မိုးသက်လေပြင်းကျနိုင်သည့်ဒေသများထဲတွင် အလယ်ပိုင်းဒေသများ ပါဝင်လာ

10/03/2023 09:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မနေ့ည မတ်လ ၉ ရက် ည ၈ နာရီခွဲအချိန်မှာရရှိတဲ့ ECMWF Forecast Model ရဲ့ ကြိုတင်ခန့်မှန်း ချက်အရ မတ်လ ၁၃ ရက်နေ့မှာ မိုးသက်လေပြင်းကျနိုင်တဲ့ဒေသတွေထဲ မြန်မာပြည်အလယ်ပိုင်းဒေသ တွေဖြစ်တဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ပါဝင်လာတယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက် တွေကို ကိုးကားပြီးမိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက - ရွှေဘို၊ ဝက်လက်၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ကျောက်ဆည်၊ နထိုးကြီး၊ မြင်းခြံ၊ မြင်းမူ၊ မလှိုင်၊ ဝမ်းတွင်း၊ တောင်သာနဲ့ ရေစကြိုမြို့နယ်များမှာ မတ်လ ၁၃ ရက် ညနေပိုင်း"မှာ မိုးသက်လေပြင်းကျရောက်နိုင်ပြီး လေပြင်းတစ်နာရီ ၁၅ မိုင်ကနေ ရုတ်တရက် ဆောင့် တိုက်တဲ့လေပြင်း - wind gust တစ်နာရီမိုင် ၅၀ နီးပါးခန့်အထိ တိုက်နိုင်ကြောင်း တွေ့ရပါတယ် လို့ ဦးဝင်းနိုင်က ပြောထားတာပါ။ အဲ့ဒီထဲက ဒေသအချို့မှာတော့ စစ်ဘေးရှောင်နေရသူတွေ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“ အခုည update အတိုင်းဆို ၁၃ ရက်နေ့ မနက်ပိုင်းမှာ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ဧရာဝတီလဲ မိုးသက် လေပြင်းကျနိုင်မဲ့ဒေသထဲပါတယ်။ အလယ်ပိုင်းတွေလောက်တော့ မများဘူးပေါ့။ သတိထားရမဲ့ နေ့ တစ်နေ့ဖြစ်လာနိုင်တယ်” လို့ ဦးဝင်းနိုင်က မနေ့ညပိုင်း (မတ် ၉) တုန်းက Green Way ကို ပြောထားပါတယ်။

ထိုင်းနိုင်ငံဘက်ကနေ ဖြတ်ဝင်လာမဲ့ အရှေ့မြောက်ဘက်က လေဖိအားများရပ်ဝန်းကြီးနဲ့ လေပွေလှိုင်းများရွေ့လျားဝင်ရောက်လာနိုင်မဲ့အခြေ အနေတွေကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေရှိလာနိုင်တာဖြစ်ပြီး ယခင်ရက်တွေက ခန့်မှန်း ချက်တွေအရတော့ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့လောက်သာ မိုးများနိုင်တာဖြစ်ပေမဲ့ နောက်ဆုံးမိုးလေဝသ ထုတ်ပြန်ချက်တွေအရတော့ သက်ရောက်နိုင်မှုတွေထဲမှာ အလယ်ပိုင်းဒေသတွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်မှုလုပ်ရမဲ့သူများ လုပ်ချိန်ရဖို့ Green Way အနေနဲ့ နောက်ဆုံးအခြေအနေတွေကို ဦးဝင်းနိုင်ထံမေးမြန်းပြီး တောက်လျှောက်တင်ပေးသွားမှာဖြစ်ပြီး ဒီနေ့ညနေပိုင်း Update အခြေအနေကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photos Crd_U Win Naing

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်