တစ်ပတ်အတွင်း သတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ
‘ချောင်းရိုး မြောင်းရိုးသာ တိမ်ကောရိုးထုံးစံရှိမယ် မျိုးရိုးကတော့ မတိမ်ကောဘူး’ ဆိုသည့် ဆိုရိုးတစ်ခုရှိသည်။ ဆိုတော့ မျိုးရိုးဆိုသည် ကောင်းနေဖို့လိုသည်။ မျိုးရိုးဗီဇဆိုးတွေလည်း ပါမသွားဖို့လိုသည်။ မျိုးရိုးမကောင်းဘူးဆိုပါက သားစဉ်မြေးဆက် ခေါင်းမဖော်ဝံ့တော့သည့်အဖြစ်မျိုး ကြုံရနိုင်သည်။ ဂဠုန်ဦးစော၏ သမိုင်းအမှားတစ်ခုကြောင့် သူ့မျိုးဆက်တစ်ခုလုံး ယခုအချိန်ထိ နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားနေရသေးကြောင်း အင်တာဗျူးတစ်ခုတွင် ဖတ်ရဖူးသည်။ သူတို့မှာ ဘာအပြစ်မှတော့မရှိ။ သို့သော် အရိပ်မည်း၏လွှမ်းမိုးခြင်းကိုတော့ ခံနေရသည်ပင်။

သီးပင်စားပင်ပဲဖြစ်စေ မျိုးကောင်းတွေကိုသာ ဆက်ထိန်းချင်ကြပြီး မျိုးမကောင်းသည်များကိုတော့ မလိုလား ကြတာ သဘာဝပဲဖြစ်ပါသည်။ မျိုးမကောင်းရင်တော့ အနည်းဆုံး မျိုးမကောင်း၊ မျိုးမစစ်ဟု အပြော အဆိုခံရနိုင်သည်။ ဆိုတော့ မျိုးရိုးကောင်းများကို ထိန်းသိမ်းဖို့လိုသလို မျိုးရိုးမကောင်းများကိုလည်း မပြန့်ပွားအောင်လုပ်ကြဖို့ လိုပါသည်။
ဒီတော့ မျိုးကောင်းတွေကို ဆက်ထိန်းနိုင်ဖို့အတွက် တထေရာတည်းရနိုင်မည့် ကလုံးဆိုသည့် ပုံတူမျိုးပွားခြင်း များကို တီထွင်လာကြသည်။ ယခု ဖေဖော်ဝါရီလဆန်းမှာပဲ တရုတ်သိပ္ပံပညာရှင်တွေဟာ သာမန်နို့စားနွားမ တွေထက် နို့ထွက်နှုန်း အများကြီး ပိုကောင်းတဲ့ နွားမတစ်ကောင်ကနေ ပုံတူမျိုးပွားထားတဲ့ နွားမ (cloned super cow) သုံးကောင်ကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပြီဟု ဆိုသည်။
ပြီးခဲ့သည့် တနင်္လာနေ့က Green Way တွင်ဖော်ပြခဲ့သည့် ကမ္ဘာတလွှားစိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းများ ထဲမှာ ဒီသတင်းအပါအဝင် သတင်းသုံးပုဒ်ကို ဒေါက်တာသက်ခိုင်က ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ တစ်နှစ် ကို နွားနို့ ၁၈ တန်ထိထုတ်နိုင်သည့် ဖရီရှန်နို့စားနွားမမျိုးကနေ သူနဲ့တထေရာတည်းတူသည့် နွားကလေး သုံးကောင်ကို ပုံတူမျိုးပွားယူခဲ့ခြင်းဖြစ်သည်။ (မျိုးမကောင်းသည့်နွားများကိုတော့ သူတို့လည်း ပုံတူပွားလိမ့်မည် မထင်ပါ)
ဒီလို ပုံတူမျိုးပွားနိုင်ခြင်းက အနာဂတ်မွေးမြူရေးကဏ္ဍအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမလဲ၊ တရုတ်နိုင်ငံရဲ့စီးပွားရေးအတွက် ဘယ်လိုအကျိုးပြုမှုတွေရှိလာနိုင်လဲ၊ ဘယ်လောက်အထိ ထပ်ပွားဖို့လုပ်နေလဲ ဆိုတာတွေကိုသိချင်ရင်တော့ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
“ပြည်တွင်းမှာလူမရှိဘဲနဲ့ ဒီနိုင်ငံက ဘယ်လိုတိုးတက်လာမလဲ” တဲ့။ Borderless Myanmar ရဲ့ စီအီးအို ဂျပန် လူငယ်လေးတိုမိုက အင်တာဗျူးတွင် ပြောလိုက်သည့်စကား။ သူကတော့ မြန်မာနိုင်ငံမှာ Borderless Japan နောက်ခံအကူအညီများကို ရယူခြင်းဖြင့် တောင်သူအကျိုးပြုစီးပွားရေးတွေကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
ဆိုတော့ ပြည်တွင်းမှာလူငယ်တွေမနေချင်ကြတော့က ဘာကြောင့်ပါလဲ။ အားလုံးသိသည့်အဖြေဖြစ်သည်။ “ ဒါပေမဲ့ သူတို့အခက်အခဲကို နားလည်ပါတယ်” ဆိုပြီးလည်း ဂျပန်လူငယ်လေးက ဆက်ပြောပါသည်။ သူများ နိုင်ငံသွား သူတို့နိုင်ငံသားတွေမလုပ်ချင်သည့် 3D (Dangerous, Difficult, Dirty - အန္တရာယ်ရှိ, ခက်ခဲ, ညစ်ပတ်) ဆိုသော အလုပ်များကို ပျော်လို့ လုပ်နေကြသည်ဟုတော့ မိမိမထင်ပါ။ ဒီနိုင်ငံအတွင်းမှာ အစွမ်းကုန်ကြိုးစားမယ်ဆိုရင်တောင် လူလိုသူလို ဖြစ်ရန်မသေချာသည့် အခြေအနေတစ်ခုကြောင့်သာ နိုင်ငံစွန့်ခွာစွန့်စားကြခြင်းမျိုးက အများစုပါ။
ဆိုတော့ ‘ ဦးနှောက်ယိုစီးမှု (Brain drain) ကြောင့် နိုင်ငံမတိုးတက်။ သူတို့တွေမယိုစီးဖို့ လုံလောက်သည့် အခြေအနေတစ်ခုကိုကျ မဖန်တီးပေးနိုင်၊ မျက်ဖြူဆိုက်မှ ကြိုက်ကြသူဆရာအချို့ကလည်း လိုချင်သည့်အခြေအနေများကို ဖန်တီးယူ။ ဒီတော့ လူငယ်တွေက နိုင်ငံကထွက်သွားဖို့ပဲ ကြိုးစား၊ ဆိုတော့ ဂျပန်လူငယ်လေးပြောသလို ပြည်တွင်းမှာလူမရှိတော့၊ အဲ့ဒီလိုလူမရှိတော့ နိုင်ငံက မတိုးတက်’ ဆိုပြီး ဂျာအေးသူ့အမေရိုက် တိုင်ပတ်ကုန်သည်။ လောလောဆယ်တော့ ပတ်စ်ပို့လုပ်ပေးခြင်းများကို ကန့်သတ်လိုက်၍ နိုင်ငံခြားထွက်အလုပ်လုပ်ချင်သူတွေပင် မလွယ်ကူကြပါ။
ထားတော့။ ဂျပန်လူငယ်လေးအကြောင်း ပြန်ဆက်ပါမည်။ သူက နိုင်ငံခြားလည်းမထွက်နိုင်၊ အခက် အခဲလည်း ရှိနေသူများကို သူ့နည်းသူ့ဟန်ဖြင့် အလုပ်အကိုင် ဖန်တီးပေးလိုခြင်းဖြစ်သည်။ ဘယ်လိုတွေ ဖန်တီးပေးချင်တာလဲ အပြည့်အစုံကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ပြီးခဲ့သည့်အပတ်အတွင်း ပိုပြီးလှုပ်လှုပ်ရှားရှား ဖြစ်လာသည်က ဆန်ဈေးများဆက်တက်နေခြင်းပင်။ ပြည်ပပို့ကုန်ပဲမျိုးစုံဈေးတွေ တက်ခြင်းက တောင်သူများအတွက်ကောင်းပြီး တခြားသူများအတွက် ထိခိုက်မှုနည်းနိုင်သော်လည်း ဆန်ဈေးတွေတက်ခြင်းကတော့ အခြေခံလက်လုပ်လက်စားသမားများအတွက် ပြဿနာ ဖြစ်သွားသည်။ လယ်သမားများအတွက် ထူးပြီးကောင်းလာသည်မျိုးလားဆိုတော့လည်း မဟုတ်ပြန်။ လောင်စာဆီ၊ အခြားသွင်းအားစု၊ အခြားကုန်ဈေးနှုန်းတွေကိုက တက်နေတော့ အရမ်းကြီးမထူးလှ။ ဝယ်လှောင်ထားနိုင်သည့် ကုန်သည်တွေအတွက်တော့ အကျိုးရှိကြသည်။
လယ်သမားကြီးတစ်ဦးကတော့ ‘ ကလေးနို့မှုန့်ဖိုးကစလို့ တခြားသွင်းအားစုတွေ၊ ကုန်ဈေးနှုန်းတွေသာ မတက်ပါစေနဲ့၊ သူတို့ ဆန်ဈေးတွေလည်း မတက်ချင်ပါဘူး’ လို့ ပြောကြားထားတာမျိုး ဖတ်လိုက်ရသည်။ ဆိုတော့ အရင်းစစ်တော့ အမြစ်မြေကပါပဲ။ အမြစ်ကိုလှန်ထုတ်နိုင်ပြီး အားလုံးအဆင်ပြေကြပါစေဟုသာ ဆုတောင်းလိုပါတော့သည်။
ဒီတစ်ပတ်တော့ ဒီမျှနှင့်ပဲ နိဂုံးချုပ်ပါရစေ။ ဒီနေ့ကျရောက်သော ပြည်ထောင်စုနေ့ကစလို့ ပြည်ထောင်စု တိုင်းရင်းသားပြည်သူအပေါင်းနဲ့ တောင်သူဦးကြီးများအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုလားတောင့်တသော အစစ်အမှန်ပြည်ထောင်စုကြီးကို ပိုင်ဆိုင်နိုင်ခွင့်ရကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ချိုကြီး • ဖြေကြားချက် 0 ခု
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 0 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....