ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပြီ

19/08/2022 12:36 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

💨🌦 ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်း 04B(FOUR)ဖြစ်လာပြီဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။

💨🌦 ‘ ကမ်းခြေနားနီးလာပြီး ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ကာနီးမှာ အားပိုကောင်းလာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်ရှိခဲ့တဲ့အတိုင်းပါဘဲ၊ INVEST-99B က အခု ဆိုင်ကလုန်းမုန်တိုင်း 04B(FOUR)ဖြစ်လာပါပြီ’ လို့ ဦးဝင်းနိုင်က ပြောထားတာပါ။

💨🌦 ‘ ကြိုတင်ခန့်မှန်းချက်များအတိုင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ဩရိဿကမ်းခြေကို ဒီနေ့(ဩဂုတ်လ ၁၉ ရက်)ညနေပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ JTWC ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်’ လို့လည်း ဦးဝင်းနိုင်က ပြောထားပါတယ်။

မုန်တိုင်းရဲ့သက်ရောက်မှုအနေနဲ့ အရင်ဆုံးအနေနဲ့ ကမ်းရိုးတန်းတွေကို ရိုက်ခတ်မှာဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံး၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ဧရာဝတီကမ်းရိုးတန်းတစ်လျှောက်၊ မွန်နဲ့ တနင်္သာရီမြောက်ပိုင်းအဲ့ဒီနေရာတွေမှာ လေပြင်းကျ၊ မိုးကြီးတာတွေဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က Green Way ကတဆင့် မနေ့ကတည်းက ခန့်မှန်းပြောကြားထားပါတယ်။

ဒါပေမဲ့ တနင်္သာရီကမ်းရိုးတန်းက တော်တော်လေးလွတ်သွားမှာဖြစ်သလို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်တွေကိုလည်း သက်ရောက်နိုင်ခြေ မရှိသလောက်ဖြစ်တယ်လို့ ဦးဝင်း နိုင်က ခန့်မှန်းပြောကြားထားပါတယ်။

🌧🌦 မုန်တိုင်းအရှိန်သက်ရောက်နိုင်တဲ့ဒေသတွေကတော့  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတစ်ခုလုံး၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံး၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတစ်ခုလုံးနဲ့ မွန်၊ တနင်္သာရီမြောက်ပိုင်း၊ ကယားပြည်နယ်တွေ ဖြစ်ပြီး အဲ့ဒီဒေသတွေမှာ လေပြင်း၊ မိုးကြီးတာတွေဖြစ်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားထားပါတယ်။

Photos Crd_U Win Naing

✅ (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်