ဖရုံ၊ သခွါး မျိုးနွယ်များတွင် လက်အကူညီလိုသော ဝတ်မှုန်ကူးခြင်း
ဖရုံ သခွါး မျိုးနွယ်ဝင်တွေထဲမှာတော့ သခွါး ၊ ရွှေဖရုံ ၊ ဇူကီးနီ ၊ ကြက်ဟင်းခါးမျိုး၊ သခွားမွှေးသီး စတာတွေ ပါဝင်ပါတယ်။
ဦးကြီးရဲ့ စိုက်ခင်းမှာ ဖရုံပွင့်တွေကြွေပြီး အသီးမတင်တဲ့ ပြဿနာကို ကြုံနေရပြီ ဆိုရင်တော့ ပန်းပွင့်တွေ ဝတ်မှုန်ကူးတာ မအောင်ဘူးလား ဆိုတာကို ပြေးသတိရသင့်ပါတယ်ဗျ။ ဒါပေမယ့် သိပ်လန့်သွားစရာမလိုပါဘူးဗျာ။ ဘာလို့ဆို ဒီပြဿနာကို ကူညီဖြေရှင်းပေးနိုင်မယ့် အလွယ်ဆုံးနည်းလမ်း တစ်ခုကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။
ဒီနည်းလမ်းကတော့ လက်နဲ့ဝတ်မှုန်ကူးခြင်းပါ။ ဟာ...ပန်းပွင့်ထဲမှာ ရှိနေတဲ့ဝတ်မှုန်လေးတွေကို ကျွန်တော်တို့ လက်နဲ့ ဘယ်လိုပေါင်းစပ်ပေးရမှာလဲဗျ။ နည်းလမ်းလေးက ဒီလိုပါ။
အဖိုပွင့် အမပွင့်ကို ခွဲခြားသိရပါမယ်။ အမပွင့်ရဲ့ အောက်ခြေမှာက အသီးလုံးပုံစံလေးပါနေပါလိမ့်မယ်။ ဒါကတော့ ဦးကြီးတို့ သိပြီးသားဖြစ်မှာပါ။ အမပွင့်မှာမှ အသီးသီးနိုင်တာဆိုတော့ အဖိုပွင့်ကဝတ်မှုန်ကို အမပွင့်ပေါ်တင်ပေးရုံပါဗျာ။
အပြောလွယ်ပေမယ့် သတိထားသင့်တဲ့အချက်လေးတွေရှိတာမို့ လေ့လာကြည့်ရအောင်ပါဗျ။
အရေးကြီးဆုံးဖြစ်တဲ့ ဝတ်မှုန်ကူးရမယ့်အချိန်
ဟင်းသီးဟင်းရွက်ပင်တွေရဲ့ ပန်းပွင့်အများစုကတော့ အတော်လေးညဉ့်နက်မှ ပွင့်ကြတာမျိုးပါ။ ဦးကြီးအနေနဲ့ ညဘက်အိပ်ရေးပျက်မခံနိုင်ဘူးဆိုရင်တော့ နေထွက်ချိန်မတိုင်ခင်မှာ ဝတ်မှုန်ကူးသင့်ပါတယ်။ဘာလို့ဆိုတော့ ပန်းပွင့်တွေက နေထွက်လာရင် ပြန်ပိတ်သွားတတ်ကြတာမို့ပါဗျ။ ဒါကြောင့် ဝတ်မှုန်ကူးမယ့် အချိန်က အရေးကြီးပါတယ်ဗျ။
အချိန်ကိုသိပြီဆိုရင်တော့ ဝတ်မှုန်ကူးမယ့် ကိရိယာပါ။ ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူးဗျ။ ကျွန်တော်တို့ ပန်းချီဆွဲတဲ့စုတ်တံလို သေးသေးလေးတစ်ခု ဒါမှမဟုတ် ဂွမ်းနားကြပ်တံလေးတစ်ခုဆိုရပါပြီ။
ဘယ်လိုကူးရမလဲ?
ပစ္စည်းကိရိယာတွေနဲ့အတူ စိုက်ခင်းထဲကို နေမထွက်ခင် အချိန်လေးအရောက်သွားပါ။ အဖိုပွင့် အမပွင့်ကိုခွဲခြားသိပါ။ အဖိုပွင့်စီသွားပြီး ဝတ်မှုန်တိုင်လေးကို စုတ်တံ ( သို့ ) နားကြပ်တံလေးနဲ့ပွတ်ပါ။ ပွတ်ယူတဲ့အခါ ဝတ်မှုန်တိုင်ရဲ့အောက်ခြေကနေ စယူပါ။ ဒါမှ ဝတ်မှုန်တွေကို ရရှိနိုင်မှာပါ။ ပြီးရင် အနီးဆုံးမှာရှိတဲ့ အမပွင့်စီ သွားပါ။ အမပွင့်ရဲ့အလည်တည့်တည့်က လက်ခံတိုင်လေးရဲ့ထိပ်ကို ဝတ်မှုန်တွေယူလာတဲ့ စုတ်တံလေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။
ဒီလိုမလုပ်ချင်ဘူးဆိုရင်တော့ အဖိုပွင့်ရဲ့ ဝတ်မှုန်တိုင်ကို ချိုးယူပြီး အမပွင့်ပေါ်တိုက်ရိုက်သုတ်လိမ်းပေးလို့ရပါတယ်ဗျ။ ဒီနေရာမှာ မှတ်သားစရာတစ်ခုကတော့ အဖိုပွင့်က အမပွင့်ထက် စောစောပွင့်ပါတယ်ဗျ။ ဒီတော့ အမပွင့်ပွင့်ချိန်ထိစောင့်ပေးဖို့ လိုပါမယ်။ ဝတ်မှုန်မကူးခင်မှာ ချိုးယူပြီးသား အဖိုဝတ်မှုန်တိုင်တွေကို ရေစိမ်ထားလို့ ရပါတယ်ဗျ။
ကဲ...ဒါဆိုရင်တော့ လက်နဲ့ဝတ်မှုန်ကူးခြင်းကို အောင်မြင်စွာပြုလုပ်နိုင်ပါပြီဗျာ။ ဦးကြီးတို့စိုက်တဲ့အသီးတွေ ချောချော လှလှ ရနိုင်စေဖို့ ရေးသားဖော်ပြပေးလိုက်ရပါတယ်ဗျ။
ထွန်းရာဇာ
Source - https://www.theseedcollection.com.au/blog/Hand-Pollinating-Curcurbits
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ထွန်းရာဇာ
အားလုံး