ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပြီ

19/08/2022 12:36 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

💨🌦 ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်း 04B(FOUR)ဖြစ်လာပြီဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။

💨🌦 ‘ ကမ်းခြေနားနီးလာပြီး ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ကာနီးမှာ အားပိုကောင်းလာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်ရှိခဲ့တဲ့အတိုင်းပါဘဲ၊ INVEST-99B က အခု ဆိုင်ကလုန်းမုန်တိုင်း 04B(FOUR)ဖြစ်လာပါပြီ’ လို့ ဦးဝင်းနိုင်က ပြောထားတာပါ။

💨🌦 ‘ ကြိုတင်ခန့်မှန်းချက်များအတိုင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ဩရိဿကမ်းခြေကို ဒီနေ့(ဩဂုတ်လ ၁၉ ရက်)ညနေပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ JTWC ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်’ လို့လည်း ဦးဝင်းနိုင်က ပြောထားပါတယ်။

မုန်တိုင်းရဲ့သက်ရောက်မှုအနေနဲ့ အရင်ဆုံးအနေနဲ့ ကမ်းရိုးတန်းတွေကို ရိုက်ခတ်မှာဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံး၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ဧရာဝတီကမ်းရိုးတန်းတစ်လျှောက်၊ မွန်နဲ့ တနင်္သာရီမြောက်ပိုင်းအဲ့ဒီနေရာတွေမှာ လေပြင်းကျ၊ မိုးကြီးတာတွေဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က Green Way ကတဆင့် မနေ့ကတည်းက ခန့်မှန်းပြောကြားထားပါတယ်။

ဒါပေမဲ့ တနင်္သာရီကမ်းရိုးတန်းက တော်တော်လေးလွတ်သွားမှာဖြစ်သလို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်တွေကိုလည်း သက်ရောက်နိုင်ခြေ မရှိသလောက်ဖြစ်တယ်လို့ ဦးဝင်း နိုင်က ခန့်မှန်းပြောကြားထားပါတယ်။

🌧🌦 မုန်တိုင်းအရှိန်သက်ရောက်နိုင်တဲ့ဒေသတွေကတော့  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတစ်ခုလုံး၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံး၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတစ်ခုလုံးနဲ့ မွန်၊ တနင်္သာရီမြောက်ပိုင်း၊ ကယားပြည်နယ်တွေ ဖြစ်ပြီး အဲ့ဒီဒေသတွေမှာ လေပြင်း၊ မိုးကြီးတာတွေဖြစ်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားထားပါတယ်။

Photos Crd_U Win Naing

✅ (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်