း၊ ပင်ပွားထွက်မှုနည်းခြင်း၊ အရွက်အရေ အတွက်နည်းသွားခြင်း၊ အနှံအရေအတွက်များ နည်းသွားခြင်း၊ တစ်နှံပါအစေ့ အရေအတွက် နည်းသွားခြင်း စသည့်လက္ခဏာများ တွေ့ရပါသည်။ N နှင့်Pရောတပြိုင်နက် ချို့တဲ့ခဲ့ပါက စပါးအရွက်များ အစိမ်းရောင်ဖျော့သွားပါလိမ့်မည်။

ပိုတက်ဆီယမ် (K)

     Kသည် အပင်များ၏ လုပ်ဆောင်ချက်များတွင်အဓိက အရေးပါသော အာဟာရဓာတ် တစ်ခုဖြစ်ပါသည်။ Kသည်  ဆဲလ်များကိုတောင့်တင်းခိုင်မာစေပြီး ပိုးမွှားရောဂါများကို ခံနိုင်ရည်ရှိစေခြင်း၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း၊ စပါးပင်များ ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည် ရှိစေပါသည်။ Kသည် အပင်အတွင်းရွေ့လျားနိုင်သော အာဟာရဓာတ်ဖြစ်သော ကြောင့် ချို့တဲ့မှုလက္ခဏာများကို စပါးအောက်အရွက်များတွင် စတင်တွေ့ရပါသည်။ Kချို့တဲ့ ပါက စပါးအရွက်များ၏ ထိပ်ဖျားပိုင်းတွင် အညိုရင့်ရောင် ဆဲလ်သေကွက်များ တွေ့ရပြီး အရွက်၏ အနားသတ်များတွင် ဝါညိုရောင်အကွက်များ တွေ့ရပါသည်။ ပထမပိုင်းတွင် အရွက်၏ ထိပ်ဖျားပိုင်းတွင် ချို့တဲ့မှုလက္ခဏာများ စတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အရွက်၏အနားသတ်များထိ ဖြစ််ပေါ်လာပါသည်။ နောက်ဆုံးတွင် စပါးရွက်၏အခြေအထိ ရောက်သွားပါမည်။ ထို့အပြင် အပေါ်အရွက်များသည်လည်း တိုလာခြင်း၊ ငိုက်ကျလာခြင်း၊ အောက်အရွက်များသည် အဝါရောင်မှ အညိုရောင်သို့ပြောင်းသွားပါသည်။ 

ချမ်းသာဦး

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်