ရေနွေးကြမ်းရဲ့ ကျန်းမာရေးကောင်းကျိုး (၁၀) ချက်

16/02/2022 18:00 PM တွင် Nan Su San Nan Su San မှ ရေးသား

ကမ္ဘာမှာ ရေပြီးရင် ဒုတိယသောက်သုံးမှု အများဆုံးဟာ ဂရင်းတီး (ရေနွေးကြမ်း) ဖြစ်ပါတယ်။

ရေနွေးကြမ်းဟာ ခန္ဓာကိုယ်အတွက် ရေဓါတ်ဖြည့်ပေးရုံသာမက တခြားသော အကျိုးကျေးဇူးများစွာလဲ ရှိနေပါတယ်..။ ဆိုတော့.. ရေနွေးကြမ်းသောက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေ ဘာတွေဖြစ်မလဲ..။

 ၁။ ကျန်းမာရေးအတွက် ကောင်းမွန်သော ဒြပ်ပေါင်းများစွာ ပါဝင်ခြင်း။

 ဂရင်းတီးမှာ ရောင်ရမ်းမှုကိုသက်သာစေသော၊ ကင်ဆာရောဂါခုခံတွန်းလှန်ရာမှာ ကူညီပေးသော ပိုလီဖီနော ပါဝင်မှုမြင့်မားပါတယ်။ ဒါ့အပြင် ဂရင်းတီးမှာပါဝင်တဲ့ ကတချင်းဓါတ် (Epigallocatechin-3-gallate, EGCG)ဟာ တစ်သျှူးများ၊ ဆဲလ်များပျက်ဆီးခြင်း၊ အသားရေအိုမင်းခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။

 ၂။ စိတ်လက်ရွှင်လန်းစေခြင်း

ဂရင်းတီးမှာ ကဖိန်းဓါတ်ပါဝင်တာကြောင့် ဂရင်းတီးသောက်သုံးခြင်းဖြင့် စိတ်လက်ရွှင်လန်းစေပါတယ်။ ဂရင်း တီးမှာ ပါဝင်တဲ့ ဓါတ်တမျိုး (Amino acid L-thaenin) နဲ့ ကဖိန်းဓါတ်တို့ဟာ မှတ်ဉာဏ်ကောင်းစေခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။

 ၃။ ကိုယ်တွင်းအဆီချေဖျက်မှုကို  ကောင်းမွန်စေခြင်း

ဂရင်းတီးသောက်ပေးခြင်းဖြင့် ဇီဝတွင်းဖြစ်ပျက်မှု(သက်ရှိ ကိုယ်တွင်း  အစာ‌ခြေချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော ဖြစ်စဉ်) ကို အားကောင်းစေပြီး ကိုယ်တွင်းအဆီချေဖျက်မှုကို ကောင်းမွန်စေ ပါတယ်၊၊

 ၄၊၊ ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့နည်းစေခြင်း

ဂရင်းတီးမှာ ကင်ဆာအဖုအကျိတ်ဖြစ်ပွားမှု နည်းအောင် ကာကွယ်ပေးနိုင်တဲ့ အင်တီအောက်စီတန့် ပါဝင်မှု မြင့်မားပါတယ်။ အဲဒါကြောင့် ဂရင်းတီးပုံမှန်သောက်သုံးတဲ့သူတွေမှာ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားမှုကို လျော့နည်းစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဂရင်းတီးပုံမှန်သောက်သုံးပေးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို ၂၀_၃၀ ရာခိုင်နှုန်းထိလျော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

 ဂရင်းတီးပုံမှန်သောက်သုံးပေးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ၄၂ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင် ကြောင်း သုတေသီများက မှတ်တမ်းတင်ထားပါတယ်။

 ၅။ မှတ်ဉာဏ်ချို့ယွင်းခြင်းကို လျှော့ချခြင်း။

ဂရင်းတီးမှာ ပါဝင်တဲ့ ကတချင်း  (Catechin)ဟာ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်း ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။

၆။ခံတွင်းနံ့ကို သက်သာစေခြင်း

ကတချင်း  (Catechin)ဟာ  ခံတွင်း ဘတ်တီးရီးယားပေါက်ပွားမှုကို လျှော့ချပေးနိုင်တာကြောင့် ဂရင်းတီး သောက်ပေးခြင်းဖြင့် ခံတွင်းနံ့ဆိုးများကို သက်သာစေပါတယ်။

 ၇။ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း။

ဂရင်းတီးဟာ သွေးတွင်းသကြားပါဝင်မှုကို လျော့ချပေးနိုင်တာကြောင့် ဂရင်းတီးပုံမှန်သောက်သုံးသူတွေမှာ ဆီးချိုရောဂါ (အမျိုးအစား_၂)ဖြစ်ပွားမှုကို ၄၂ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း ဂျပန်သုတေသန ပညာရှင်များမှ လေ့လာတွေ့ရှိပါထားပါတယ်။

 ၈။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ခြင်း။

ဂရင်းတီးဟာ သွေးတွင်းအဆီဓါတ်(မကောင်းသောအဆီဓါတ်) ပါဝင်မှုကို လျှော့ချပေးနိုင်စွမ်းရှိပြီး ဂရင်းတီး သောက်သုံးခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။

 ၉။ကိုယ်အလေးချိန်ကို လျှော့ချပေးခြင်း။

ဂရင်းတီးသောက်သုံးခြင်းဖြင့် ဝမ်းဗိုက်တွင်းအဆီတွေကို လျှော့ချပေးပြီး ကိုယ်အလေးချိန်ကို ကျစေနိုင်ပါတယ်၊၊

 ၁၀။အသက်ရှည်စေခြင်း

ဂရင်းတီးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေကို လျှော့ချပေးနိုင်တာကြောင့် ဂရင်းတီးပုံမှန်သောက်ပေးတဲ့သူတွေဟာ မသောက်သုံးတဲ့သူထက် အသက်ပိုရှည်ကြောင်း ဂျပန်သုတေသန ပညာရှင်များမှ လေ့လာတွေ့ရှိထားပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်