မိုခါမုန်တိုင်းကြောင့် အလယ်ပိုင်းဒေသနှမ်းခင်းများပျက်စီးခဲ့ပြီး နှမ်းဈေးများမြင့်လာ
မိုခါမုန်တိုင်းကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့ရှိမြို့နယ်အချို့မှာ နှမ်းခင်းများရေဝင်ပျက်စီးမှုများရှိခဲ့တဲ့အတွက် တောင်သူများအခက်ကြုံလျက်ရှိနေပြီး ဈေးကွက်အတွင်းမှာတော့ နှမ်းဈေးနှုန်းတွေမြင့်တက်လာနေတယ်လို့ နှမ်းစိုက်ပျိုးသူများနှင့်ကုန်သည်များထံကနေ သိရပါတယ်။

မိုခါမုန်တိုင်းကြောင့် ပွင့်ဖြူ၊ စလင်း၊ ပုလဲတို့အပါအဝင် မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့နယ်များအများစုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး နှမ်းခင်းများရေဝင်ပျက်စီးခြင်းများ ရှိခဲ့တာပါ။
" စိုက်ထားတဲ့ တစ်လသားတွေအကုန် ရေထဲပါသွားပါပြီ။ ကျွန်တော်တို့ဒေသဘက်က နှမ်းခင်းအကုန်လုံးနီးပါးပျက်တာပါ။ ဘာတတ်နိုင်မှာလဲ။ အများနဲ့ဆိုတော့။ ဒါပေမဲ့ ရင်းထားတာတွေအကုန်ပါသွားတော့ အခက်ကြုံရတာပေါ့ဗျာ။ တချို့လည်း အောက်မှာရေမကျန်ဘူးဆို အဆင်ပြေတယ်။ လဲတာတွေ ပြန်မတ်ရင်လေ။ အခုက အကုန်ပါသွားတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ဒုက္ခရောက်တာပေါ့ဗျာ။ ပြန်စိုက်ဖို့ ပြန်ပြင်ဆင်ရဦးမယ် ။ဈေးတက်လာတယ်လည်း ကြားပါတယ်။ လက်ရှိ နှမ်းလက်ထဲရှိတာတော့ လှောင်လက်တွေပါ။ တောင်သူကတော့ ရာသီကြောင့်ထိခိုက်လည်းခံရတာပေါ့နော်" လို့ စလင်းမြို့နယ်က နှမ်းသုံးဧကစိုက်ပျိုးထားသူ ဦးသိန်းဇော်ကပြောပါတယ်။
အဆိုပါမိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မန္တလေးပဲနှမ်းဈေးကွက်အတွင်း ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကုန်သည်များထံက သိရပါတယ်။
" အရောင်းအဝယ်ကလည်းကောင်းတယ်။ လက်ရှိ တရုတ်ကဝယ်နေတယ်။ နောက် မုန်တိုင်းကြောင့် နှမ်းခင်းတွေပျက်ကြတဲ့အတွက် ဈေးတက်လာတယ်။ နှမ်းကစိုက်ထားတဲ့ဧရိယာကတော့များတယ်။ အဓိကကတော့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲက မြို့နယ်တွေမှာပေါ့။ အခုထိတာက ဧပြီလောက်ကစိုက်တာတွေထိတာပါ။ အပျက်စီးရှိတော့အထွက်နှုန်းလျော့မှာဆိုတော့ ဈေးကောင်းက ဆက်ရနေဦးမှာပါပဲ" လို့ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းမှ ဒုတိယဥက္ကဌ ဦးမျိုးဆွေက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ နှမ်းကိုအဓိကစိုက်ပျိုးပြီး သက်လျင်၊ သက်လတ်၊ သက်ကြီးမျိုးများအဖြစ် စိုက်ပျိုးလေ့ရှိကာသက်တမ်းအားဖြင့် ရက် ၆၀ မှ ၁၅၀ ရက်အထိရှိတယ်လို့ သိရပါတယ် ။
နှမ်းလျင်အား မိုးကြိုစိုက်အဖြစ် ဖေဖော်ဝါရီလမှမတ်လအတွင်းစိုက်ပျိုးလေ့ရှိပြီး မိုးစိုက်အဖြစ်တော့ မေနှင့်ဇွန်လများမှာ စိုက်ပျိုးလေ့ရှိကာ လယ်သီးထပ်အဖြစ် အောက်တိုဘာနှင့် နိုဝင်ဘာလတွေမှာ စိုက်ပျိုးလေ့ရှိတယ်လို့ သိရပါတယ်။
နှမ်းဟာ မျိုး၊ မြေ၊ စိုက်နည်းစနစ်၊ သွင်းအားစု၊ ပြုစုနိုင်တဲ့အပေါ်မှာ မူတည်ပြီး တစ်ဧကလျှင် (၃-၂၀) တင်းအထိ ထွက်ရှိနိုင်တယ်လို့လည်း သိရပါတယ် ။
နန္ဒီ
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Thet..
လွန်ခဲ့သော ၃ နှစ် ကကျွန်တော်ကတော့ပြန်လည်မစိုက်နိုင်တော့ပါဘူးဗျာစရိတ်မတတ်နိုင်တော့လို့ရတာလေးနဲ့ပဲကျေနပ်ရတာပေါ့။
ဆက်စပ်ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
ဆက်စပ်မေးခွန်းများ
ပိုးသတ်ဆေး/မှိုသတ်ဆေး ဆေးအုပ်စုခွဲးနည်းလေးသိချင်ပါတယ် သိတဲ့ ဆရာများဖြေကြားပေးပါအုံးဗျာ🙏🙏🙏
koHein Htet Soe • ဖြေကြားချက် 0 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု
TBL9 မျိုး ခြံမြေ၁ဧကခွဲအတွက် ခုတ်ဖုံးလုပ်မှာပါ လုပ်နည်းများပြောပြကြပါ ခြံမြေက မြက်တေကိုပေါင်းသက်ဆေးဖြန်းထားပါတယ်ခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု
ဆာဖိုးသာစပါးစျေးလေးဘယ်စျေးပေါက့်လည်း
ဇင်ကိုလတ် • ဖြေကြားချက် 1 ခု
ကြဲသားစပါးခင်းထဲက မြက်မုံညင်းကို မည်သည့်ပေါင်းသတ်ဆေးနဲ့ဖျန်းရမလဲခင်ဗျ
မောင်ငွေတိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from နန္ဒီ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....