အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကူးစက်မြန် သေနှုန်းမြင့် ကြက်လည်လိမ်ရောဂါကို ကာကွယ်ကုသနည်း

ကူးစက်မြန် သေနှုန်းမြင့် ကြက်လည်လိမ်ရောဂါကို ကာကွယ်ကုသနည်း

Green Way
Green Way • 25/08/2022

 

ကြက်မွေးမြူရေးလုပ်ငန်း အောင်မြင်မှုကို အဟန့်အတားဖြစ်စေသည့် အကြောင်းအရာများအနက် ကူးစက်ရောဂါသည် အဓိက ပါဝင်လျက်ရှိသည်။ ကူးစက်ရောဂါများကို မဖြစ်ပွားမီ ကြိုတင်ကာကွယ်မှုလုပ်ငန်းသည် အကောင်းဆုံးလုပ်ရပ် ဖြစ်သည်။ 

ယင်းကဲ့သို့ ကူးစက်တတ်သော ရောဂါများထဲမှ ကြောက်စရာကောင်းသည့် ရောဂါတစ်မျိုးဖြစ်သည့် ကြက်လည်လိမ်ရောဂါကို ကာကွယ်ကုသနည်းအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

ရောဂါကူးစက်ပျံ့နှံ့ပုံ

  • ကြက်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျံ့နှံ့ခြင်းကြောင့် ရောဂါဖြစ်ပွားသည်။
  • ရောဂါကူးစက်ပြန့်ပွားမှု လျင်မြန်ပြီး သေဆုံးမှုနှုန်းမြင့်မားသော ရောဂါတစ်မျိုးဖြစ်သည်။
  • ရောဂါဖြစ်ပွားသည့်ကောင်ရေ၏ ရာနှုန်းပြည့် သေဆုံးနိုင်သည်။
  • ကြက်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းထားပေးခြင်း မရှိလျှင် အရွယ်မရွေးရောဂါ ဖြစ်ပွားသေဆုံးနိုင်သည်။

ရောဂါလက္ခဏာများ

  • ရောဂါဝင်ရောက်ကူးစက်တတ်သော ကြက်များသည် မှိုင်ခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ အင်အားချိနဲ့ခြင်းများဖြစ်ပွားလျက် နောက်ဆုံး၌ အင်အားကုန်ခန်းပြီး သေဆုံးသွားသည်။
  • အချို့သော ရောဂါဖြစ်ပွားသည့် ကြက်များသည် မျက်နှာရောင်ရမ်းခြင်းဖြစ်ပြီး အစိမ်းရောင်ဝမ်းပျော့များ သွားသည်။
  • အခြားတွေ့ရသောလက္ခဏာများမှာ အာရုံကြောဆွဲခြင်း၊ လည်ပင်းလိမ်ခြင်းများ တွေ့ရသည်။

ကာကွယ်ခြင်းနှင့်ကုသခြင်း

ဤရောဂါကို ကြိုတင်ကာကွယ်ဆေး မျက်စဉ်းခပ်ပေးခြင်း (သို့မဟုတ်) ထိုးနှံပေးခြင်းဖြင့် ရောဂါကာကွယ်ထားနိုင်သည်။ 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အကြံပြုချက်

  • အပူဒဏ်ခံ ကြက်လည်လိမ်ရောဂါကာကွယ်ဆေး (I2) ကို ရက်သားကြက်ငယ်မှစ၍ အရွယ်မရွေး အသုံးပြုနိုင်သည်။ ကြက် (၁) ကောင်လျှင် ဆေးတစ်စက်နှုန်း မျက်စဉ်းခတ်ပေးရသည်။ ကြက်များကို (၄) လတစ်ကြိမ် မျက်စဉ်းခတ်ပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်သည်။
  •  ‘K’ အသားဆေးထိုးပေးခြင်းဖြင့်လည်း ရောဂါကာကွယ်နိုင်သည်။ (၆) လ တစ်ကြိမ်ထိုးရန် လိုသည်။

 

( Food Security Working Group မှ ထုတ်ပြီး မွေးမြူရေးပညာရှင် ဒေါက်တာစောပလယ်စော (ဒုတိယပါမောက္ခချုပ်(ငြိမ်း)) ရေးသားထားသည့် ‘ မြန်မာ့တိုင်းရင်းကြက် မွေးမြူနည်းလမ်းညွှန်’ စာအုပ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရေးသားသည့် ‘ တိုင်းရင်းကြက်မွေးမြူရေး ပိုမိုတိုးတက်အောင်မြင်စေရန် မွေးမြူနည်းစနစ်များ’ ဆောင်းပါးတို့မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

(မြန်မာ့တိုင်းရင်းကြက် မွေးမြူရေးနှင့်ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံပါဝင်သော ‘ မြန်မာ့တိုင်းရင်းကြက် မွေးမြူနည်းလမ်းညွှန်’ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့  ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
thaw

thaw

လွန်ခဲ့သော ၉ လ က

လူသုံးတဲ့မျက်စဥ်းဆေးပဲလာရှင့် ကြက်တွေအတွက်သီးသန့်ရောရှိလား

ငသက်

ငသက်

လွန်ခဲ့သော ၃ နှစ် က

ကာကွယ်နည်းပဲပါပြီး ရောဂါဖြစ်နေချိန်ကုသနည်းရောမရှိဘူးလားဗျာ

You

ဆက်စပ်မေးခွန်းများ

ဝက်ခြံမှာ သွေးဝမ်းတွေသားပြီး သေဆုံးတယ်အခါအသားတွေနီစက်စက်ဖြစ်လာတယ်ဗျ တစ်ခြားရွာထဲကမွေးကြတဲ့ဝက်တွေလေ ဝက်နားရွက်ပြပုံစံရယ်/ အောက်ပိုင်းသေပြီမသွားနိုင်တဲ့ပုံတွေဖြစ်နေတယ်ဗျ ခြံကိုဘလိုစီမံပြီး/ နောက်မဖြစ်အောင်ဘလိုကာကွယ်သင့်လည်းဗျ

Ko Zar • ဖြေကြားချက် 3 ခု

Diatomaceous Earth Food Grade ကို ရန်ကုန်မြို့အတွင်း ဘယ်ဆိုင်တွေမှာ ဝယ်လို့ရနိုင်လဲ သိချင်လို့ပါဗျ

Paing Linn • ဖြေကြားချက် 1 ခု

cpဝက်အဖုတေထွက်နေတာဘယ်လုပ်သင့်သလဲဘာကြောင့်အဖုတွေထွတ်တာလဲဖြေပေးပ့အုံးဘယ်ကုသရမလဲ့ဘဖြေပေးပါ

မကစ် • ဖြေကြားချက် 3 ခု

ကျွန်တော် ဆိတ်တွေ ဝမ်းပျော့တွေ တအားသွားနေလို့ပါ ဘယ်လိုဖြေရှင်းရမလဲ လမ်းညွှန်ပါအုန်း ဆရာတို့‌ရယ်။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

အိမ်မွေးကြက်ပါအစာမစားတစ်ကောင်ထဲကွဲထွက်နေပိးကုပ်နေလို့ဘာဆေးဝါးနဲ့ဘယ်လိုကုရမလဲ‌ဖြေပေးပါအုံးရှင့်

ပွင့်ဖြူသန့် • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။