ပြင်းထန်သည့် အပူဒဏ်အန္တရာယ်ကာကွယ်ခြင်း

29/04/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

ပူပြင်းသည့် နွေရာသီရောက်ရှိလာပြီဖြစ်၍ မိမိခန္ဓကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုမရှိအောင် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ 

ပြင်းထန်သည့်အပူရှိန်ကြောင့် ဖြစ်နိုင်သည့်အန္တရာယ်များမှာ မိတ်နှင့် ယားဖုများထွက်ခြင်း၊ ပင်းပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းစသည့်အန္တရာယ်များ ဖြစ်နိုင်ပါသည်။ 

ပြင်းထန်သည့်အပူဒဏ်အန္တရာယ်ကို ကာကွယ်ရန်အတွက် - 

၁။ ရေများများသောက်ပါ။ ဆိုဒါ/သကြားပါသောအချိုရည်များကို မသောက်ပါနှင့်။ ၎င်းတို့သည် မိမိတို့ခန္ဓာကိုယ်တွင်ရှိသောရေဓာတ်ကို ပိုမိုဆုံးရှုံးစေပါသည်။ 

၂။ ပြင်းထန်သောနေရောင်ခြည်နှင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားရန်အတွက် အလုပ်အချိန်ဇယားစီစဥ်ပါ။ အပူရှိန်ပြင်းသည့် နံနက် (၁၁း၀၀) နာရီ မှ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ခန္ဓာကိုယ်နှင့်အားစိုက်ပြီးလုပ်ရသည့်အလုပ်များ၊ ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ရှားရန်လိုအပ်ပါသည်။ 

အကယ်၍ ၎င်းအချိန်တွင် လယ်၊ ခြံယာထဲ၌ အလုပ်လုပ်ရန်လိုအပ်ပါက အေးမြသည့်အရိပ်အောက်တွင် မကြာခဏအနားယူပါ။ အေးမြသည့်အချိန် နံနက်စောစော၊ ညနေခင်းအချိန်တို့တွင် အလုပ်လုပ်ပါ။

 ၃။ အရေပြားကို ဖုံးလွှမ်းနိုင်သောအရောင်ဖျော့ဖျော့အဝတ်အစားများကို ဝတ်ပါ။ ဦးရေပြား၊ နားရွက်၊ လည်ပင်းတို့ကို ကာကွယ်ရန်အနည်းဆုံး(၃)လက်မအစွန်းရှိသော ဦးထုပ်ကို ဝတ်ဆင်ပါ။

 အသေးစိတ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ e-compaus Learning Platform ရှိ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းလက်စွဲတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်