နို့စားနွား မျိုးကောင်းမျိုးသန့် ရွေးချယ်နည်း

01/07/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

နို့စားနွားမွေးမြူသူများအနေဖြင့် နို့စားနွားမွေးမြူရာတွင် နွားမျိုးကောင်းမျိုးသန့် ရရှိဖို့လည်း အရေးကြီးလှသဖြင့် ရွေးချယ်နည်းကို ဖော်ပြပေးလိုက်ပါသည်။

မြန်မာနိုင်ငံတွင် မွေးမြူလျက်ရှိသော နို့စားနွားမျိုး များမှာ -

၁။ ဖရီရှန်

၂။ ဂျာစီ

၃။ အေရှိုင်းယားတို့ ဖြစ်ကြသည်။

 

နို့စားနွားမကောင်းများ၏ ပုံသဏ္ဍာန်လက္ခဏာများမှာ-

- နွားမ၏ ခန္ဓာကိုယ်သည် သပ်ပုံသဏ္ဍန်ရှိရပါမည်။

- မျက်လုံးကြည်လင်တောက်ပ၍ ကျန်းမာခြင်းလက္ခဏာဖြစ်သည့် အရည်ရွှန်းလဲ့နေရပါမည်။

- ဦးခေါင်းကျော့ရှင်း၍ ကျယ်သောနှာခေါင်းပေါက် ရှိရပါ မည်။

- ရင်အုပ်ကျယ်၍ နံရိုးများဘေးသို့ ပြန့်ကားနေရပါမည်။ 

- ကိုယ်ခန္ဓာအလျားနှင့် အမြင့်အနေအထား ကောင်းရပါမည်။

- လည်တံရှည်၍ သွယ်တန်းနေရပါမည်။

- အစားကောင်း၍ အကြမ်းခံနိုင်ပြီး ကိုယ်ခန္ဓာတောင့်တင်းခိုင်မာရပါမည်။

- တစ်နှစ်တစ်သား ပေါက်ရပါမည်။

- နို့အုံကြီးမား၍ နို့သီးများနေရာအမှန်ရှိပြီး နို့အုံသွေးပြန်ကြောတို့ ကြီးရပါမည်။

- နို့ထွက်နေစဥ်ကာလအတွင်း အသားတက်ခြင်း၊ ဝခြင်း မရှိစေရပါ။

- ပျော့ပျောင်းသော အရေပြားရှိရပါမည်။

 

နို့စားနွားကို မျိုးမြင့်သားစပ်ခြင်း

- မျိုးမြင့်သားစပ်ခြင်းဆိုသည်မှာ နို့ထွက်နှုန်းအသင့်အတင့် ကောင်းမွန်သော ဒေသနွားမများကို နိုင်ငံခြားမျိုးစပ်/မျိုးစစ် နွားသိုးနှင့် သားစပ်ခြင်းကို ဆိုလိုပါသည်။

- ၄င်းဒေသနွားမများကို အရည်အသွေးမြင့်မားသော နိုင်ငံခြားနွားမျိုးချောင်းများ ၁၀၀% (သို့) ၇၅% နှင့် မေထုန်မဲ့သားစပ်ခြင်းများ ဆောင်ရွက်နိုင်ပြီး ပေါက်ပွားလာသော မျိုးစပ်နွားမ များသည် မိခင်ထက်နို့ထွက်နှုန်း ပိုမိုမြင့်မားကြသည်။

- မျိုးရိုးနှင့် ကျွေးမွေးစောင့်ရှောက်မှုပေါ်မူတည်၍ ၅၀% ဖရီရှန်စပ် နွားမဒါန်းသည် နို့  ၅ ပိဿာမှ ၆ ပိဿာအထိ ထုတ်လုပ်နိုင်ပါသည်။

 

သားစပ်ခြင်း နည်းလမ်းများမှာ -

၁။ မျိုးတူသားစပ်ခြင်း(Pure breeding)

၂။ မျိုးကွဲသားစပ်ခြင်း(Cross breeding)

၃။ မျိုးနည်းသားစပ်ခြင်း(Inbreeding) ဟူ၍ (၃)မျိုး ရှိကြပါသည်။

(အထက်ပါသားစပ်ခြင်းများအား သဘာဝသားစပ်နည်းဖြင့်လည်းကောင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့်လည်းကောင်း သားစပ်နိုင်ပါသည်။)

- နွားမဒါန်းတွင် သားစပ်ရန်အကောင်းဆုံးအသက်အရွယ်မှာ ၁၅ လမှ ၁၈ လကြားဖြစ်သည်။

- နွားမတစ်ကောင်၏ မြိုင်ပေါ်ကာလမှာ ၃ ရက်ခန့်ဖြစ်ပြီး မြိုင်ကြားကာလမှာ ၂၁ ရက် ဖြစ်ပါသည်။

- နွားမတစ်ကောင်၏ ဇီးကာလမှာ ၂၈၀ ရက်မှ ၂၈၅ ရက် ဖြစ်ပါသည်။

- နွားကလေးမွေးပြီး ၂ လမှ ၃ လအတွင်း နွားမကြီးအား နောက်တစ်သား စပ်နိုင်ရပါမည်။

- နွားငယ်လေးများကို အသက် ၆ လမှ ၈ လအတွင်း သားခွဲပေးရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်