အရည်အသွေးကောင်းသော အီးအမ်အရည် ဟုတ်မဟုတ် စစ်ဆေးနည်း (၂)
အဆင့် (၄) ချဉ်ငန်ဓာတ်ကို စစ်ဆေးခြင်း
အီးအမ်ပျော်ရည်၏ အဖြစ်သင့်ဆုံး ချဉ်ငန်ကိန်း (pH value) မှာ ၃.၇၅ နှင့် ၄.၇၅ အတွင်း ဖြစ်ရမည်။ ၄.၇၅ နှင့်အထက် ဥပမာ ၆.၅ လောက်ဆိုရင် အချဉ်ဖြစ်စေသော ဒိန်ချဉ် ဘတ်တီးရီးယား (Lactobacilli) မရှိသလောက်ကို ဖြစ်သည်။ ထို့အတွက် အီးအမ်သည် အနည်းငယ်ထက်ပိုသော အတော်အသင့်ချဉ်လွန်းသော သဘောရှိသည်။ ချဉ်ငန်ကိန်း ၃.၇၅ ထက် နည်းပါက အက်ဆစ်ဓာတ်များသဖြင့် သုံးရန် မသင့်တော်ပေ။
အဆင့် (၅) စေးပျစ်မှုကို စစ်ဆေးခြင်း
စေးပျစ်မှုကို စစ်ဆေးရန် ရေထည့်ထားသောဖန်ခွက်ထဲသို့ အီးအမ်ပျော်ရည် တစ်စက်ကို ထည့်ပါ။ ထည့်ထည့်ခြင်းတွင် အရည်စက်မှာ ပြိုကွဲမသွားရပါ။ ၁ - ၂ စက္ကန့် ကြာမှသာ အရည်သည် ရေအတွင်း ပျော်ဝင်ရပါမည်။
အဆင့် (၆) အလုပ်လုပ်ဆောင်မှုကို စစ်ဆေးခြင်း
ဒီအဆင့်ကို အကျယ်တဝင့် ပြောမည်ဆိုပါက ကျယ်ဝန်းပါသည်။ စမ်းနည်းများစွာရှိပါသည်။ ရေး၍ ပြီးမည် မဟုတ်ပါ။ ထို့အတွက် အကျဉ်းချုံး နည်းတစ်ခုသာ ဖော်ပြပါမည်။ အီးအမ်အရည် အနည်းငယ်ဖြင့် ချက်ခါစ ထမင်း (မပူနေရပါ ၊ခပ်နွေးနွေး အနေအထားတွင်) ကိုလောင်းပါ။ ထို့နောက် ထည့်စရာ တစ်ခုခုအတွင်း ထည့်၍ လေအလုံပိတ်ထားပါ။ ၃ - ၄ ရက်ခန့် ကြာလျှင် ထမင်းတွေမှာ ပုံမှန် နေမြင့်ရင် ထမင်းများ သိုးသကဲ့သို့ ပုတ်သိုးခြင်း၊ ရိရွဲခြင်း၊ အနံ့ဆိုးထွက်ခြင်းများ မဖြစ်ရပါ။

အထက်ဖော်ပြပါ အဆင့်များသည် အီးအမ်အပြင်း၊ အသင့်သုံး အီးအမ်တို့ကိုသာ အာနိသင်ရှိ၊ မရှိယေဘုယျစမ်းခြင်း ဖြစ်ပါသည်။ ပင်မ အီးအမ်ကို စမ်းချင်ပါက အီးအမ်အပြင်း သို့မဟုတ် အသင့်သုံးအီးအမ်အနေဖြင့် ပြန်ပြောင်း၍ စမ်းနိုင်ပါသည်။ ထို့အပြင် အီးအမ်အမျိုးစားချင်း အတူတူကို ဘယ် အမျိုးအစားက ပိုကောင်းသည် ကို စမ်းသပ်သည့်နည်းများ မပါဝင်သေးပါ။
ဒီဆောင်းပါးကို ပြင်ဆင်ချိန် ကြာမြင့်ပါသဖြင့် ကူးချမည်ဆိုပါက ကျေးဇူးပြု၍ ရေးသားသူကို အားနာပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။ အသင့်သုံးနေသော အီးအမ်သည် ဖော်ပြပါအဆင့် ၆ ဆင့် စမ်းသပ်ခြင်းတွင် အနည်းဆုံး ၅ ဆင့် အောင်မြင်နိုင်ရပါမည်။
ဖုန်းမာန် Lab
အပိုင်း(၁) >>>>> https://greenwaymyanmar.com/posts/EM_Quality_Checking
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးခင်ရှိန်
လွန်ခဲ့သော ၄ နှစ် ကမြေဆွေးလုပ်သုံးပါ
Htet Aung
လွန်ခဲ့သော ၄ နှစ် ကဘယ် လိုသုံးရမလဲ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024