အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သင်္ဘောပင် ဖိုမလိင်စုံ ခွဲခြား အသီးတင်စေလိုသော်..

သင်္ဘောပင် ဖိုမလိင်စုံ ခွဲခြား အသီးတင်စေလိုသော်..

သင်္ဘောစိုက်ပျိုးရာတွင် များသောအားဖြင့် သင်္ဘောသီး၏ အစေ့များမှ မျိုးချန်၍ စိုက်တတ်ကြသည်။ သို့ရာတွင် သင်္ဘောသီး အတွင်းတွင် အဖိုပင်ဖြစ်လာမည့်အစေ့များ၊ အမပင်ဖြစ်လာမည့်အစေ့များ၊ လိင်စုံပင်များ စသည်ဖြင့် ရှိတတ်သည်။ ထို့ကြောင့် အပင်၏ လိင်ပေါ်မူတည်၍ အပင်တိုင်းအသီး မသီးပါ။

သင်္ဘောပင်၏ သဘာဝအရ အကြမ်းဖြင်းအားဖြင့် လိင် အမျိုးအစားသုံးမျိုးရှိသည်။ 

အဖိုပင် 

သင်္ဘောအဖိုပင်မှာ ပုံမှန်အနေအထားအရ အသီးမတင်ပါ။ ပန်းခိုင်ရိုးတံများမှာ အလွန်ရှည်လျားပြီးအပင်မှ ပင်စည်အရွက်များနဲ့အပြိုင် ဖြာထွက်နေတတ်သည်။ ပန်းပွင့်မှာလည်း သေးငယ်၍ အောက်ခံသန္ဓေအိမ်မပါပါ။ အပွင့်ထဲတွင်လည်း ပန်းဝတ်မှုံအိတ် အဝါရောင်အဖတ် ဆယ်ခုပါရှိသည်။

အမပင်

အသီးသီးနိုင်သောအပင်ဖြစ်သည်။ အမပွင့်ခိုင်များမှာ အရွက်ထိပ်ထိ မထွတ်ပါ။ အမပွင့်များမှာ ပင်စည်နဲ့ကပ်၍ထွက်သည်။ အပွင့်အရွယ်အစားကြီး၍ အပွင့်အောက်တွင် ဖောင်းနေသောသန္ဓေအိမ်ပါရှိသည်။ အမပွင့်များကိုသယ်ဆောင်ထားသော ရိုးတံတိုသည် အဖိုပင်မှ ဝတ်မှုံကူးခြင်းမရှိဘဲ အမပင်တစ်ပင်တည်းထားလျှင် သီးလာသောအသီးမှာ အစေ့များမပါတတ်ပါ။ အကယ်၍ ဝတ်မှုံကူးပြီး အသီးရလာပါက အသီးတွင် အစေ့များပါပြီး ပုပုဝိုင်းဝိုင်းပုံစံ ရှိသည်။

လိင်စုံပင် 

သင်္ဘောလိင်စုံပင်ကို နှစ်မျိုးခွဲခြားနိုင်သည်။

၁။ အဖိုပွင့် အမပွင့်သီးခြားစီ နှစ်မျိုးလုံးပါသောအပင် 

ဤအပင်တွင် အဖိုအင်္ဂါပါသော အဖိုပွင့်နှင့် အမအင်္ဂါပါသော အမပွင့်သပ်သပ်စီခြား၍ တစ်ပင်တည်းတွင်အတူပွင့်သည်။ ထို့ကြောင့် ဝတ်မှုံကူးလွယ်သည်။ အသီးသီးမြန်သည်။ ပြွန်ပုံစံ ရှည်ရှည်အပွင့်များကိုထုတ်သည်။ အပွင့်အောက်တွင် သန္ဓေအိမ်ပါသည်။

၂။ တစ်ပွင့်တည်းတွင့် အဖိုအင်္ဂါရော အမအင်္ဂါပါ ပါသောအပင် 

ဤအပင်တွင် အဖို အမ အပွင့်သီးသန့် ခွဲမပါနေပဲ အပွင့်တစ်မျိုးသာပွင့်ပြီး ထိုအပွင့်တွင် လိင်နှစ်မျိုးလုံးပါသည်။ ထိုအတွက့်အသီးအများဆုံးရနိုင်သောအပင်ဖြစ်သည်။ အပွင့်ကိုခွဲကြည့်ပါက အဖိုဝတ်မှုံအိတ်ဖတ်ရော၊ အမဝတ်မှုံခံတိုင်နှင့် သန္ဓေအိမ်ရော နှစ်မျိုးလုံး တစ်ပွင့်တည်းတွင်ပါသည်။

 

မိမိတို့စိုက်ပျိုးထားသော အပင်များ၏ လိင်အမျိုးစားပေါ်လိုက်ပြီး သင်္ဘောပင်ကို အသီးတင်အောင် အောက်ပါအတိုင်းဆောင်ရွက်သင့်သည်။ 

အဖိုပင်ဆိုလျှင် အပင်ခြေကို သပ်ရိုက်၍ (အပင်မသေလောက်သောအနေအထားဒဏ်ရာပေးခြင်း) လည်းကောင်း၊ အမပင်နှင့်အတူစိုက်ပေး၍သော်လည်ကောင်း အသီးရရှိစေနိုင်သည်။

လိင်စုံဖြစ်ပါက အထူးတလည် ဝတ်မှုံကူးပေးရန်မလိုပါ။

ဈေးကွက်ထဲတွင် မျိုးစေ့ကုမ္ပဏီများမှာ သင်္ဘောအစေ့များကို လိင်စုံပင်သီးသန့်ရွေးချယ် အသီးသီးနိုင်ပြုပြင်ဖန်တီးပြီးထုတ်လုပ်သော အစေ့များလည်းရှိသည်။ ယုံကြည်စိတ်ချရသော အစေ့များကို ဈေးကွက်မှ  ဝယ်ယူပြီးလည်း စိုက်ပျိုးနိုင်သည်။

ဖုန်းမာန်တိုး (ရေဆင်းရနံ့)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

7
ဦးအေးမင်းထွန်း

ဦးအေးမင်းထွန်း

လွန်ခဲ့သော ၄ လ က

သ‌ဘ်ောပင်ပျိုးနည်းလေးတင်ပေးပါ

thaung nyunt

thaung nyunt

လွန်ခဲ့သော ၂ နှစ် က

အသီးတွေထွက်လာ မြေဩဇာ ကြွေးဘို့လိုပါသလား ဘာမြေဩဇာကြွေးရမလည်း

အရှင်စန္ဒာဝရ

အရှင်စန္ဒာဝရ

လွန်ခဲ့သော ၃ နှစ် က

စမ်းကြည့်ရမယ်

‌Kohtet

‌Kohtet

လွန်ခဲ့သော ၃ နှစ် က

အပင်ပျိုးထားတာ45ရက်တောရှိပီအကိုမြေပေါာချစိုက်လိုရအစင်ပြေလောက်ပီလား

kyawzinlatt

kyawzinlatt

လွန်ခဲ့သော ၄ နှစ် က

သပ်ရိုတ်တယ်အသိးမတင်ဘူး

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။